bap-logo
Data

စစ်ကောင်စီက နှစ်လယ်ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၄ ထောင်ကျော် ရောင်းချမည်

H9OPRK3NoeivbEIfpzK7v-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၂၁။

 

စစ်ကောင်စီက လက်ရှိကျင်းပနေသည့် နှစ်လယ်ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ,၄၈၅ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်သည်။

 

အဆိုပါရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၃၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ,၀၂၅ တွဲ ရောင်းချသွားမည်ဟု ဆိုသည်။

 

လက်ရှိ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၈ ရက်အထိ ခင်းကျင်း ရောင်းချသွားမည် ဟုလည်း သိရသည်။

 

ပုလဲနှင့် ကျောက်မျက်အတွဲတို့ကို ပြည်ပရတနာကုန်သည်များက ကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ တို့ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ပြည်တွင်း ရတနာကုန်သည်များက ကျပ်ငွေဖြင့် ဝယ်ယူရမည်ဟု သတ်မှတ် ထားသည်။

 

ကျောက်စိမ်းအတွဲ(၅၀၀) ပါဝင်သည့် အုပ်စု (အေ) ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက အမေရိကန် ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ် ငွေစသည့် နိုင်ငံခြားငွေဖြင့်သာ ဝယ်ယူရမည်ဟု စစ်ကောင်စီ ကျောက် မျက် ရတနာအသင်းက သတ်မှတ်ထားသည်။

 

ဒါ့အပြင် ကျောက်စိမ်းအတွဲ (,၇၉၂) တွဲ ပါဝင်သည့် အုပ်စု (စီ) ကို ပြည်တွင်း ရတနာကုန်သည်များကသာ ကျပ်ငွေဖြင့် ပေးချေဝယ်ယူခွင့်ရှိကြောင်း သိရသည်။

 

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်အဖြစ် တစ်ဖက်တစ်လှမ်းက ပါဝင်နေသည့် မြန်မာ့ကျောက်မျက် အသင်းကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ဖျက်သိမ်းကြောင်း ယခုနှစ် စက်တင်ဘာ ၁၇ ရက်က ကြေညာထားသည်။

 

ပုံစာ- လက်ရှိကျင်းပနေသည့် နှစ်လယ်ကျောက်မျက်ရတနာပွဲတွင် တွေ့ရ သည့် အာဏာသိမ်းစစ်ခေါင်းဆောင်

 

Burma Associated Press

မြန်မာကျောက်မျက်အသင်း
စစ်ကောင်စီ

Share With
bap-logo