bap-logo
Data

PDF များက မြန်မာ့မီးရထားလုပ်ငန်းတွင် ဖျက်ဆီးမှု ၂၀၀ နီးပါး ပြုလုပ်ခဲ့ဟု စစ်ကောင်စီဆို

BClw9LAYsXXXBSRq9ISuF-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၈။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်-PDFနှင့် ပူးပေါင်းအဖွဲ့များက ရထားလမ်းနှင့် ရထားဘူတာ၊ ရထားတံတားများ၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များကို မီးရှို့ မိုင်းခွဲခြင်း အကြိမ် ၂၀၀ နီးပါး ပြုလုပ်ထားသည်ဟု စစ်ကောင်စီ ယနေ့ထုတ် ဝါဒဖြန့် သတင်းစာတွင် ဖော်ပြ ထားသည်။

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်မှ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင် မိုင်းခွဲ/ တွေ့ရှိခြင်း ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

 

စစ်ကောင်စီက ပြည်သူများကို အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် မီးရထားလမ်းများကို အသုံးချပြီး သယ်ယူပို့ဆောင်မှုများ ပြုလုပ်နေသည့် အတွက် ဟန့်တားဖျက်ဆီးခြင်းများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု တော်လှန်ရေး အဖွဲ့များက ဖြေရှင်းထားမှုများရှိသည်။

 

ပုံစာ - ကချင်ပြည်နယ် ဟိုပင်မြို့နှင့် မိုင်ခန့်ဝေးသော တဝက်ချောင်း ရထားလမ်းကို ၂၀၂၁ ဧပြီလ က မိုင်းခွဲခံထားရစဉ် (ဓာတ်ပုံ- လူမှုကွန်ရက်)

 

Burma Associated Press

မြန်မာ
မီးရထား
ပြည်သူ့ကာကွယ်ရေးတပ်မတော်
အမျိုးသားညီညွတ်ရေးအစိုးရ
စစ်တပ်
စစ်ကောင်စီ

Share With
bap-logo