bap-logo
Politics

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့စွဲထားတဲ့အမှုတွေ ပိတ်သိမ်းတယ်ဆိုပေမဲ့ စရဖ က အမှုဖွင့် ထားသူအချို့ မလွတ်ခဲ့

H-XgHKTqO78WaTzV52OEz-image

လွန်ခဲ့သော တစ်နာရီ က

BAP၊ မတ် ၁၇။

 

စစ်အုပ်စုက မကြာသေးခင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ပတ်သက်တဲ့အမူတွေ ပိတ်သိမ်း‌ခဲ့တယ်လို့  ကြေညာခဲ့ပမယ့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ)က အမူဖွင့်ခံထားသူတွေ အများစုလွတ်မြောက်လာကြခြင်းမရှိဘူးလို့ ကိုယ်တိုင်ကြုံနေရတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင် တွေက ပြောပါတယ်။

 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ထောင်တွင်းအကျဉ်းကျနေသူတွေ တရားစွဲခံထားရသူတွေနဲ့ ဒီအမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို မတ်လ ၂ ရက်က အမူပိတ်သိမ်းခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ လက်ရှိတရားရင်ဆိုင် နေရသူတွေ ထောင်ကျနေသူတွေထဲမှာ စစ်ဖက်ဆိုင်ရာလုံခြုံးရေးတပ်ဖွဲ့(စရဖ)က တရားစွဲဆိုခံထားရသူအများစု မလွတ်သေးဘဲရှိနေတယ်လို့ ကိုယ်တိုင်ကြုံရသူတွက ပြောပါတယ်။

 

"စရဖစွဲထားအမူဆိုတော့ ရှေ့နေတွေက လုပ်ပေးလို့မရဘူး။ အတတ်နိူင်ဆုံးအကောင်းဆုံး လုပ်ပေးမယ် လို့ပြောတယ်။ အမူက စရဖ မပိတ်ပေးဘူး ၅၀/ညနဲ့ ၅၀၅ကို အမူပိတ်မပေးဘူး ညစ်နေတယ် သူတို့ ဘက်ပိတ်ပေးရင် ၅၀ ည နဲ့ထောင်ကျနေတဲ့ ကျွန်မယောက်ကျားကလွတ်တယ် ခုထိမလွတ်သေးဘူး"လို့ အင်းစိန်ထောင်အတွင်းကနေ အမူရင်ဆိုင် နေရသူတဦးရဲ့အမျိုးသမီးက ပြောပါတယ်။

 

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၄၈၇ ဦးကို မတ်လ ၂ ရက် မှာ အမှုပိတ်သိမ်းပေးလိုက်တဲ့စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါ့အပြင် အကြမ်းဖက်အမှုတွေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ချုပ်နှောင်ခံထားရသူ ၇,၃၃၇ ဦးကို ပြစ်ဒဏ်လျော့ပေါ့ပြီး လွတ်ငြိမ်းချမ်းသာပေးခဲ့ပါတယ်လို့ ကြေညာခဲ့တာပါ။

 

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့က မတ်လ (၄)ရက် ည(၈နာရီ) အထိ စုံစမ်းအတည်ပြုထားတဲ့စာရင်းအရ အကျဉ်းထောင် (၃၉)ထောင်ကနေ နိုင်ငံရေးအကျဉ်းသား (၄,၄၀၃) ဦး လွတ်မြောက်လာတယ်လို့ဆိုပါတယ်။

 

လာမယ့် မတ်လ ၂၇ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂ (က) တို့နဲ့ ထောင် ကျနေသူတွေကို ထပ်မံလွှတ်ပေးဖို့ရှိနေသးတယ်လို့ အကျဉ်းသားမိသားစုဝင်အချို့ကို ထောင် အာဏာပိုင် တွေက သတင်းပေးလိုက်တာမျိုးရှိနေတယ်လို့ အကျဉ်းကျခံနေရသူတွေရဲ့ မိသားစုဝင်တွက ပြောပါတယ်။

 

ဒါပေမယ့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က အမူဖွင့်ရသူတွေမပါဝင်သေးဘူးဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေတယ်လို့ ထောင်ကျ နေသူတဦးရဲ့ အစ်မတော်စပ်သူတဦးက ပြောပါတယ်။

 

"ကျွန်မညီမက ၅၀ ညနဲ့ ရော ၅၂ က နဲ့ နှစ်မူကျနေတာ သူတို့အတူတူကျခဲ့တဲ့ အဖွဲ့ထဲ တယောက်ပဲ လွတ်ငြိမ်းထဲပါသေးတယ်။ ကျန်တဲ့သူတွေက စရဖက အမူမပိတ်သးလို့ ထောင်ဖက်က မလွှတ်ပေး ရဲသေးတာလို့ ပြောတယ်။ နောက်တခါလွှတ်ရင်လဲ မပါနိုင်ဘူးလို့ ထောင်ဝင်စာတွေ့ချိန် ညီမလးက ပြောလိုက်တယ်။ မမျော်လင့်ရဲသေးဘူး။ ၅၀ ည ၅၂ က အမှုတွေအကုန်လွှတ်တာမဟုတ်ပါဘူး။ နာမည်ပါ တဲ့လူ အကုန်လွတ်ပါတယ်။ မပါတဲ့လူ ဘယ်နှနှစ် ကျန်ကျန် မလွတ်ဘူး" လို့ သူက ဆက်ပြောပါတယ်။

 

နိုင်ငံရးအမူတွကိုလိုက်ပေးနတဲ့ တရားလွှတ်တော်ရှေ့နေအချို့ကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ အမိန့်စာပါအချက်လက်တွက ရှင်းလင်း နေတာမို့လို့ မကြာခင်လွတ်လာလိမ့်မယ်လို့ဆိုပါတယ်။

 

စရဖက ဖမ်းဆီးတရားစွဲဆိုထားသူတွထဲက လွတ်ငြိမ်းချမ်းသာခွင့်ထဲမပါဝင်သူတွေဟာ အမျိုးသား ညီညွတ်ရေးအစိုးရက ရောင်းချခဲ့တဲ့ ငွေတိုက်စာချုပ်ဝယ်ယူလို့ ဖမ်းခံရသူတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို ထောက်ပို့လုပ်တယ်ဆိုပြီး စစ်လော်ဘီဟန်ငြိမ်းဦးဆိုတဲ့ တယ်လီဂရမ်ကတဆင့် ဖမ်းခိုင်းသူ တွေ အများစုဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

 

"ကျွန်မယောက်ကျားက ၅၀ ညနဲ့ ထောင်ကျတာ ၄ နှစ်ရှိပြီ ခုထိလွတ်တဲ့ထဲမပါသေးဘူး။ စရဖက တရားစွဲ ထားတာမို့မပါသေးဘူးလို့ပဲ အမျိုးသားကမှာလိုက်တယ်။ ဘယ်သူ့ကိုမေးလို့ မေးရမှန်းသိတော့ မျော်လင့်ချက်မထားတော့ဘူး။ စိတ်အရမ်းပင်ပန်းတယ်။ သူတို့လွတ်ငြိမ်းကြော်ငြာတဲ့သတင်းတွေကို ဘယ်လို နားလည် ရမှန်းတောင် မသိတော့ပါဘူး လို့" လို့ ၅၀ ည ပုဒ်မနဲ့ ထောင်ကျ နေသူတဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖော်ဝါရီလ ၁ ရက် ကနေ မတ်လ ၁၆ရက် အထိ မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀,၆၄၀) ဦးရှိပြီး ထိုအထဲမှ (၂၂,၄၃၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁,၂၈၆) ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အသိပေးထားပါတယ်။

 

 

Burma Associated Press 

အင်းစိန်ထောင်
နိုင်ငံရေးအကျဉ်းသား

Share With
bap-logo