bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၉၄)

GwwPV1fUkWAENRXEnC2T7-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

ဓာတ်အားပေးစက်ရုံမီးလောင်မှပဲ ဒီတိုင်းပြည်မှာ လျှပ်စစ်မီးပေးတဲ့ ဓာတ်အားပေးစက်ရုံ သို့ ဓာတ်အားခွဲရုံ ရှိသေးပါလားဆိုတာ ပြည်သူတွေအဖို့ သတိထားမိပါတော့တယ်။

 

လျှပ်စစ်မီး မလာတဲ့ လျှပ်စစ်မီးပေးတဲ့နေရာမှာလောင်တာဆိုတော့ ဝါယာရှော့တော့ မဖြစ်နိုင်ပါဘူး။ ဖြစ်ချင်းဖြစ် မီးမလာတဲ့ စက်ရုံမှာ ခြုံထူလို့ တောမီး အဲ မြို့မှာဆိုတော့ မြို့မီးထလောင်တာပဲ ဖြစ်ပါလိမ့်မယ်။

 

လျှပ်စစ်မီးမကြာခဏ လာမှုတွေနဲ့တော့ တိုင်းပြည်ဟာ နေသားကျနေပါပြီ။

 

ရာသီဥတုကပူရတဲ့အထဲ မီးကမလာတော့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ လူတွေခမျာလည်း အပူသက်သာအောင် သင်္ကြန် မတိုင်မီကထဲက ရရာကားနဲ့ ရေပက်ခံထွက်နေတာလည်း တွေ့လိုက်ပါတယ်။

 

ဒါကြောင့် ဒီနှစ်သင်္ကြန်မှာတော့ ဘိုးတော်သိကြားမင်းဟာလည်း ဖောကားစီးပြီး မြန်မာပြည်လာမဲ့အစီအစဉ်ကို ရုတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

 

ဘိုးတော်သိကြားမင်းဟာ အီးကားနဲ့ မြန်မာပြည်သင်္ကြန်မှာကဲမယ်လို့ သတင်းအတိအကျရထားပြီး လတ်တလောမှာတော့ နတ်ပြည်ခုနှစ်ထပ် ဂျောင်းဂျောင်းပြေးအောင် မီးစက်ရှာပုံတော်ဖွင့်နေလေရဲ့။

 

မြန်မာပြည်ကို လက်ဗလာနဲ့လာရင် မျက်နှာငယ်မှာစိုးလို့ တစ်ခုခု ကိုင်ပြီးမှ လာတတ်တဲ့ ဦးမာဃဟာ ဒီနှစ်မှာတော့ လက်တစ်ဖက်က စောင်နီကိုပိုက် အခြားလက်တစ်ဖက်က နာရေးကြော်ငြာ အမိန့်ပြန်တမ်းစာရွက် ကိုင်လာမယ်တဲ့ဗျ။

 

နာရေးကြော်ငြာဆိုလို့ စတန်းဒက်အာမီထဲက မိတ်ဆွေတစ်ယောက် အကြောင်းကိုတောင် ဖောက်သည်ချချင် လာမိတယ်။ အိမ်မှာ အရက်သောက်လွန်းလို့ မောင်းထုတ်တာကြောင့် တပ်ထဲသွားပြီး သောက်နေတဲ့ အသောက် သမား ရဲဘော်ကြီးတစ်ဦးပါ။

 

တိုင်းပြည်ကို ကာကွယ်ဖို့ထက် အရက်ပုလင်းကို ကာကွယ်ဖို့သာ တပ်မက်တဲ့ သူ့ခမျာအသေဝနာစ ဗလာနံမလုပ်မိတာကြောင့် မယောင်မလည်နဲ့ အာမီရမ် ပုလင်းလေးဆွဲ ရှေ့တန်းပါသွားလေရဲ့။

 

ဟိုတလောက ကရင်တာလဘောစားရင်း မပြန်လမ်းကို မြန်းသွားပြီ ဆိုတဲ့သတင်းကြားလိုက်ရတယ်။ အိမ်ကို တိုးတိုးတိတ်တိတ် လာပြောတဲ့ နာရေးမို့ သူ့အိမ်ကလည်း ညကြီးမင်းကြီးမှာပဲ တိုးတိုးတိတ်တိတ် သက်ပျောက် ဆွမ်း ကပ်လိုက်ရသတဲ့။

 

သူ့ခမျာ လူမှန်းသိကထဲက အရက်သောက်လာတာမို့ အရက်သမားဆိုတဲ့ ဂုဏ်နဲ့ အရက်သောက်ရင်း သေရင် တောင် အသုဘ စည်စည်ကားကားနဲ့ ဒီလောက် မျက်နှာငယ်ရမှာ မဟုတ်ဘူးတွေးမိရင်း စာကို အဆုံးသတ် လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

Burma Associated Press

 

 

သရော်စာ

Share With
bap-logo