bap-logo
Opinion

ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၉၁)

-ETIPnKyBYqh6n4HPlbWo-image

လွန်ခဲ့သော ၂ နှစ် က

ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ

မြန်မာပြည်မှာ အမွဲဆုံးနဲ့ သနားစရာအကောင်းဆုံးဟာ အနုပညာရှင်ဆိုသူတွေ ဆိုတာကို မောင်စကတော့ ဒီရက်ပိုင်းလေးမှ သိရှိမိရင်း သူတို့ကို ဂရုဏာများတောင် သက်မိပါရဲ့။ တိုင်းပြည်မှာ ကိုယ့်ထက်ငတ်တဲ့ လူတွေ အများကြီး ရှိနေပါလားဆိုပြီး တွေးမိတာကြောင့်လည်း ပါပါတယ်။

 

ကုန်းကောက်စရာမရှိ၊ စားရမဲ့ သောက်ရမဲ့ အငတ်ငတ် အပြတ်ပြတ်ဖြစ်နေတဲ့ ပေါလိဝုဒ်ဆုများရှင် အနုပညာ ရှင်ကြီးတွေအဖို့ ကားရိုက်လေးရှိမှ အူစိုနိုင်မှာမို့ နိုင်ငံတော်က ထုတ်လုပ်သူလုပ်ထားတဲ့ စတန်းဒက် အာမီကြီးရဲ့ ဓာတ်ရှင်က ကြော်ငြာအားကောင်းလွန်းတာကြောင့် မထွက်ခင်ကထဲကို ဝက်ဝက်ကွဲ အောင်မြင်တော့တာပါပဲ။

 

တိုင်းပြည်မှာ ပေါများလှတဲ့ ဒုတိယဝန်ကြီးချုပ်တွေထဲက မျက်နှာမှာ မှိုတက်နေတဲ့ လက်ဖက်ခြောက်ကြီး ကရင်နီ ရောက်ခိုက်ဆိုတော့ အဲဒီမှာပဲ ကသုတ် ကရုတ် ကြော်ငြာလိုက်ပုံပါပဲ။

 

ဓာတ်ရှင်ကို ပီပီပြင်ပြင် ကြော်ငြာပေးတဲ့ သရုပ်ဆောင်ကတော့ နောက်နှစ် အကယ်ဒမီပွဲတက်ဖို့တောင် မထနိုင် တော့အောင် ဈန်ဝင်ရင်း ငရဲကြီးရှစ်ထပ်ကို မျက်မှောက်ပြုနေလေရဲ့။

 

ရဲဘော်မသေ၊ သေသော်မုန့်ဟင်းခါးဆိုတဲ့ စတန်းအာမီမှာ အမိန့်ပြန်တမ်းတွေ ထုတ်ရလွန်းလို့ မိတ္တူစက်တွေ လည်း စုတ်ကုန်ပြီထင်ပါရဲ့။ ဒါကြောင့် ငရဲပြည် ဝင်ခွင့်ကို ဗလာစာရွက်မှာ လက်ရေးနဲ့ အသော့ရေးပြီး အသုဘ ကို အမြန်ချောပို့နဲ့ ချနေရပြီပေါ့။ အွန်လိုင်းကြိုတင်ဘွတ်ကင်မလို ကြားပွဲစားလည်းမလိုတဲ့ မလထရီသီးသန့် ဘဝကူးလက်မှတ်ပေါ့ခင်ဗျာ။

 

စစ်သားတွေမာလကီးယားတာကလွဲရင် ပျော်စရာရှားတဲ့ တိုင်းပြည်မှာ လူတင်မက ဘုရားဆင်းတုပါ စိတ်ဆင်းရဲပြီး ကြိတ်ငိုနေပြီ ဆိုပါလား ဗိုလ်ချုပ်မှူးကြီး ဥက္ကဌရေ။

 

မောင်စကအထင် နေပြည်တော်က ထိုင်တော်မူ ကိုယ်တော်ကြီးခမျာလည်း သူ့ဆီလာလိုက်ရင် စစ်သားတွေချည်း ပဲဆိုတော့ တိုင်းပြည်မှာ သူ ချေချွတ်စရာ လူစင်စစ်မရှိတော့ဘူးထင်လို့ ကျတဲ့မျက်ရည်ထင်ပါရဲ့။

 

ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီးဥက္ကဌလက်နဲ့ထိရင် ဘုရားတင်မက အခါတော်ပေးဆရာမကျန်၊ ဘုန်းကြီးအဆုံး အားလုံးက ကိုယ်ကျိုးနည်းသွားကြတာပဲ မဟုတ်ပါလား။

 

အခုပဲကြည့်လေ ဗိုလ်ချုပ်မှူးကြီးဥက္ကဌကိုယ်တိုင် ဘိသိတ်မြှောက်ထားတဲ့ စကြဝတေးမင်းလောင်းလျာ မစ္စတာ ပူတင်ဟာ ကမ္ဘာ့ခေါင်းဆောင်ကြီး ဖြစ်မလာဘဲ သူ့စရိတ် သူစားပြီး ဝရမ်းပြေးဘဝ ရောက်သွားပြီ မဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးဥက္ကဌအနေနဲ့လည်း ဈေးသည်နဲ့ ဖောက်သည်တွေပဲမို့ နေပြည်တော်ကနေ ကရင်မလင်အထိ နောက်က ထပ်ချပ်မကွာ လိုက်ချင်လည်း လိုက်လို့ရပါတယ်။

 

သူခိုးဓားရိုးကမ်းဖို့ ချောင်းနေတဲ့ဗိုလ်ချုပ်မှူးကြီးဥက္ကဌကလည်း ရုစကီးတွေဆီ က.. ထုတ်တွေ ရောင်းတော့ မယ် ဆိုတော့ ခြင်းကြားတွေနဲ့ အားကစားဘောင်းဘီတိုတွေက မိတ်အင်ဘားမားဆိုပြီး အိတ်စပို့ဖြစ်လာတော့ မယ်ပေါ့။ မသူတော်ချင်းချင်း သတင်းလွေ့ရင်း အာမီရမ်နဲ့ ဘော်ဒဂါ လဲသောက်လို့ရပြီပေါ့ခင်ဗျာလို့ ပြောရင်း စာကို အဆုံးသတ်လိုက်ပါတယ်။

 

ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက

Burma Associated Press

 

သရော်စာ

Share With
bap-logo