Politics
ကသာမြို့နယ်တွင် စစ်ကောင်စီ ဗုံးကြဲမှု ကြောင့် ရွာသားရှစ်ဦးမီးလောင်သေဆုံးဟု ပကဖ ထုတ်ပြန်
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာနှင့် မိုးဒါလေးရွာကြား၌ ယနေ့ မနက်တွင် စစ်ကောင်စီတပ်နှင့် မြို့လှ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များက လက်ဦးမှုရရယူထားပြီး စစ်ကောင်စီတပ် ခလရ (၇၇) အဖွဲ့ကို ဝိုင်းဝန်းတိုက်ခိုက်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများ ရှိကြောင်း ယင်းက ဆိုသည်။
ယမန်နေ့တွင် မနက် ၇ နာရီမှ ညနေ ၅ နာရီအထိ စစ်ကောင်စီတပ် ခလရ (၇၇) တပ်ရင်းမှူး စံရွှေဦးစီးသော အင်းအား ၇၂ ယောက်ပါအဖွဲ့နှင့် မိုးဒါးလေးဒေသခံပြည်သူကာကွယ်ရေးတပ်၊ ABSDF အပါအဝင် ဗိုလ်မိုးကြိုး ဦးဆောင်သောတပ်ခွဲ မြို့လှK PDF မဟာမိတ် သုံးဖွဲ့ပေါင်းပြီး တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့ကြောင်းသိရသည်။
"အကြမ်းဖက်စစ်ကောင်စီက ကြွက်မနိုင် ကျည်မီးရှို့ဆိုသလိုမျိုး အပြစ်မဲ့ပြည်သူတွေနေထိုင်တဲ့ မိုးဒါလေးရွာကို ညနေ ၆ နာရီမှာ ဗုံးကြဲချတယ်။ ပြည်သူ ၇ ဦးမီးလောင်သေဆုံးသွားရတယ်။ တစ်ယောက်က ကယ်ဆယ်ရေး လုပ်နေရင်း ပြင်းထန်ဒဏ်ရာနဲ့ဆုံးသွားတယ်" ဟု ဆိုသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားချိန် ဇန်နဝါရီ ၁၈ ရက်နေ့က မိုးဒါလေးကျေးရွာကို ကောင်စီက jet fighter ၃ စီးဖြင့် ပေါင် ၁,၅၀၀ မီးလောင်ဗုံးများအပါအဝင်ပဒေသာဗုံးများ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ရှစ်ဦး မီးလောင် သေဆုံးရကြောင်း သိရသည်။