bap-logo
Politics

စစ်ကိုင်းက လက်တောင်းငယ်ရွာ ရွာလုံးကျွတ် မီးရှို့ခံရ

Dyao7FjcLfyHPvD1RFJ_w-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ နိုဝင်ဘာ ၉။

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ရွာကို စစ်ကောင်စီက နိုဝင်ဘာ ၈ ရက် ယမန်နေ့က ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) Column - 3 က ထုတ်ပြန်သည်။

 

ယမန်နေ့က ပုလဲမှ ယင်းမာပင်မြို့နယ်သို့ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို ABSDF အမှတ် ၁၄ တပ်ရင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က လက်တောင်းငယ် ကျေးရွာ အထွက်တွင် မိုင်းဆွဲတိုက်ခိုက် ခဲ့ကြသည်ဟု ဆိုသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်က လက်တောင်းငယ်ရွာကို မီးရှို့ခဲ့သည်ဟု (ABSDF) Column – 3 က ဆိုသည်။

 

မိုင်းဆွဲတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ရဲခေါင်ပြောက်ကျား တပ်ဖွဲ့၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ၂ ဦးထက် မနည်း သေဆုံးကာ အထိအခိုက်များပြားခဲ့သည်ဟု အသိပေးထားသည်။

 

ပုံစာ- လက်တောင်းငယ်ကျေးရွာအတွင်း ဝင်ရောက်မီးငြိမ်းသတ်ပေးနေသည့် ရဲဘော်များနှင့် မီးရှို့ခံထား ရမှု မြင်ကွင်း

 

ဓာတ်ပုံ- (ABSDF) Column – 3

 

Burma Associated Press

 

စစ်ကိုင်း
မီးရှို့ခံရ

Share With
bap-logo