bap-logo
Intrenational Crime

အမေရိကန်နိုင်ငံသားများ တိုက်ခိုက်ခံရမှုအတွက် မက္ကဆီကိုဂိုဏ်း ပြန်တောင်းပန်

BwxNGDsxddvt7EMFte7Sj-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၀

 

မက္ကဆီကိုမူးယစ်ဂိုဏ်းတစ်ခု၏ အဖွဲ့ဝင်များသည် နယ်စပ်မြို့ မာတာမိုရိုစ်ရှိ အမေရိကန်နိုင်ငံသား လေးဦးကို ပြန်ပေးဆွဲမှုအတွက် တောင်းပန်သည့်အနေဖြင့် ဂိုဏ်းအဖွဲ့ဝင်ဟုယူဆရသူ ငါးဦးအား ကြာသပတေးနေ့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မီဒီယာများနှင့် စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သူတဦးက ပြောကြားခဲ့သည်။

 

နယ်စပ်မြို့ကိုဝင်ရောက်လာသည့် မက္ကဆီကို သေနတ်သမားများသည် အမေရိကန်နိုင်ငံသားများကို စတင် ပစ်ခတ်ရာ အမေရိကန်နှစ်ဦးနှင့် မက္ကဆီကိုအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ အမေရိကန် နိုင်ငံသားလေးဦးကို မြို့စွန်တစ်နေရာတွင်တွေ့ရှိခဲ့ပြီး တွေ့ရှိချိန်တွင် နှစ်ဦးမှာ သေဆုံးနေပြီဖြစ်သည်။

 

မက္ကဆီကိုအာဏာပိုင်များက သေဆုံးသွားသည့် ရှီးဝူးဝါ့ဒ် (Shaeed Woodard) နှင့် ဇင့်ဒဲလ်ဘရောင်း (Zindell Brown) တို့၏ အလောင်းများကို ကြာသပတေးနေ့ နေ့လယ်ပိုင်းက မာတာမိုရိုစ်ရှိ အမေရိကန်တာဝန်ရှိသူများထံ ပြန်လွှဲပြောင်းပေးခဲ့သည်။

 

ရိုက်တာသတင်းဌာနကရရှိသည့် အစိုးရအတွင်းမှတ်တမ်းအရ အဆိုပါ ပြန်ပေးဆွဲမှုကို Mexico's Gulf Cartel ဂိုဏ်းကွဲတစ်ခုက လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းနှင့် သေနတ်သမားများက အမေရိကန် နိုင်ငံသားများမှာ ၎င်းတို့ ဂိုဏ်းပိုင်နက်ထဲ ကျူးကျော်လာသူများဟု ယူဆခဲ့ဟန်တူကြောင်း ဖော်ပြထားသည်။

 

မာတာမိုရိုစ်မြို့မှာ တိုက်ခိုက်မှုအတွက် တောင်းပန်ကြောင်း အခြားဂိုဏ်းကွဲတစ်ခုက ရေးသားထားသည့် စာတစ်စောင်ကို မက္ကဆီကိုသတင်းစာများနှင့် ဆိုရှယ်မီဒီယာတွေ မျှဝေခဲ့ကြပြီး ပြန်ပေးဆွဲမှုအတွင်း ပါဝင်သည့် ဂိုဏ်းအဖွဲ့ဝင် ငါးဦးကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ရေးသားထားသည်။

 

ဓာတ်ပုံများတွင် အဆိုပါတောင်းပန်စာကို မာတာမိုရိုစ်မြို့ရှိ လက်ကြိုးတုပ်ထားသည့် အမျိုးသား ငါးဦးဘေးတွင် တွေ့ခဲ့ရသည်။

 

ဂိုဏ်းအဖွဲ့ဝင် ငါးဦးကို လွှဲပြောင်းပေးအပ်မည့်ကိစ္စမှာ မှန်ကန်ကြောင်း မက္ကဆီကိုသတင်းရင်းမြစ်က အတည်ပြု သော်လည်း အဆိုပါလူငါးဦးမှာ တိုက်ခိုက်မှုအတွက် အမှန်တကယ်တာဝန်ရှိသူများ ဟုတ်မဟုတ် သို့လော သို့လော ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။

 

နယ်စပ်မြို့တည်ရှိရာ တမာလီပတ်စ်ပြည်နယ် ရှေ့နေချုပ်ရုံးကမူ အဆိုပါသတင်းများနှင့်ပတ်သက်၍ မှတ်ချက် ပေးရန် ငြင်းဆိုထားသည်။

 

Source – Reuters /ပုံ - မှုခင်းပညာရှင်များက အလောင်းများကို တင်ဆောင်နေပုံ။

 

Burma Associated Press

မက္ကဆီကို
အသတ်ခံရ
အမေရိကန်

Share With
bap-logo