bap-logo
Politics

စစ်ခေါင်းဆောင်က လက်နက်ကိုင်အခြေနေသို့ တွန်းပို့ခဲ့သည့် ဇာတ်ကိုဆုံးအောင်ကကြရမည် ဟု ယာယီသမ္မတ ပြောကြား

BVSSoNNz0nntGE9-M3V2y-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၄

 

NUG အနေဖြင့်နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်းတွင်သာ ဖြေရှင်းချင်ကြသူများဖြစ်ပေမယ့်၊ မြန်မာစစ် ခေါင်းဆောင်များသည် လူထုက လက်နက်ကိုင်ခုခံရမည့်အခြေအနေသို့ တွန်းပို့ခဲ့ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ကြောင်းသိရသည်။

 

အဆိုပါအကြောင်းအရာကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၀၂၃ ခုနှစ်၏ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် လွတ်လပ်ရေးရပြီးနောက် အကြီးကျယ်ဆုံး၊ အကျယ်ပြန့်ဆုံး ဖြစ်လာသည့် ပြည်တွင်းစစ်ဟုပြောနိုင်ကြောင်း၊ ယခင်အချိန်ကလက်နက်ကိုင် ခုခံတော်လှန်မှုကို ငြင်းချက် ထုတ်ခဲ့သည့် နိုင်ငံရေး ခေါင်းဆောင်အများအပြားရှိခဲ့ပြီး၊ လက်ရှိတွင်တော့ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းရန် လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုရမည်ကိုသိလာကြပြီ ဖြစ်ကြောင်း ယာယီသမ္မတကဆိုသည်။

 

" တကယ်တော့ ကျွန်တော်တို့ဟာ နိုင်ငံရေးပြဿနာကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းချင်ကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် လူထုကလက်နက်ကိုင်ပြီး ခုခံမှကိုရတော့မယ့်အခြေအနေကို မြန်မာစစ်ခေါင်းဆောင်တွေက တွန်းပို့ခဲ့ပါတယ်။ ဒီတော့စပြီးတဲ့ဇာတ်ကိုဆုံးအောင်ကကြရမယ်" ဟုယင်းကပြောသည်။

 

နွေဦးတော်လှန်ရေး () နှစ်ပြည့်ကာလအတွက် NUG အစိုးရအဖွဲ့ဝင်တစ်ဦးချင်းစီက ဝန်ကြီးဌာနအလိုက် မိမိတို့ လုပ်ကိုင်ခဲ့သည်များ၊ ခေါင်းဆောင်ခဲ့သည့်ကိစ္စရပ်များကို ပြန်လည်သုံးသပ်ခြင်း ပြုလုပ်သင့်သည့်အပြင်၊ နွေဦးတော်လှန်ရေး () နှစ်ပြည့်မည့်အချိန်တွင် ပြည်သူလူထုအတွက် မည်သို့ပန်းတိုင်မျိုးကို အရောက်ဦးဆောင် ပေးနိုင်ကြမလဲဆိုတာကို ကြိုတင်စဉ်းစားထားကြရန် လိုအပ်ကြောင်း ယာယီသမ္မတက ထည့်သွင်း ပြောကြားသည်။

 

" အခုလည်းနွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုရအောင် ဆွေးနွေးညှိနှိုင်းမှုတွေ မပြတ်ရှိနေတာကိုတွေ့ရပါတယ်။ ခုခံတော်လှန်စစ်မှာ ခိုင်မာသော မဟာမိတ် ဆက်ဆံရေး ကိုလည်း စနစ်တကျ တည်ဆောက်နေကြပါတယ်" ဟု ၎င်းကဆိုသည်။

 

ထို့အပြင် ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အဆုံးသတ် အဖြစ် အပြုတ်တိုက်ရမည့်တိုက်ပွဲများအတွက်လည်း စနစ်တကျ ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မည်ဟု ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

 

Burma Associated Press

 

အမျိုးသားညီညွတ်ရေးအစိုးရ
ယာယီသမ္မတ
ဒူဝါလရှီးလ
နွေဦးတော်လှန်ရေး
အာဏာသိမ်း

Share With
bap-logo