bap-logo
International

ဂျပန်တပ်ဖွဲ့များဝင်ရောက်ခွင့် လမ်းဖွင့် ထားကြောင်း ဖိလစ်ပိုင်သမ္မတပြော

AlRNkachKxvjrLuKTR1Nn-image

လွန်ခဲ့သော ၂ နှစ် က

မနီလာ - ဖေဖော်ဝါရီ ၁၃

 

ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ရေကြောင်းလုံခြုံရေး ပိုမိုကောင်းမွန်လာမည်၊ ငါးဖမ်းသမားများကို အကာအကွယ် ပေးနိုင်မည်ဆိုပါက ဖိလစ်ပိုင်အနေဖြင့် ဂျပန်နှင့် လည်ပတ်ခြင်းဆိုင်ရာသဘောတူစာချုပ် (VFA) လက်မှတ် မထိုးသင့်သည့်အကြောင်း မမြင်ကြောင်း သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

 

သို့သော်လည်း မားကို့စ်က ဂျပန်နှင့် စာချုပ်ချုပ်ဆိုမည့်ကိစ္စတွင် (တရုတ်ကို) ရန်စသလို မဖြစ်စေလိုသည့် အ တွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

 

မားကို့စ်သည် မကြာသေးမီရက်ပိုင်းက VFA စာချုပ်အရ အမေရိကန်တပ်ဖွဲ့များကို ဖိလစ်ပိုင်ရေတပ် စခန်းများဆီ ပိုမိုဝင်ရောက်ခွင့်ပြုပြီးနောက် ဂျပန်သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ခြင်း ဖြစ်သည်။

 

အမေရိကန်တပ်ဖွဲ့များ ပိုမိုဝင်ရောက်ခွင့်ပြုခြင်းမှာ ဒေသတွင်းတည်ငြိမ်မှုကို ပျက်ပြားစေသလို တင်းမာမှု မြင့်တက်စေကြောင်း တရုတ်က သတိပေးထားသည်။

 

လက်ရှိချုပ်ဆိုထားသည့် VFA စာချုပ်အရ ထောင်ချီသောအမေရိကန်တပ်ဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်ရန် အတွက် ဖိလစ်ပိုင်နိုင်ငံကို အလှည့်ကျဝင်ထွက်ခွင့် ရှိမည်ဖြစ်သည်။

 

ဂျပန်နှင့် စာချုပ် ချုပ်ဆိုနိုင်ခြေနှင့်ပတ်သက်၍ ဖိလစ်ပိုင်သမ္မတက "တကယ်လို့ ဖိလစ်ပိုင် ရေပိုင်နက်နဲ့ ငါးဖမ်းသမားကာကွယ်ရေးကို အထောက်အကူပြုမယ်ဆိုရင် ဒီစာချုပ်မျိုး မချုပ်ဆိုနိုင်စရာအကြောင်းမရှိပါဘူး" ဟု တိုကျိုမှ မပြန်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။

 

မားကို့စ်သည် ဂျပန်နှင့် အနီးကပ်လုံခြုံရေး၊ ဆက်ဆံရေးတိုးမြှင့်ရန် တိုကျိုသို့ ငါးရက်ကြာခရီးစဉ် သွားရောက် ခဲ့ပြီး အဆိုပါအစီအစဉ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ကြေညာပြီးနောက် ဒေသတွင်း တရုတ်ရန်စမှု ရှိလာ မည်ကို စိုးရိမ်မှုမြင့်တက်နေခဲ့သည်။

 

ယခုခရီးစဉ်အတွင်း မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ခိရှိဒတို့ကြား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ကာလအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ အပြန် အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် စာချုပ်တစ်ခုကို လက် မှတ်ရေးထိုးခဲ့ကြသည်။

 

အဆိုပါစာချုပ်မှာ နောင်တွင်နှစ်ဖက်နိုင်ငံတပ်ဖွဲ့များ အပြန်အလှန် ဝင်ရောက်တပ်ဖြန့်နိုင်အောင်လုပ်ဆောင်မည့် ပထမခြေလှမ်းတစ်ရပ်အဖြစ် လေ့လာသူများက ရှုမြင်ထားသည်။

 

"ကျွန်တော်တို့ရဲ့ ငါးဖမ်းသမားကိုတွေကို ဘယ်လိုကာကွယ်ပေးရင်ကောင်းမလဲဆိုတာ ကျွန်တော်အမြဲတမ်း စဉ်းစားပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေ ကင်းလှည့်နေတာ ကျွန်တော်တို့ရေပိုင်နက်ဆိုတာ ပြတ်ပြတ်သားသား ပြသဖို့လိုတယ်။ ပြီးရင် ကျွန်တော်တို့ရဲ့ ပင်လယ်ပြင်နယ် နိမိတ်ကို ပြတ်ပြတ်သားသား အသိအမှတ် ပြုဖို့လိုတယ်" ဟု မားကို့စ်က ဆိုသည်။

 

လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ပြည် ထောင်စုနှင့် VFA စာချုပ် ချုပ်ဆိုထားပြီး၊ ဂျပန်သည် သြစတြေးလျ၊ ဗြိတိန်တို့နှင့် VFA ချုပ်ဆိုထားသည့်အ ပြင် အမေရိကန်တပ်ဖွဲ့ဝင်အများဆုံး လက်ခံထားသည့် နိုင်ငံလည်း ဖြစ်သည်။

Burma Associated Press

 

တရုတ်
အမေရိကန်
ဖိလစ်ပိုင်

Share With
bap-logo