bap-logo
International

ရုရှားကိုယ်ဝန်ဆောင်များ စုပြုံရောက်လာခြင်း ကြောင့် "မွေးဖွားခရီးသွားလုပ်ငန်း"ကို အာဂျင်တီးနား နှိမ်နင်းနေရ

4MAhyd-6v1226bXUogQX3-image

လွန်ခဲ့သော ၂ နှစ် က

ဗျူနိုအေးရီးစ် - ဖေဖော်ဝါရီ ၁၁

 

ရုရှားကျူးကျော်စစ်နောက်ပိုင်း သားသမီးများ နိုင်ငံသားဖြစ်ခွင့်ရရှိရန်အတွက် အာဂျင်တီးနားမြို့တော် ဗျူနိုအေးရီးစ်သို့ ဝင်ရောက်လာသည့် ရုရှားအမျိုးသမီးများ အလွန်များပြားလာသည့်အတွက် လူဝင်မှုကြီးကြပ် ရေး အာဏာပိုင်များက နှိမ်နင်းနေရကြောင်း သိရသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရုရှားကိုယ်ဝန်ဆောင်မိခင်များအား အာဂျင်နီးနားနိုင်ငံကူးလက်မှတ်ထုတ်ပေး နေသည့် အကျိုးအမြတ်များနေသည့် လုပ်ငန်းတစ်ခုကို ဥပဒေအရစုံစမ်းစစ်ဆေးနေပြီဟု အာဂျင်တီးနား လူဝင်မှုကြီးကြပ်ရေးရုံးမှ ဒါရိုက်တာ ဖလော်ရန်စီယာ ကာရီနာနို ကပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် ကြာသပတေးနေ့က ကိုယ်ဝန် သတင်းပတ် ၃၂ ပတ်နှင့် ၃၄ ပတ်ကြား ရုရှားအမျိုးသမီး ၃၃ ဦး လေယာဉ်ခရီးစဉ်တစ်ခုတည်တွင် စီးနင်းလိုက်ပါလာပြီးနောက် လူဝင်မှုကြီးကြပ်ရေးအရာရှိက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုထဲမှ အမျိုးသမီးအများအပြားအား နိုင်ငံကူးလက်မှတ်ဂိတ်မှ ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့သော်လည်း နောက်ဆုံးတွင် ဗျူနိုအေးရီးစ်သို့ ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

"မွေးဖွားခရီးသွားလုပ်ငန်း" အယူအဆမှာ အသစ်အဆန်းမဟုတ်တော့သည့်တိုင် ကျူးကျော်စစ်ကြောင့် အနောက်နိုင်ငံများမှ ဝိုင်းကျဉ်ခံထားရသည့် ရုရှားအတွက် ဗီဇာမလိုဘဲဝင်ရောက်နိုင်သည့် အာဂျင်တီးနားမှာ သားသမီးများ ဒုတိယနိုင်ငံသားဖြစ်ခွင့်ရရှိလိုသည့် မိသားစုများအတွက် ရေပန်းစားသည့် ခရီးသွားပန်းတိုင်တစ်ခု ဖြစ်လာသည်။

 

ပြီးခဲ့သည့်နှစ်ကလည်း အာဂျင်တီးနားသို့ ရုရှားကိုယ်ဝန်ဆောင်မိခင် ၁၀,၅၀၀ ဦး ဝင်ရောက်ခဲ့ကြောင်း ကာရီနာနိုက ဆိုသည်။

 

သောကြာနေ့ အင်တာဗျူးတစ်ခုအတွင်း လူမှုကြီးကြပ်ရေးဒါရိုက်တာ ကာရီနာနိုက -

 

"ပြီးခဲ့တဲ့သုံးလအတွင်းမှာ ကိုယ်ဝန်ဆောင် ၅,၈၀၀ ဝင်ရောက်ခဲ့ပါတယ်။ အများစုက ကိုယ်ဝန် ၃၃ ပတ်ကနေ ၃၄ ပတ် အရင့်အမာတွေပါ" ဟု ပြောကြားခဲ့သည်။

 

အာဂျင်တီးနားတွင် ကလေးမီးဖွားပြီးနောက် ရုရှားအမျိုးသမီး ၇,၀၀၀ ခန့် နေရပ်သွားကြပြီး ၎င်းတို့၏ ကလေးငယ်များ၊ ပြီးလျှင် မိဘများ အာဂျင်တီးနားနိုင်ငံသား လျှောက်ထားရေးအတွက် သက်ဆိုင်ရာ အာဂျင်တီးနား ရှေ့နေများထံလွှဲအပ်ထားခဲ့ကြကြောင်း သိရသည်။

 

 

Source/ပုံ – The Guardian

Burma Associated Press

 

ရုရှား
အာဂျင်တီးနား
ကျူးကျော်
ကိုယ်ဝန်ဆောင်

Share With
bap-logo