bap-logo
Article

ထွက်ပေါက်ရှာဖို့ ပဋိပက္ခဖန်တီးလာတဲ့ စစ်ကောင်စီ

9Ra9GpPtqiIn86n8FM596-image

လွန်ခဲ့သော ၄ လ က

 

အဖြူရောင်ပိတ်စချည်ထားတဲ့ ဝါးလုံးတစ်ချောင်းကိုကိုင်ပြီး မြက်ခင်းပြင်ပေါ်မှာထိုင်နေတဲ့ ရိုဟင်ဂျာလူငယ်တစ် ဦးရဲ့ နောက်မှာတော့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာဆယ်ဦးလောက် တန်းစီပြီး ထိုင်နေပါတယ်။ သူတို့ရဲ့ ဘယ်ဖက် ၁၀ ပေခန့်အကွာမှာတော့ အများစုက စစ်ရောင်စွပ်ကျယ်ချိုင်းပြတ်တွေ ဝတ်ဆင်ထားတဲ့ လူအုပ်စုတစုရှိနေ တာကို ဓာတ်ပုံထဲမှာ မြင်ရပါတယ်။

 

ဒီပုံဟာ အာရက္ခတပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့ရဲ့တွစ်တာအကောင့်မှာ တင်ထားတဲ့ ဓာတ် ပုံနှစ်ပုံထဲက တစ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံထဲမှာတော့ မေလ ရက်နေ့က AA ဆီမှာ လက်နက်ချခဲ့ကြတဲ့ ဘူးသီး တောင်အခြေစိုက် စကခ(၁၅)တပ်မဌာနချုပ်က ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတူ ရိုဟင်ဂျာလူငယ်တွေ ပါဝင်နေတာကို တွေ့ ရပါတယ်။

 

ဒါဟာ ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းပြီး AA နဲ့ တိုက်ပွဲတွေမှာ အသုံးချ နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပိုပြီးခိုင်မာသွားစေပါတယ်။

 

အခုရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းတာက လူ မျိုးရေးပဋိပက္ခဖြစ်အောင် လုပ်နေတာပဲလေ။ နဂိုထဲက ဆက်ဆံရေး သိပ်မကောင်းနေတာကို အခုသူတို့စစ်တပ် ဘက်၀င်ပြီး တိုက်ခဲ့မယ်ဆိုရင် ပြဿနာက ဖြစ်ကိုဖြစ်မှာပဲ

 

 

AA ရဲ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို သင်တန်းပေးပြီး စစ်မြေပြင်ကို ပို့ဆောင်နေတဲ့ အပြင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA, RSO တို့နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ် လို့လည်း ဖော်ပြထားပါတယ်။

 

စစ်တွေမြို့မှ အမည်မဖော်လိုသူ ရိုဟင်ဂျာအမျိုးသားတစ်ဦးကအခုရိုဟင်ဂျာတွေကို စစ်မှုထမ်းခိုင်းတာက လူ မျိုးရေးပဋိပက္ခဖြစ်အောင် လုပ်နေတာပဲလေ။ နဂိုထဲက ဆက်ဆံရေး သိပ်မကောင်းနေတာကို အခုသူတို့စစ်တပ် ဘက်၀င်ပြီး တိုက်ခဲ့မယ်ဆိုရင် ပြဿနာက ဖြစ်ကိုဖြစ်မှာပဲ။ အဲ့လိုဖြစ်အောင်ကို စစ်တပ်က တမင်သက်သက် ယုတ်မာနေတာ။လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ လပိုင်းအတွင်း ရိုဟင်ဂျာတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး AA နဲ့ တိုက်ပွဲတွေမှာ အသုံးချခဲ့တာ တွေ၊ ဖိအားပေးပြီး AA ကို ဆန္ဒပြခိုင်းတာတွေ၊ စစ်ကောင်စီဦးဆောင်မှုနဲ့ အာဆာ(ARSA) လက်နက်ကိုင်တပ်ဖွဲ့ ဝင်တွေနဲ့ စစ်သင်တန်းဆင်းပြီးစ ရိုဟင်ဂျာတချို့က ရခိုင်တွေရဲ့ နေအိမ်တွေကို မီးရှို့တာခဲ့တာတွေဟာ လူမျိုးရေး ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားဖို့ စစ်ကောင်စီက မီးမွှေးပေးနေတာဖြစ်တယ်လို့ ရခိုင်နဲ့ ရိုဟင်ဂျာပြည်သူတွေက ဝေဖန်ကြပါတယ်။

 

ရခိုင်ပြည်နယ်မှာ AA နဲ့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြို့နယ် မြို့နယ်ထက်မနည်း လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စစ် ကောင်စီဟာ ပြည်သူတွေကို အာရုံလွှဲဖို့ ထိလွယ်ရှလွယ် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ပြည်လည်ဖြစ်ပွား အောင် အားစိုက်ကြိုးပမ်းလျက်ရှိတာကြောင့် နှစ်ဖက်အသိုင်းအဝိုင်းအနေနဲ့ သတိထားကြဖို့ လိုအပ်နေတယ်လို့ လည်း စောင့်ကြည့်လေ့လာသူတချို့က သုံးသပ်ပြောဆိုထားပါတယ်။

 

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်ကတော့ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ထွက် ပေါက်အနေနဲ့ ပဋိပက္ခဖန်တီးဖို့ အခွင့်အလမ်းများတဲ့ ရိုဟင်ဂျာ လူများစုရှိရာ ဘူးသီးတောင်နဲ့ မောင်တောဒေသ မှာ ပဋိပက္ခမဖြစ် ဖြစ်အောင် ကြိုးပမ်းလာတာလို့ ဆိုပါတယ်။

 

နဂိုကတည်းကလည်း ဒီလိုအသိုင်းအဝိုင်းနှစ်ခုကြားထဲမှာ အမုန်းတရားတွေက ထည့်ထားပြီးသား။ အရင်က တည်းက အဆင့်သင့်က ရှိပြီသား။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဒီလိုမျိုး အမုန်းတရားတွေ ဒီကွန်မြူနတီ ( သိုင်းအဝိုင်း) နှစ်ခုကြားထဲမှာ တော်တော်လေးကို နည်းလာတယ်။ အဲဒီလိုနည်းလာတော့ ဒီစစ်ရှုံးတာကို ထွက် ပေါက်အနေနဲ့ လူမျိုးရေးပုံစံမျိုး ပဋိပက္ခဖန်တီးမယ်ဆိုပြီး ကြိုးစားတာပေါ့နော်လို့ သူက ရှင်းပြပါတယ်။

 

မကြာသေးခင်ကမှ နာမည်ပြောင်းထားတဲ့ အာရက္ခတပ်တော် AA ဖက်ကလည်း ရခိုင်ပြည်သူတွေအနေနဲ့ စစ် ကောင်စီရဲ့ နိုင်ငံရေးထောင်ချောက်ထဲ သက်ဆင်းမသွားအောင် သမိုင်းအတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ သတိ ထားနေထိုင်ကြဖို့ တိုက်တွန်းကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

 

ပြီးခဲ့တဲ့ မတ်လကလည်း ရသေ့တောင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ် ရင်းအမှတ်(၅၃၆) (၅၃၇) (၅၃၈) တို့ကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာအချို့ပါဝင်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်း ရမိခဲ့တယ်လို့ AA က ဆိုတယ်။

 

သေဆုံးသွားတဲ့ ရိုဟင်ဂျာအများစုဟာ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက လူငယ်တွေဖြစ်ပြီး စစ် ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတွေ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

 

စစ်တွေမြို့နယ်ထဲက ရိုဟင်ဂျာရွာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ စစ်သင်တန်းတက်ဖို့ ကျေးရွာတာဝန်ခံ တွေကတစ်ဆင့် အတင်းအဓမ္မ လူစုခိုင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

 

ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ တော့ သူတို့ဟာ နိုင်ငံသားမဟုတ်တဲ့အတွက် အဲဒီသတင်းတွေက မှန်ကန်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ဧပြီလ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ မြန်မာ စစ်တပ်ဟာ ရိုဟင်ဂျာလူငယ် ,၀၀၀ လောက်ကို ဖေဖော်ဝါရီလကတည်းက အဓမ္မဖမ်းဆီးပြီး စစ်သားအဖြစ် စု ဆောင်းနေတယ်လို့ ဖော်ပြထားပါတယ်။

 

အခုဆို စစ်မှုမထမ်းမနေရအမှုကြောင့် ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ ရွာထဲက လူငယ်တွေတောင် အပြင်မထွက်ရဲကြဘူး။ဆွဲခေါ် သွားတာတွေရှိလို့

 

 

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေအရ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ပိတ်ပင်ထားပေမဲ့ နိုင်ငံ သားတွေအတွက်သာ ရည်ရွယ်ထုတ်ပြန်ထားတဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ သူတို့ကို ဖမ်းဆီးနေတဲ့အကြောင်း အဲဒီထုတ်ပြန်ချက်ထဲမှာ ဆက်လက်ဖော်ပြထားပါတယ်။

 

ဘူးသီး‌တောင်းမြို့နယ်မှ အသက် ၃၉ နှစ်အရွယ် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကတော့အခုဆို စစ်မှုမထမ်းမနေ ရအမှုကြောင့် ရင်တထိတ်ထိတ်နဲ့ နေနေရတယ်။ ရွာထဲက လူငယ်တွေတောင် အပြင်မထွက်ရဲကြဘူး။ဆွဲခေါ် သွားတာတွေရှိလို့။ အစတုန်းကတော့ စစ်မှုထမ်း၀င်တဲ့သူကို တစ်လငါးသောင်းနဲ့ ဆန်တစ်အိတ်ပေးမယ်ပြောပြီး ခေါ် သွားကြတယ်။ နှစ်လပဲ သင်တန်းပေးမယ်ပြောပြီး အစအနမရှိ ပျောက်သွားကြတယ်။ နှစ်လလောက်နေပြီး မှ ရှေ့ တန်းပို့လိုက်တာ သေသွားတယ်ဆိုပြီ သတင်းရတဲ့အိမ်တွေလည်းရှိတယ်။ ကျမမှာတော့ အရွယ်ရောက်တဲ့ ကလေးမရှိပေမယ့် အမျိုးသားအတွက်ပဲ စိတ်ပူနေရတယ်။ ဒီမတရားမှုတွေကို ကမ္ဘာကသိပြီး တခုခုလုပ်ပေးဖို့ ပဲ မျှော်လင့်ပါတယ်။လို့ ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျူ (USIP)ရဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီတပ်နဲ့ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)အဖွဲ့က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်လို့ ပြောဆိုစည်းရုံးနေပြီး အာရက္ခတပ်တော်(AA) ဘက်ကတော့ စစ်ကောင်စီတပ်နဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးဖို့ စေခိုင်းနေတဲ့အကြောင်း ဖော်ပြထားပါတယ်။

 

အဲဒီအစီရင်ခံစာကို တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ် က ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို စစ်တမ်းကောက်ယူပြီး မေလ ရက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

စစ်တွေမြို့မှ အသက် ၃၀ ကျော် ရိုဟင်ဂျာအမျိုးသမီးတစ်ဦးကကျမအနေနဲ့တော့ ဘယ်ဘက်မှ လုံခြုံမှုရှိ မနေ ဘူး။ စစ်ကောင်စီက ပထမဦးဆုံးတစ်ခေါက် စစ်မှုထမ်းဖို့ ခေါ် သွားတဲ့ထဲမှာ ကျမရဲ့မောင်တစ်ဝမ်းကွဲပါသွား တယ်။ အခုထိ ဘာသတင်းမှမရဘူး။ ကျမတို့ ရင်တွေပူတယ်။ ဘယ်သူ့ဆီ အကူအညီသွားတောင်းရမှန်းတောင် မသိတော့ဘူး။ ကျမတို့က အမြဲအကူအညီမဲ့ခဲ့တဲ့သူတွေ။ ကျမတို့က သေမထူး နေမထူးတွေ ဖြစ်နေတယ်။ အခု AA က သူ့တို့သိမ်းပိုက်တဲ့နယ်မြေတွေဘက်လာဖို့ ဖိတ်ခေါ် တယ်ဆိုရင်လည်း ကျမတို့အတွက်က ဘာတစ်ခုမှကို မထူးနေဘူး။လို့ ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားခဲ့ဖူးတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ဖိ အားပေးပြီး အာရက္ခတပ်တော်(AA) ကို အလိုမရှိကြောင်း ဆန္ဒပြခိုင်းတာ၊ AA အဖွဲ့ကို မထောက်ခံကြောင်း လက် မှတ်ထိုးခိုင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ပြည်နယ်မြို့တော်စစ်တွေမှာ ရိုဟင်ဂျာတစ်ထောင်နီးပါးက AA အလိုမရှိ၊ တိုက်ပွဲ အလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဒုတိယအကြိမ်ဆန္ဒပြတာဖြစ်ပြီး မတ်လ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာလည်း ပထမအကြိမ်ဆန္ဒပြခဲ့ပါသေးတယ်။

 

ဘုမကျေးရွာက ရွာခံတစ်ဦးက ဒေသခံတွေကို ဆန္ဒမပြရင် တစ်အိမ်ကို ပိုက်ဆံ ငါးသောင်းစီပေးရမှာဖြစ်ပြီး ရွာ ကိုလည်း ပိတ်ဆို့အရေးယူမယ် လို့ စစ်ကောင်စီက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

အလားတူ မတ်လ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာ ၇ဝဝ ခန့်ဟာ ရက္ခိုင့်တပ်တော် (AA) အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်ကို ကာကွယ်ကြဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါ တယ်။ ဘူးသီးတောင်မှာလည်း ရိုဟင်ဂျာတွေကို ဆန္ဒမပြပါက စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်ခဲ့ တယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် AA ကတော့ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ သူတို့ရဲ့ရှုံးနိမ့်နေမှုကို အာရုံလွဲ သွားစေဖို့ ထိလွယ်ရှလွယ် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်အောင် အားစိုက်ကြိုးပမ်းလျက်ရှိ ကြောင်း၊ ဘူးသီးတောင်မြို့အခြေစိုက် စကခ(၁၅)မှ အဓိကကြိုးကိုင်ပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် ရည် ရွယ်ပြီး ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

 

စစ်တပ်က လုပ်နေတယ်ဆိုတာ ရခိုင်လူမျိုးတွေသိရင်၊ ကျမတို့ ရိုဟင်ဂျာတွေက စစ်တပ်ရဲ့ အတင်းခိုင်းတာကြောင့် မလုပ်ချင်ပဲလုပ်နေရတယ်ဆိုတာကို သူတို့နားလည်ရင်တော့ အဆင်ပြေတာပေါ့

 

 

ဒါ့အပြင် စစ်ကောင်စီက ရက်တိုစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ တပ်သားစုဆောင်းပြီး ရသေ့တောင်မြို့တိုက်ပွဲမှာ ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမှာဖြစ် ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။

 

အခုနက ပြောသလိုပါပဲ။ စစ်တပ်က လုပ်နေတယ်ဆိုတာ ရခိုင်လူမျိုးတွေသိရင်၊ ကျမတို့ ရိုဟင်ဂျာတွေက စစ် တပ်ရဲ့ အတင်းခိုင်းတာကြောင့် မလုပ်ချင်ပဲလုပ်နေရတယ်ဆိုတာကို သူတို့နားလည်ရင်တော့ အဆင်ပြေတာပေါ့။ အဲ့လိုနားလည်ပေးဖို့ပဲ ဆုတောင်းနိုင်တာကလွဲပြီး ကျမတို့ ဘာမှ မတတ်နိုင်ဘူးလေ။လို့ ဘူးသီးတောင်မြို့မှ ရို ဟင်ဂျာအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

စစ်တွေမြို့မှ ရခိုင်လူမျိုး အသက် ၃၅ အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက‌တော့ ဒီတကျော့ပြန်တိုက်ပွဲ ဟာ နှစ်ဖက်လူ့အဖွဲ့အစည်းကြားက တိုးတက်နေတဲ့ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်တာကြောင့် နှစ်ဖက်လုံးက သတိကြီးကြီးနဲ့ ကိုင်တွယ်သင့်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

 

ဟိုတလောက သတင်းတစ်ခုတက်လာတာကို မြင်လိုက်တယ်။ ရိုတွေ(ရိုဟင်ဂျာတွေ)က AA ကို ဆန္ဒပြတယ်ဆို ပြီး ကိုယ်တောင်မှ ဘာလဲဟဆိုပြီး ဖြစ်သွားတယ်ပေါ့နော်။ ဒါပေမယ့် ရိုတွေဒီလိုလုပ်ရတာလဲ စစ်ကောင်စီရဲ့ ပရောဂမကင်းဘူး ထင်ပါတယ်။ အဲတာကို AA နဲ့ ရခိုင်ပြည်သူတွေကလဲ မူလအရင်းအမြစ်ဘာကြောင့်လဲဆိုတာ ကိုဆန်းစစ်ပြီးမှ ကိုင်တွယ်လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။လို့ သူက ဆိုတယ်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှ ရိုဟင်ဂျာလူမျိုး ကိုသူရဌေးကလည်း စစ်ကောင်စီက အုပ်စုတစ်စုကို ပစ်မှတ် ထားပြီး ခွဲခြားဆက်ဆံပါက လူမျိုးရေးမုန်းတီးမှု ပိုမိုဆိုးရွားစေပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေနိုင်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

 

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကြောင့် နှစ်ဖက်အသိုင်းအ ဝိုင်းကြားမှာ အမုန်းတရားတွေ ကြီးစိုးလာခဲ့ပြီး ၂၀၁၆ နဲ့ ၂၀၁၇ မှာတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင် ရေးတွေကြောင့် ရိုဟင်ဂျာ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

 

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ လေးနှစ်လောက်ကစပြီး လူမျိုးရေးပဋိပက္ခတွေကြောင့် ဆက်ဆံရေးတင်းမာခဲ့ကြတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းကြားမှာ ကူးလူးဆက်ဆံမှုတွေ ပြန်လည်မြင်တွေ့လာရပြီး အကောင်းဖက်ကို ဦး တည်လာခဲ့ပါတယ်။

 

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သဘောထားအမြင်တွေ သိ သိသာသာ ပြောင်းလဲလာပြီး ကူးလူးဆက်ဆံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်မြင်တွေ့ လာရပါတယ်။ ရခိုင်နဲ့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနှစ်ရပ်ပြေလည်ရေး ကြားဝင်လုပ်ဆောင်နေတဲ့ အာရက္ခတပ်တော် (AA)ရဲ့ အခန်း ကဏ္ဍက အလွန်အရေးပါလာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ လူမျိုးစုနှစ်ခုအကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်မှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် အမုန်းဒေါသတွေ ပိုများခဲ့ရကြောင်း ကျောက်တော်မြို့က ကိုယ်ပိုင်အထက်တန်းကျောင်းတကျောင်းမှ ရခိုင်လူ မျိုး ကျောင်းအုပ်ဆရာကြီး ဦးစောလွင်က ဆိုပါတယ်။

 

ကျနော့်အထင်ပြောရရင် AA ရဲ့ အခန်းကပိုပြီး အရေးပါလာတယ်။ ကျနော်တို့ကြီးပြင်းတဲ့ ဒေသတလျှောက် မှာဆိုရင် စစ်ကောင်စီက ရခိုင်နဲ့ မွတ်စလင်အသိုင်းအဝိုင်းကို လူမှုရေးပဋိပက္ခဖြစ်အောင်လုပ်တယ်။တစ်ယောက် နဲ့ တစ်ယောက် အမုန်းဒေါသတွေက ပိုပြီးများတယ်။ ရခိုင်တပ်တော်ပေါ်လာပြီးနောက်ပိုင်း ရခိုင်နဲ့ ရိုဟင်ဂျာအ ကြားပိုပြီးတော့ လူမှုရေးသဟဇာတဖြစ်လာတယ်။ ၂၀၁၂ မတိုင်မီ အခြေအနေကို တဖြည်းဖြည်းချင်း ပြန်ပြီး ရောက်လာမယ့် အနေအထားရှိပါတယ်။လို့ ဦးစောလွင်က ပြီးခဲ့တဲ့ ဇန်ဝါရီလအစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

 

ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ၂၀၂၂၊ ဇူလိုင် ရက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ "ကုရ်ဘာနီနေ့" အထိမ်းအ မှတ်အဖြစ် ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာအမျိုးသား ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာကျေးရွာတ ချို့က ဒေသခံပြည်သူ ၄၅၀ အတွက်လည်း အဝတ်အထည်တွေ လှူဒါန်းပေးခဲ့ပါတယ်။

 

အာရက္ခတပ်တော် (AA)ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနဲ့ အင် တာဗျူးမှာ ရိုဟင်ဂျာတွေကို အုပ်ချုပ်ရေးကဏ္ဍတွေ၊ ရဲလုပ်ငန်းတွေမှာ ပါဝင်လာဖို့ မှန်းထားတယ်လို့ ပြောကြား ခဲ့ပါသေးတယ်။

 

အာရက္ခတပ်တော် AA က ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးစုနှစ်ခုကြားမှာ သဟဇာတဖြစ်လာဖို့ ဘောလုံးပွဲ \တွေ၊ ပျော်ပွဲ ရွှင်ပွဲတွေကျင်းပပြီး စည်းရုံးလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ရခိုင်ပြည်နယ်တွင်း စစ်ရေး၊ အုပ်ချုပ်ရေး ဩဇာလွှမ်းမိုးထားနိုင်တဲ့ AA ရဲ့ ဦးဆောင်မှုအောက်မှာ ရခိုင်လူမျိုးတွေဟာ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အပြုသ ဘောဆောင် ဆက်ဆံလာကြပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၀ စက်တင်ဘာလထဲမှာ ရခိုင်စစ်ပွဲဆန့်ကျင်ရေးတောင်းဆိုလို့ ဖမ်းဆီးခံထားရတဲ့ ရခိုင်တက္ကသိုလ် ကျောင်းသားသုံးဦးနဲ့အတူ ရပ်တည်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကူတူးပါလောင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ တွေ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးတွေကြားမှာရှိခဲ့တဲ့ ပြဿနာတချို့ကို ဘေးဖယ် ထားပြီး ပြန်လည်သဟဇာတဖြစ်သင့်မြတ်ဖို့ ရည်ရွယ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

 

ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်ကလည်း ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ် ကြိုဆိုတဲ့အကြောင်း ပြော ကြားခဲ့ပါတယ်။

 

၂၀၂၂ မှာတော့ ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာကျောင်းသားတွေ ဆယ်နှစ်တာ တက်ရောက်ခွင့်မရရှိခဲ့တဲ့ စစ်တွေ တက္ကသိုလ်မှာ ရိုဟင်ဂျာကျောင်းသားတွေ ပြန်တက်ရောက်ခွင့်ရအောင် ရခိုင်ကျောင်းသားသမဂ္ဂက ရိုဟင်ဂျာ ကျောင်းသားသမဂ္ဂနဲ့လက်တွဲကာ ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

 

ဒီဖြစ်စဥ်တွေအပြင် နှစ်ဖက်လူ့အဖွဲ့အစည်းကြားက ချစ်ကြည်ရင်းနှီးမှုတွေကို ပေါ်လွင်ထင်ရှားစေတဲ့ တခြားဖြစ် စဥ်တွေလည်း ရှိပါသေးတယ်။

 

မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူဘုရားပေါင်း ဘုရားအနေကဇာတင်ပွဲမှာ ရိုဟင်ဂျာနဲ့ ရခိုင် တို့ကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေဖို့ ရည်ရွယ်ပြီး ရခိုင်ရိုးရာကျင်ပွဲနဲ့ ရိုဟင်ဂျာကျင်ပွဲကို ထည့်သွင်းခဲ့ ကြပါတယ်။

 

အဲဒီဘုရားပွဲတော်မှာ ကံဖေတိုက်နယ်အတွင်းရှိ ရခိုင်ရွာ ၁၄ ရွာနဲ့ ရိုဟင်ဂျာရွာ ရွာက ဒေသခံအားလုံး ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပြီး အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာတွေက တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရ ပါတယ်။

 

ဒါ့အပြင် စစ်တွေမြို့နယ်ထဲက ဖွဲရာကုန်းဒုက္ခသည်စခန်းမှာ အဲဒီစခန်းရဲ့ တာဝန်ခံဖြစ်သူ အုစ်ဖာန်ဂေါ်နီဟာ ၂၀၁၂ ကနေ ၂၀၂၂ အထိ ဆယ်နှစ်တာကာလအတွင်း စခန်းထဲက ဆယ်ကျော်သက် ကလေးငယ်တွေ၊ မုဆိုးမတွေ၊ အိမ် ထောင်ရှင် အမျိုးသမီးတွေနဲ့ စိတ်ကျန်းမာရေးချို့တဲ့သူတွေ အပါအဝင် အမျိုးသမီး ၄၅ ဦးကို တုတ်၊ ဓားပြခြိမ်း ခြောက်ကာ အတင်းအဓမ္မပြုကျင့်ခဲ့ပါတယ်။

 

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး နစ်နာသူ ရိုဟင်ဂျာအမျိုးသမီးတွေကို တရားမျှတမှုရရှိအောင် စစ်တွေအခြေစိုက် ရခိုင်အမျိုးသမီးအဖွဲ့အစည်း ဖွဲ့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။

 

နှစ်ဖက်အသိုင်းအဝိုင်းဆက်ဆံရေး အထိုက်အလျောက် ပြန်လည်ကောင်းမွန်လာတာကြောင့် အစ္စလာမ်ဘာသာ ဝင် ရိုဟင်ဂျာတွေရဲ့ အစ်ပွဲတော်မှာလည်း ရခိုင်မိတ်ဆွေတွေ လာရောက်လည်ပတ်တာတွေ ရှိလာခဲ့ပါတယ်။

 

ကျနော်ကတော့ အကုန် စစ်ပွဲတွေလည်း ပြီးစေချင်တယ်ဗျာ။ ရခိုင်နဲ့ ရိုဟင်ဂျာတွေတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ ပို လိုတယ်

 

 

ဒီလိုလုပ်ဆောင်မှုတွေဟာ လူ့အဖွဲ့အစည်းနှစ်ခုအကြားက အမုန်းတရားတွေကို ချေဖျက်ပေးပြီး အရင်လို သဟ ဇာတရှိရှိ သင့်သင့်မြတ်မြတ် ပြန်လည်နေထိုင်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေတယ်လို့ ရခိုင် ပြည်သူတချို့က သုံးသပ်ပြောဆိုထားကြပါတယ်။

 

ဒါပေမယ့်လည်း AA ရဲ့ ဦးဆောင်မှုအောက်မှာ နှစ်ဖက်အသိုင်းအဝိုင်းက အပြန်အလှန်တည်ဆောက်ခဲ့ကြလို့ ပြန် လည်ကောင်းမွန် လာတဲ့ဆက်ဆံရေးဟာ ပဋိပက္ခဖြစ်ပွားအောင်ဖန်တီးနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်မှုတွေရှိ လာနေတယ်လို့ စစ်တွေမြို့မှ အိမ်ထောင်သည် ရခိုင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

 

စစ်တွေမြို့နယ်၊ သက္ကပြင်ကျေးရွာမှ အသက် ၃၈ နှစ်အရွယ်ရှိ ရိုဟင်ဂျာအမျိုးသားတစ်ဦးကကျနော်ကတော့ အကုန် စစ်ပွဲတွေလည်း ပြီးစေချင်တယ်ဗျာ။ ရခိုင်နဲ့ ရိုဟင်ဂျာတွေတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ ပို လိုတယ်။ ဒါတွေအားလုံးက စစ်တပ်က လုပ်နေတယ်ဆိုတာကို ရခိုင်ပြည်သူတွေ အားလုံးသိစေချင်တယ်။ AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲကြားမှာ ကျနော်တော့ ပြည်သူတွေ မညှပ်နေစေချင်ဘူးဗျာ။လို့ ပြောပါတယ်။

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တောဒေသရှိ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို အာရက္ခတပ်တော်က မေလ ၂၀ ရက်မှာ ထုတ်ပြန်ချက်ထုတ် ငြင်းဆိုထားပါတယ်။ အဲဒီလုပ်ရပ်တွေ၊ သတင်းအချက်အလက်တွေဟာ RSO, ARSA, ARA စတဲ့ လက်နက်ကိုင်အဖွဲ့တွေအပြင် နိုင်ငံတကာရောက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်ကျိုး ရှာမှုနဲ့ စစ်ကောင်စီရဲ့အာဘော်နဲ့ ထပ်တူညီတဲ့ပုလင်းတူဗူးဆို့လုပ်ရပ်တွေလို့လည်း စွပ်စွဲခဲ့ပါသေးတယ်။

 

အခြားတစ်ဖက်မှာတော့ AA အနေနဲ့ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုသုံးစွဲဖို့ လက်တွန့်နေဆဲဖြစ်ပြီး အဲဒီအစားမူဆလင်လို့သာ သုံးစွဲနေတာ တွေ့ရပါတယ်။

 

လှုပ်ရှားတက်ကြွသူတစ်ဦးဖြစ်သူ ရိုနေဆန်းလွင်ကတော့ လက်ရှိအခြေအနေမှာ အဓိကကြတဲ့ ပြဿနာတစ်ခု က အာရက္ခတပ်တော် AA ရဲ့ ခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေအကြားမှာ ထိတွေ့မှု လုံးဝမရှိတာ ဖြစ်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေဖက်က တွေ့ဆုံဆွေးနွေးဖို့ အမြဲအဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြော ဆိုနေပေမယ့် AA ဖက်က ပြန်ချဥ်းကပ်လာတာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

 

လက်ရှိ စစ်ကောင်စီရဲ့ ပဋိပက္ခဖန်တီးနေတာနဲ့ ပတ်သက်လို့လည်း သူက အခုလို မှတ်ချက်ပြုပါတယ်။

 

လူတွေရဲ့အသိတရားထဲမှာ တစ်ခုရှိတာကတော့ စစ်ကောင်စီထောင်ပေးထားတဲ့ ထောင်ချောက်အတိုင်း ဝင်သွား မယ်ဆိုလို့ရှိရင် နစ်နာမှုက နှစ်ဖက်အသိုင်းအဝိုင်းနှစ်ခုစလုံးမှာဖြစ်လာမယ်။ ပြန်ပြီးနလန်ထူဖို့လည်း တော်တော် လေးခက်လာမယ်။ ၂၀၁၂ တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဒါကအနီးစပ်ဆုံး ဥပမာတစ်ခုရှိနေတော့ ဒါကို ဘယ်သူ့မှ တွန်းအားတော့ မပေးကြဖို့ပေါ့နော်။ သည်းခံနိုင်သလောက် စိတ်ရှည်သည်းခံပြီးတော့ ဘယ်လို ပုံစံနဲ့ ဖြေရှင်းမလဲဆိုတဲ့ အနေအထားကိုပဲ စောင့်ကြည့်နေတယ်

 

ပုံစာ- ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်က ရိုဟင်ဂျာများကို ၂၀၁၇ ခုနှစ်ကတွေ့ရစဉ်

 

Burma Associated Press

ရိုဟင်ဂျာ
စစ်ကောင်စီ
ဒုက္ခသည်
စစ်မှုထမ်းဥပဒေ
အရပ်သား
ရခိုင့်တပ်တော်

Share With
bap-logo