bap-logo
Politics

"လွတ်လပ်ခါမှ အမျှဝေမယ်” ဇာတ်ကား ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ တစ်လလုံး ပြသသွားမည်

6erOvL9PHaN2L7xXg6C1h-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃။

 

လူရွှင်တော်၂ ဦးဖြစ်သော သီးလေးသီးအဖွဲ့ဝင် ကိုစိန်သီးနှင့် 5 Star လူရွှင်တော်အဖွဲ့ဝင် ကိုအောင်သော် တို့ ဖန်တီးထားသည့် "လွတ်လပ်ခါမှ အမျှဝေမယ်” တော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်ကားကို ကိုရီးယားနိုင်ငံတွင် ဖေဖော်ဝါရီ တစ်လလုံးပြသသွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ "လွတ်လပ်ခါမှ အမျှဝေမယ်” တော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်ကားကို ကိုရီးယားနိုင်ငံ၊ ဂယောင်နမ် ပြည်နယ်၊ ချန်းဝမ်မြို့ရှိ အနုပညာရုံကြီးများတွင် ပထမဦးဆုံးအနေဖြင့် လက်မှတ်တစ်စောင်လျှင် ဝမ် ၃၀,၀၀၀ ဖြင့် ဖေဖော်ဝါရီလ ၅ ရက်မှ စ၍ ပြသနေပြီ ဖြစ်သည်။

 

" ၂လပိုင်း တစ်လလုံးက ကိုရီးယားမှာပြမယ်။ ၃လပိုင်းမှာတော့ တခြားနိုင်ငံတွေပါမယ်။ မြေပြင် အဖွဲ့တွေ အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးပိုင်းကို အဓိကထားပြီး ကျနော်တို့တတ်တဲ့ပညာနဲ့ ကူညီထောက်ပံ့တဲ့ သဘောပါ" ဟု ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ကိုစိန်သီးက ဆိုထားသည်။

 

အဆိုပါတော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို ကိုရီးယားအပြင် ထိုင်း၊ မလေးရှား၊ ဂျပန်၊ အမေရိကန်နှင့် ကနေဒါအစ ရှိသည့် နိုင်ငံများတွင် ဆက်လက်ရုံတင်ပြသသွားမည်ဖြစ်ပြီး၊ အွန်လိုင်းမှလည်း ကြည့်ရှုနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။

 

အဆိုပါ တော်လှန်ရေးဖြစ်ရပ်မှန်ဇာတ်လမ်းမှ ရရှိလာသည့် ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှတစ်ဆင့် မြေပြင်တော်လှန်ရေးအင်အားစုများနှင့် CDM အနုပညာရှင် များကို ခွဲဝေပေးအပ်သွား မည်ဖြစ်ကြောင်းသိရသည်။

 

ယင်းဇာတ်လမ်းမှာ၂၀၂၁ ခုနှစ်တွင်ကရင်နီဒေသရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း တစ်ခုတွင် ဖြစ်ပျက်ခဲ့သည့်ဖြစ်ရပ်မှန်ကို အခြေခံကာရိုက်ကူးထားပြီး၊ တော်လှန်ရေးရဲ ဘော်များပါဝင် သရုပ်ဆောင်ထားကာ၊ ဇာတ်ကားကြာမြင့်ချိန်မှာ မိနစ် ၄၀ ရှိကြောင်းသိရသည်။

 

Burma Associated Press

 

KNDF
တော်လှန်ရေး
မှတ်တမ်းရုပ်ရှင်

Share With
bap-logo