bap-logo
Politics

လူ့သက်တမ်းတိုစေသည့် အဓိက အန္တရာယ်ဖြစ်လာသော တောင်အာရှ လေထုညစ်ညမ်းမှု

6c8dkg84lfYk3kFf15Gox-image

လွန်ခဲ့သော တစ်နှစ် က

ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးဒေသများထဲမှ တစ်ခုဖြစ်သော တောင်အာရှတွင် လေထုညစ်ညမ်းမှုမြင့်တက်လာခြင်းက လူ့သက်တမ်းကို တစ်ဦးလျှင် ငါးနှစ်အထက် တိုစေနိုင်သည်ဟု အင်္ဂါနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

 

ကမ္ဘာ့‌လေထုညစ်ညမ်အေများဆုံး နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင် ပါကစ္စတန်နိုင်ငံတို့ပါဝင်သည့် ဒေသသည် လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာတစ်ဝှမ်းလုံး၏ သက်တမ်းတစ်ဝက်ကျော် ဆုံးရှုံးခဲ့ရသည်ဟု ချီကာဂိုတက္ကသိုလ်၏ စွမ်းအင်မူဝါဒအင်စတီကျူ Energy Policy Institute (EPIC) က ၎င်းတို့၏ လေထုအရည်အသွေး သက်တမ်းညွှန်းကိန်းတွင် ဖော်ပြထားသည်။

 

စက်မှုလုပ်ငန်းနှင့် လူဦးရေ တိုးတက်မှု လျှင်မြန်စွာ တိုးတက်လာခြင်းက တောင်အာရှတွင် လေထုအရည်အသွေး ပိုမိုကျဆင်းလာစေသည်။ ၎င်းဒေသတွင် အမှုန်အမွှားပျံ့နှံ့မှုအဆင့်မှာ ရာစုနှစ်အစပိုင်းထက် လက်ရှိတွင် ၅၀အထက် ပိုမိုများပြားလာပြီး ပိုမိုကြီးမားသည့်ကျန်းမာရေးခြိမ်းခြောက်မှု ဖြစ်ပေါ်စေသည်။

 

ကမ္ဘာ့လေထုအညစ်ညမ်းဆုံး ဘင်္ဂလားဒေ့ရှ်မှ လူထုသည် တစ်ဦးလျှင် ပျမ်းမျှ အသက် ၆.၈ နှစ် တိုတောင်းနိုင်ပြီး အမေရိကန်နိုင်ငံမှ ၃.၆ လ တိုတောင်းနိုင်မှုနှင့် နှိုင်းယှဉ်ကြည့်ရှုနိုင်သည်ဟု လေ့လာမှုတွင် တွေ့ရှိရသည်။ ၎င်းလေ့လာမှုက ဂြိုဟ်တုအချက်အလက်များကို အသုံးပြု၍ လေထုထဲမှ အမှုန်များတိုးပွားလာမှုက လူ့သက်တမ်းအပေါ် သက်ရောက်မှုကို တွက်ချက်ထားခြင်းဖြစ်သည်။

 

အိန္ဒိယနိုင်ငံသည် ၂၀၁၃ ခုနှစ်ကစ၍ ၅၉မြင့်တက်လာသော ကမ္ဘာ့လေုညစ်ညမ်းမှုအတွက် တာဝန်ရှိသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။ ၎င်းနိုင်ငံမှ အချို့သော လေထုညစ်ညမ်းမှု ပိုမိုများပြားသည့် ဒေသများတွင် လူ့သက်တမ်းတိုတောင်းစေသည့် အန္တရာယ် ပိုမိုခြိမ်းခြောက်ခံနေရသည်ဟုလည်း ဖော်ပြထားသည်။ လူဦးရေထူထပ်ပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ကြီးဖြစ်သည့် နယူးဒေလီတွင် လူ့သက်တမ်း ပျမ်းမျှ ၁၀ နှစ် အထက် တိုတောင်းစေနိုင်သည်။

 

PM 2.5 ဟု သိရှိကြသည့် အဆုတ်ထိခိုက်စေသော လေထုအမှုန်အမွှားများအဆင့် ကမ္ဘာအဝှမ်းလျှော့ချခြင်းအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က တိုက်တွန်းအကြံပြုသည်မှာ လူ့သက်တမ်း ပျမ်းမျှ ၂.၃ နှစ် တိုးတက်စေရေး သို့မဟုတ် စုပေါင်း၍ ၁၇.၈ ဘီလီယံနှစ် တိုးတက်စေရေးဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

 

WHO လမ်းညွှန်ချက်အတိုင်း ပျမ်းမျှ နှစ်ပတ်လည် PM 2.5 ထူထပ်မှုကို ၁ ကုဗမီတာ လျှင် ၅ မိုက်ခရိုဂရမ်သို့ ကန့်သတ်နိုင်ပါက ပါကစ္စတန်တွင် လူ့သက်တမ်း ပျမ်းမျှ ၃.၉ နှစ် သို့ တိုးတက်ရရှိနိုင်ပြီး နီပေါတွင် ၄.၆ နှစ် ပိုမို အသက်ရှည်စေနိုင်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

 

တရုတ်နိုင်ငံသည် ၂၀၁၃ နှင့် ၂၀၂၁ ခုနှစ်အတွင်း လေထုညစ်ညမ်းမှု ၄၂.ရာခိုင်နှုန်းသို့ လျှော့ချရန် လုပ်ဆောင်ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားပြီး လေထုညစ်ညမ်းမှု လျော့ချရန် လက်လှမ်းမီစေသည့် အချက်အလက်ကိရိယာများ ကမ္ဘာအဝှမ်းမညီမျှမှု မဖြစ်ပေါ်စေရေး အစိုးရများ၏ လေထုအရည်အသွေးအချက်အလက် ထုတ်ပြန်ရေး အရေးကြီးကြောင်းလည်း ဖော်ပြထားသည်။

 

ကိုးကား - Reuters

ပုံစာ အောက်တိုဘာ ၃၁ ရက် ၂၀၂၂ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုအတွက် မနက်အစောပိုင်းတွင် မီးခိုးမြူများ ထူထပ်နေသည့်အကြား လူအများစုဝေးနေစဉ်။ (Photo: Reuters)

 

Burma Assoicated Press

လေထုညစ်ညမ်းမှု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
လူဦးရေ

Share With
bap-logo