bap-logo
Data

Wednesday Facts

59QNS4x8WNUuMHJwl_xkT-image

လွန်ခဲ့သော တစ်နှစ် က

‌အောက်တိုဘာ ၁၈။

 

BAP ရဲ့ အခုတစ်ပတ် Wednesday facts အစီအစဉ်မှာတော့ အောက်တိုဘာ ၁၃ ရက်ကနေ ၁၆ ရက်အထိ သတင်းဖြစ်စဉ်တွေထဲကနေ ထင်ရှားခဲ့တဲ့ ကိန်းဂဏန်းတွေကို တင်ဆက်ထားပါတယ်။

 

၁၀၇

 

 ISP-Myanmar က စစ်တမ်းယူခဲ့တဲ့ မြို့နယ် ၁၁၀ ထဲက အများဆုံး ၁၀၇ မြို့နယ် (၉၇ ရာခိုင်နှုန်း) က မြို့နယ်အဆင့်ရုံးတွေမှာ ငွေကြေးလာဘ်ထိုးမှုကို အများဆုံး တွေ့ရှိရတယ်လို့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

 

၅၀၂

 

 အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း ၁၀ ဦးနဲ့အထက် အစုံအပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၂၂ ခုရှိခဲ့ပြီး အရပ်သား ၅၀၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ISP-Myanmar က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

 

၇၁၇,၆၂၆

 

ကေအဲန်ယူထိန်းချုပ်နယ်မြေမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၇၁၇,၆၂၆ ဦးအထိ ရှိလာပြီလို့ ကေအဲန်ယူ- ဗဟိုက အောက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

 

၁၂

 

BAP ရဲ့ စာရင်းပြုစုချက်အရ စစ်ကိုင်းတိုင်း ယင်းမာပင်၊ ခင်ဦးနဲ့ အရာတော်မြို့နယ်တွေမှာ အောက်တိုဘာ ၁၅ ရက်ကနေ ၁၆ ရက်အထိ နှစ်ရက်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးချိန် အသတ်ခံရသူ ၁၂ ဦးအထိ ရှိနေတယ်လို့ သိရပါတယ်။

 

,၃၄၉

 

မြန်မာနိုင်ငံထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရသူ တရုတ်နိုင်ငံသား ,၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

 

Burma Associated Press

Wednesday Facts

Related Articles

Share With
bap-logo