bap-logo
Politics

နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းများ မြန်မာဗဟိုဘဏ် တင်းကျပ်

3Vp8Lt7VBmB4lYQr14M_M-image

လွန်ခဲ့သော တစ်နှစ် က

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေစဉ်တွင် မြန်မာဗဟိုဘဏ်က ဘဏ်များနှင့် ကုန်သည်များကို နိုင်ငံခြားငွေ လဲ လှယ်ရာတွင် ခွင့်ပြုထားသော အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်းဖြင့်သာ အရောင်းအဝယ်ပြုရန် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

 

စစ်တပ်အုပ်ချုပ်နေသော နိုင်ငံ၏ အာဏာပိုင်များက နိုင်ငံခြားငွေ စီးဆင်းမှုကို ထိန်းချုပ်ရန် အားထုတ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမိန့်ထုတ်ပြန်ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် အစောပိုင်း အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

 

ဘဏ်များအနေဖြင့် အွန်လိုင်းပလက်ဖောင်းပြင်ပတွင် ညှိနှိုင်း၍ ငွေကြေးလဲလှယ်ပါက ဒဏ်တပ်ခံရမည်ဖြစ်ပြီး လိုင်စင် ရုပ်သိမ်းခံရနိုင်ချေရှိသည်ဟု ဗဟိုဘဏ်၏ အမိန့်တွင် ဖော်ပြထားပြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၏ ဝက်ဘ်ဆိုက်တွင် သောကြာနေ့က အသေးစိတ်ဖော်ပြထားသည်။

 

အမိန့်ထုတ်ပြန်သည့်နေ့ဖြစ်သော ဂျွန်လ ၂၂ ရက်နေ့တွင် တရားဝင် ဗဟိုဘဏ် ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၂၉၀၀ ကျပ် သတ်မှတ်ထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လတွင် တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်မှ ၂၁၀၀ ကျပ်သို့ မြန်မာငွေတန်ဖိုး ကျဆင်းသွားသည်။

 

ငွေကြေးဈေးကွက်သည် မှောင်ခိုဈေးကွက်နှုန်းထားဖြင့် ကုန်သွယ်လဲလှယ်မှု ကောင်းမွန်စွာ လုပ်ဆောင်နိုင်လေ့ ရှိကြသည်။

 

ဗဟိုဘဏ်သည် ယခင်က ကျပ်ငွေ တန်ဖိုး မြင့်တက်လာစေရန် ထိန်းချုပ်ညွှန်ကြားမှုများ ပြုလုပ်လေ့ရှိသည်။

 

၎င်း ထိန်းချုပ်ညွှန်ကြားမှုများမှာ ပြည်တွင်း နိုင်ငံခြားဝင်ငွေ၏ ၆၅ % ကို လိုင်စင်ရဘဏ်တွင် အပ်နှံရန်၊ ရုံးဖွင့်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေသို့ လဲလှယ်ရန်၊ ဒေသတွင်း အစိုးရဌာနများက ပြည်တွင်း ငွေပေးချေ လွှဲပြောင်းမှုများကို နိုင်ငံခြားငွေဖြင့် ပေးချေလွှဲပြောင်းခြင်းမပြုရန်နှင့် နိုင်ငံခြားချေးငွေ ပေးဆပ်ခြင်းများကို ဆိုင်းငံ့ထားရန်တို့ဖြစ်သည်။

 

ကိုးကား - Reuters

 

ပုံစာ - မတ်လ ၁၅ ရက် ၂၀၂၁ ခုနှစ်က မြန်မာငွေကြေးကိုင်ဆောင် ပြသနေသော အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး။ (Photo: REUTERS/Rupak De Chowdhuri )

 

ဗဟိုဘဏ်

Share With
bap-logo