bap-logo
Data

တစ်နှစ်အတွင်း ထိုင်းကို တရားမဝင် ဝင်ရောက်တဲ့ မြန်မာ ၁,၈၀၀ ကျော် အဖမ်းခံရ

E3ook0eD20ao_Wc_SsWZN-image

လွန်ခဲ့သော ၉ လ က

ဒီဇင်ဘာ ၂၁။

 

ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်များမှတဆင့် BAP က စာရင်းပြုစုထားချက်များအရ ယခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁,၈၁၇ ဦးထက်မနည်း အဖမ်းခံခဲ့ရသည်။

 

အများစုအဖမ်းခံရသည့်နေရာမှာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နှင့် ရနောင်းခရိုင်ဖြစ်ပြီး ဖမ်းဆီးခံရမှု အကြိမ်ရေ အားဖြင့် ၃၆ ကြိမ်ထိ ရှိခဲ့သည်။

 

တစ်နှစ်ပတ်လုံးအနေဖြင့် ဖမ်းဆီးခံရမှုအကြိမ်ရေ ၉၀ ထက်မနည်းရှိပြီး ထိုကဲ့သို့ အဖမ်းခံရမှုများတွင် ကလေး ၅၉ ဦး ပါဝင်ကြောင်း BAP ၏ စာရင်းပြုစုထားချက်အရ သိရသည်။

 

ဒါ့အပြင် ဖမ်းဆီးခံရချိန် ကားမောင်းထွက်ပြေးရာမှ ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၁ ဦး ရှိခဲ့သည်။

 

ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရန် ပွဲစားခအနေဖြင့် ဘတ် ၁၅,၀၀၀ မှ ၇၀,၀၀၀ အထိ ပေးရပြီး ထိုင်းနှင့် ထိုင်းမှတဆင့် မလေးရှားသို့ ဝင်ရောက်အလုပ်လုပ်ကိုင်မည့်သူများ ဖြစ်သည်ဟု သိရသည်။

 

BAP က စာရင်းပြုစုထားချက်အရ နှစ်စမှ နှစ်ကုန်ပိုင်းအထိ ပွဲစားခ ပိုမြင့်တက်လာကြောင်း တွေ့ရှိ ရသည်။

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅ သန်းမှ ၆ သန်းခန့်အထိ ရှိပြီး ထိုထဲတွင် တရားဝင် အလုပ်လုပ်ကိုင်နေသူ ၂ သန်းနီးပါး ရှိပြီး အများစုက တရားမဝင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

 

ပုံစာ- ယခုနှစ် နိုဝင်ဘာ ၂၄ ရက်က တာ့ခ်ခရိုင်၊ မဲဆောက်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား တွေ့ရစဉ်။

 

ဓာတ်ပုံ- Ratchamanu Task force

 

Burma Associated Press

ထိုင်းနိုင်ငံ
မြန်မာ
ရွေ့ပြောင်းအလုပ်သမား
အဖမ်းခံရ

Share With
bap-logo