bap-logo
Politics

အိန္ဒိယ အနောက်မြောက်ဘက် ပြည်နယ်တွင် အကြမ်းဖက်ပစ်ခတ်မှုကြောင့် အနည်းဆုံး နှစ်ဦးသေဆုံး

1GR56UdB9P1t-BFoXT9oO-image

လွန်ခဲ့သော တစ်နှစ် က

တိုင်းရင်းသားများအကြား ပဋိပက္ခဖြစ်ပွားမှု ရာဇဝင်ရှိသည့် အိန္ဒိယအနောက်မြောက်ဘက် ပြည်နယ်တွင် လက်နက်ကိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှု အပြန်အလှန် ဖြစ်ပွားပြီး အနည်းဆုံး နှစ်ဦး သေဆုံးသည်ဟု ရဲတပ်ဖွဲ့က စနေနေ့က ပြောကြားသည်။

 

ပစ်ခတ်မှုမှာ မနီပူရ်ပြည်နယ် Pallel ရွာတွင် သောကြာနေ့က ဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပစ်ခတ်မှုသတင်း ပျံ့နှံ့နေစဉ်မှာပင် လူများစု Meiti အသိုင်းအဝိုင်းမှ လူရာပေါင်းများစွာသည် လူနည်းစု Kuki တိုင်းရင်းသားအစုအဖွဲ့များ၏ တိုက်ခိုက်မှုခံရမည်ကို စိုးရိမ်ရသည့်နေရာသို့ အလျင်အမြန် ရောက်ရှိလာကြသည်။

 

ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။ စစ်တပ်အရာရှိတစ်ဦးနှင့် ရဲသုံးဦးအပါအဝင် လူပေါင်း ၁၄၀ ဦး ဒဏ်ရာရရှိခဲ့ကြသည်ဟုလည်း ပြောကြားသည်။

 

ရဲတပ်ဖွဲ့က သောကြာနေ့တွင် နှစ်ဦးသေဆုံးကြောင်း ဖော်ပြခဲ့ကြသော်လည်း Press Trust of India သတင်းအေဂျင်စီကမူ စနေနေ့က ဆေးရုံတွင် ဦးခေါင်းဒဏ်ရာရရှိထားသူ နောက်တစ်ဦးကို လက်လျော့ လိုက်ရသည်ဟု ဖော်ပြသည်။

 

ပစ်ခတ်မှုမှာ ပြိုင်ဘက် အသိုင်းအဝိုင်းများအကြား ဖြစ်ပွားခြင်းမဟုတ်ကြောင်း သို့သော် အမည်မသိ လက်နက်ကိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များ အကြား ဖြစ်ပွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က တွစ်တာတွင် ဖော်ပြထားသည်။

 

မနီပူရ်သည် မေလအစောပိုင်းက စတင်၍ အဓိက လွှမ်းမိုးထားသည့် တိုင်းရင်းသားအုပ်စု နှစ်ခုအကြား အကြမ်းဖက်မှုများ၏ဒဏ်ကို ခံခဲ့ရသည်။ လူပေါင်း ၁၅၀ အထက် သေဆုံးခဲ့ပြီး ၆၀ ၀၀၀ ကျော် နေရာပြောင်းရွှေ့ခဲ့ကြရသည်။

 

မတည်ငြိမ်မှုများသည် ဟိန္ဒူအများစုဖြစ်သော Meiti တို့က ခရစ်ယာန် ကူကီနှင့် အခြား မျိုးနွယ်စုအဖွဲ့များ အများစုနေထိုင်ကြသည့် တောင်တန်းဒေသတွင် မြေဝယ်ခွင့် အထူးအခြေအနေတစ်ရပ် တောင်းဆိုသည်ကို ကူကီတို့က ဆန့်ကျင်ဆန္ဒပြရာမှ စတင်ခဲ့သည်။ ပဋိပက္ခများသည် တောင်များ ကာရန်ထားသော လူဦးရေ . သန်း ရှိသည့် အိန္ဒိယ-မြန်မာ နယ်စပ် မနီပူရ်ပြည်နယ်တွင် စစ်တပ်ဝင်ရောက်လာသော်လည်း ဆက်လက်ဖြစ်ပွားခဲ့သည်။

 

ကိုးကား - AP

ပုံစာ - ဂျွန်လ ၂၀ ရက် ၂၀၂၃ ခုနှစ် Churachandpur ခရိုင်၊ မနီပူရ်ပြည်နယ်ရှိ တိုင်းရင်းသားအစုနှစ်ခုအကြား တရားဝင်မဟုတ်သော်လည်း နားလည်မှုဖြင့် နယ်မြေပိုင်းခြားထားသည့် ရှေ့တန်းတွင် ကူကီအသိုင်းအဝိုင်းမှ လက်နက်ကိုင်များ ကင်းလှည့်နေစဉ်။ (Photo: AP Photo/Altaf Qadri, File)

 

အိန္ဒိယ
မနီပူရ်
ပဋိပက္ခ

Share With
bap-logo