Opinion
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌထံပေးစာ (၈၇)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌခင်ဗျာ ဒီရက်ပိုင်း သတင်းစာတွေမှာ ရုရှား-မြန်မာ ဆက်ဆံရေး တနည်းအားဖြင့် ဈေးသည် နဲ့ ဈေးဝယ် ဖောက်သည်ချင်း အပြန်အလှန် ဘုန်းတော်ဘွဲ့တွေ မြင်ရပါတယ်။
တစ်ဖက်နဲ့တစ်ဖက် စာပို့တဲ့နေရာမှာ သက်ဆိုင်ရာခေါင်းဆောင်ရဲ့ နာမည်နဲ့ ရာထူးအလိုက် ပို့ကြတာ တွေ့ရပါ တယ်။ ရုရှားဆီကို မြန်မာဘက်ကပို့တဲ့ ဘုန်းတော်ဘွဲ့ သဝဏ်လွှာမှာ သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် စသည် ရာထူးပြောင်းရင် နာမည်တွေလိုက်ပြောင်းပေမဲ့ ဟိုဘက် ပြန်ပို့တဲ့စာမှာတော့ ရာထူးသာ ပြောင်းတယ် နာမည်ကတော့ မစ္စတာမင်းအောင်လှိုင်မှ မစ္စတာမင်းအောင်လှိုင် တစ်ယောက်ထဲ ဖြစ်နေတော့ သကိုး။ ပိုင်ပါပေ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရယ်။ ရုံးခန်းက စာရိုက်ရတဲ့လူတွေ သက်သာတာပေါ့ ခင်ဗျာ။
မောင်စကလည်း စိန်ရတုအထိန်းအမှတ်အနေနဲ့ ရုစကီးတွေဆီကို ဘော်ဂါလေးမှီဝဲဖို့ အိတ်စကားရှင်းလေး ထွက်ချင်ပေမဲ့ အခုချိန်မှာ ဘယ်နိုင်ငံသွားသွား ဗုဒ္ဓဂါယာဘက်က လှည့်ဝင်ရမယ် ဆိုလာတာကြောင့် လက်လျှော့ လိုက်ရပါတယ်။
တိုင်းတစ်ပါးထွက်တဲ့လူတွေကို ဘုရားလည်းဖူး လိပ်ဥလည်းတူးလို့ရအောင် နိဗ္ဗာန်လမ်းဖွင့်ပေးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ သောက်ကျိုးနည်း စေတနာတွေပေါ့ခင်ဗျာ။
အံမယ် မောင်စကတို့သာ မလွယ်တာ လွယ်တဲ့လူတွေကျတော့လည်း နာမည် သုံးလေးမျိုးနဲ့ တိုင်းတစ်ပါး ခိုးခိုး ထွက်နေကြတော့သကိုး။ တိုင်းပြည်မှာ ခိုးစရာရှားလို့ နာမည်နဲ့ လမ်းခရီးကအစ ခိုးနေရတာ မြင်တော့ ပြည်ထောင်စု အခိုးရ အဖွဲ့ရဲ့ နောက်ထပ် စေတနာတွေပေါ့ခင်ဗျာ။
သွားမလည်ရမဲ့အတူတူ စိန်ရတုအထိမ်းအမှတ်အနေနဲ့ မြန်မာပြည်ထဲက ဘော်ဂါတွေ ဈေးချပေးရင်တော့ သိပ်ကောင်းမှာပါပဲခင်ဗျာ။
အခုဆိုရင် ပါချင်မှန်းမသိ မပါချင်မှန်းမသိ လူပြည့်အောင် အတင်းလိုက်ဖြည့်နေတဲ့ ပြည်ထောင်စု အခိုးရအဖွဲ့ အပြောင်းအလဲမှာ သံခင်းတမန်ခင်းကလည်း အားရစရာပါပဲ။
ခြေလှမ်းသွက်နေတဲ့ နုဂျီရဲ့ ယူကေနဲ့ ဝါရှင်တန်က ပုံတွေကိုမြင်ပြီး ဆွေ့ဆွေ့ခုန်နေချိန် ခွေးခြေခုံလေး တစ်လုံး ပေးပြီး တောသားဗိုလ်ချုပ်တွေ သွားရည်တများများကျအောင် ခေါ်ခေါ်ပြတဲ့ ကော်ဘရာဂိုးလ် ဆိုတာကြီးက ထပ်မံ ပလစ်လိုက်ပြန်တယ် မဟုတ်လား။
အားမငယ်ပါနဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ အဟောင်းတန်းကနေ ဈေးပေါင်ကျိုးနဲ့ရထားတဲ့ ရေငုပ် သင်္ဘော နှစ်စီးကို ရန်ကုန်မြစ်ဝမှာချ တစ်ဖက်ကို ခြေတစ်ဖက်တင်ပြီး မြန်မာ့နည်းမြန်မာ့ဟန် တီကောင်ဂိုးလ်ဆိုပြီး လုပ်လိုက်ဖို့ စေတနာပရဗွနဲ့ အကြံပြုရင်း စာကို အဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က