bap-logo
International

Bloomberg News သတင်းအရ အိန္ဒိယက မဟာဗျူဟာမြောက် မြေရှားဓာတ်သတ္တုသိုက်တစ်ခု တည်ဆောက်ရန် စီစဉ်နေ

zoHlRW1LeO0ZgNcDbaU2x-image

လွန်ခဲ့သော ၂ နာရီ က

BAP၊ ဘာသာပြန်။

 

အိန္ဒိယသည် ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်ရေးများတွင် အရေးပေါ်အသုံးပြုနိုင်ရန်အတွက် မဟာဗျူဟာမြောက် အရေးကြီးသတ္တုတွင်းထွက်များ သိုလှောင်ရန် စဉ်းစားနေကြောင်း ကာကွယ်ရေးအရာရှိတစ်ဦးကို ကိုးကား၍ Bloomberg News က စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါ အရေးကြီးသတ္တုတွင်းထွက်များနှင့် သတ္တုသိုက်များကို “လိုအပ်သည့်အခါ အရေးပေါ်လို အပ်ချက်ကို ကျော်လွှားရန်” အသုံးပြုမည်ဟု နယူးဒေလီမြို့တွင် မီဒီယာပွဲတစ်ခု၌ ပြောကြားခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိ Rajesh Kumar Singh ၏ စကားကို ကိုးကား၍ သတင်းတွင် ထပ်လောင်းဖော်ပြထားသည်။

 

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးရုံးက မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ Reuters က အဆိုပါသတင်းကို ချက်ချင်း အတည်ပြုနိုင်ခြင်း မရှိပါ။

 

အိန္ဒိယသည် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပုံမှန်မဟုတ်ဘဲ ထူးခြားစွာ ထိတွေ့ဆက်ဆံမှု ပြုလုပ်ပြီး တရုတ်နိုင်ငံမှ တင်သွင်းမှုနှင့် ကွဲပြားခြားနားသော လမ်း‌ကြောင်းသစ်အဖြစ် မြန်မာနိုင်ငံရှိ မြေရှားဓာတ်သတ္တုတွင်းများကို တိတ်တဆိတ် ထုတ်ယူနေကြောင်း Reuters က ယခုလအတွင်း သတင်းဖော်ပြခဲ့သည်။

 

တရုတ်အစိုးရက ၎င်း၏ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲတွင် ပထဝီဝင်နိုင်ငံရေးအရ အားသာချက်ရယူရန်အတွက် ယခုနှစ်အတွင်း အိန္ဒိယကဲ့သို့သော အဓိက စီးပွားရေးနိုင်ငံများသို့ ပြုပြင်ပြီးသား မြေရှားဓာတ်သတ္တုများ တင်ပို့မှုကို သိသိသာသာ ကန့်သတ်ခဲ့ကြောင်း ရိုက်တာက သတင်းထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယတွင် အရေးကြီးသော သတ္တုတွင်းထွက်များ ပမာဏအသင့်အတင့် ရရှိထားပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း Singh က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

ကိုးကား - Reuters

ပုံစာ -၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြေရှားဓာတ်သတ္တုတွင်းတစ်ခုတွင် အလုပ်သမားများ အလုပ်လုပ်နေကြစဉ်။ Global Witness Handout via REUTERS/File photo

 

 

မြေရှား
အိန္ဒိယ

Share With
bap-logo