bap-logo
Politics

ကန့်ဘလူ မဟာမိတ်များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၈ ဦးထက် မနည်း သေဆုံး

vOho20pKYje74vKqSEaCN-image

လွန်ခဲ့သော ၃ နှစ် က

ကန့်ဘလူ၊ ဇန်နဝါရီ ၁၈။



စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်ညောင်ဇင်လေး (အနောက်)နှင့် ယောရွာတွင် အထိုင်ချ နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ကန့်ဘလူခရိုင်မဟာမိတ်အဖွဲ့များက သွားရောက်တိုက်ခိုက် ခဲ့ရာ ၈ဦးထက်မနည်း သေဆုံးခဲ့ကြောင်းသိရသည်။



ယမန်နေ့ ၁၇ ရက် နေ့လယ်ပိုင်းက အထက်ပါနယ်မြေတွင်အထိုင်ချထားသည့်အင်အား ၂၀ ကျော်ပါ စစ်ကောင်စီ တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များအား Kanbalu Underground Warriors MPF U.18 ၊ ကန့်ဘလူ မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့-ပကဖ ၊ မြေပြင်လှုပ်ရှားညီနောင်များနှင့် ကန့်ဘလူ မြို့နယ် L-PDF အဖွဲ့များ က ၆၀ မမ လက်နက်ကြီး ၈လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။



"
အဲ့ဒါအပြင် ထန်းကုန်းဘက်မှစစ်ကူလာတဲ့စစ်ကောင်စီတပ်နဲ့ပျူစောထီး အဖွဲ့ဝင်များကိုလည်း ဘိုတဲကုန်းနဲ့ ဆူးပုတ်ကုန်းရွာအကြား မူးဘောင်လမ်းမှာမိုင်းနှစ်လုံး ဆွဲပြီးထပ်မံတိုက်ခိုက်ခဲ့တယ်" ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် မှဆိုသည်။


 


အဆိုပါမဟာမိတ်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရသည့် ယင်းစစ်ကောင်စီတပ်နှင့်ပျူစောထီး စစ်ကြောင်းမှာ အဆိုပါနေ့ ညနေပိုင်းမှာယောရွာထိပ်တွင်အင်အားထပ်တိုးဖြည့်နေစဉ် မဟာမိတ် အဖွဲ့များက Drone ဗုံးသီး ၁ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ထပ်မံသွားရောက် တိုက်ခိုက်ခဲ့သည်။

 

ယင်းတိုက်ခိုက်မှုတွင်မိနစ် ၃၀ ခန့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး၊ စစ်ကောင်စီနှင့် ပျူစောထီး အဖွဲ့ဝင်ဘက် မှ ၈ ဦးထက်မနည်း သေဆုံးကာ၊ အပြင်းအထန်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရသည်။

 

 
ပုံစာ - မဟာမိတ်များတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့်အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး တပ်ဖွဲ့ဝင်များ

Photo Credit- ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်

 

စစ်ကိုင်း
ကျွန်းလှ
ကန့်ဘလူ
ဒေသကာကွယ်ရေးတပ်ဖွဲ့
စစ်ကောင်စီ
တိုက်ပွဲ
ပျူစောထီး

Share With
bap-logo