bap-logo
Article

လူ့ငရဲကို ဖြတ်ကျော်ခြင်း

sVXhPAW6_RU1EBtyFBxUc-image

လွန်ခဲ့သော တစ်နှစ် က

BAP၊ အောက်တိုဘာ ၃။

 

တစ်ညလုံးတင်းတင်းကြပ်ကြပ်စည်းနှောင်ခံထားရလို့ သူ့ရဲ့မျက်ဝန်းအစုံမှာမှောင်မိုက်နေပြီး ကျိန်းစပ် ပူလောင်နေပါတယ်။

 

ဘေးနားကစစ်သားတွေရဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ သုံးပြီး ဆဲဆိုနေတဲ့ အသံတွေသာ သူနားထဲမှာ အဆက်မပြတ် ကြားနေရပါတယ်။

 

သူ့ခန္ဓာကိုယ်မှာရှိတဲ့အဝတ်အစားတွေအကုန်ချွတ် လက်​ပြန်ကြိုးတုပ်ပြီး ရေတိုင်ကီထဲ ထည့်သွင်း လိုက်တာကို သူသိလိုက်ရချိန် ဒါဟာငရဲစခန်းလို့ တင်စားခေါ်ကြတဲ့ စစ်ကြောရေးတစ်နေရာကို ရောက်နေတယ်ဆိုတာပါပဲ။

 

"အဝတ်တွေချွတ် ပေပါခွံထဲထည့်ပြီး ဟိုဘက်လှည့် ဒီဘက်လှည့် လှိမ့်ချတော့ ဘာမှမမြင်ရတော့ဘူး ခေါင်းထွက်လာရင်ရိုက်တယ် ဘေးနားကအော်ဟစ် အော်ငိုသံတွေ ကြားရတယ် ကိုယ်တိုင်လည်း အော်​ပေါ့ ငိုနေတဲ့ မိန်းကလေးတွေ အော်သံကြားရတယ် တကယ်ကြားမကောင်းဘူး" လို့ အသက် ၅၀ ကျော် အရွယ် ဦးထွန်း(အမည်လွှဲက )ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောရင်းသက်ပြင်းချပါတယ်။

 

ဒီစစ်ကြောရေးစခန်းမှာ ဦးထွန်းအပါဝင် လူ ၇ ​ယောက်လောက်ကို စစ်သားတွေက လက်ပြန်ကြိုး တုတ်ကာ ကျောက်စရစ်ခဲတွေခင်းထားတဲ့ လမ်းလိုနေရာမှာ ရေတိုင်ကီထဲထည့်ပြီး ခေါက်တုံ့ခေါက်ပြန် လှိမ့်နေတာပါ။

 

နာကျင်လို့အော်ဟစ်နေသူတွေရဲ့ အသံကို သူတို့တွေကြားလိုက်ရပါတယ်။

 

အဝတ်နဲ့မျက်လုံးကိုတင်းကြပ်စွာ စည်းခံထားရလို့ လူဦးရေအတိအကျကို သူမမြင်နိုင်ပေမယ့် အမျိုးသမီး အမျိုးသားသံ ၇ ဦးခန့် ရှိနိုင်တယ်လို့ သူကမှန်းဆတာပါ

 

လူတွေကို စိတ်ကြိုက်နှိပ်စက် ပြီးရင် နေပူလှမ်း ပါးစပ်ကိုစက်သုံးဆီသုတ်ထားတဲ့ အဝတ်နဲ့ဆို့ကာ ဆဲဆိုရိုက်နှက်နေတဲ့ စစ်သားတွေကို အော်ဟစ်တောင်းပန်သံ၊ ပြန်လည်ဆဲဆိုသံ၊ နာကျင်လွန်းလို့ ညည်းညူသံတွေကိုပါ သူကြားနေရပါတယ်။

 

"​အော်ရင်ဘေးကနေ တုတ်နဲ့ထိုးရိုက်သေးတာ ကြိုးနဲ့တုတ်ပြီး ပေပါထဲထည့်လှိမ့်တယ်၊ သူတို့မောသွားမှ ပီပါလိမ့်တာရပ်တာ ကျောက်စရစ် ခဲခင်းထားတဲ့ သံပေပါပေါ်မှာလှိမ့်နေရင်း ဘေးကနေအော် ငိုသံတွေ ကြားရတယ် အသံတွေက ငရဲပွက်နေတဲ့အတိုင်း"

 

"​အော်ရင်ဘေးကနေ တုတ်နဲ့ထိုးရိုက်သေးတာ ကြိုးနဲ့တုတ်ပြီး ပေပါထဲထည့်လှိမ့်တယ်၊ သူတို့မောသွားမှ ပီပါလိမ့်တာရပ်တာ ကျောက်စရစ်ခဲခင်းထားတဲ့ သံပေပါပေါ်မှာလှိမ့်နေရင်း ဘေးကနေအော်ငိုသံတွေ ကြားရတယ် အသံတွေက ငရဲပွက်နေတဲ့အတိုင်း" လို့ ဦးထွန်းက ပြောပြပါတယ်။

 

နောက်မှ​ပြန်သိလိုက်ရတာက သူတို့ရောက်နေတဲ့နေရာဟာ မြန်မာဗုဒ္ဓဘာသာတွေ အထွတ်အမြတ် ထားရာ ရွှေတိဂုံဘုရားအနီးက ဆေးတပ်ဝင်းတစ်နေရာမှာ ဆိုတာပါပဲ။

 

သူတို့ရောက်နေတဲ့အချိန်က ခန့်မှန်းလူ ၂၀ ဦးဝန်းကျင် ရှိနေပြီး အများစုဟာ စစ်တပ်က ပုဒ်မ အမျိုးမျိုးတပ်ကာ အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီး အရွယ်စုံပြည်သူတွေပါပဲ။

 

စစ်သားတွေဟာ စစ်ကြောရေးရောက်လာကြသူအားလုံးရဲ့ မျက်လုံးကို အဝတ်တွေနဲ့ တင်းတင်းကြပ်ကြပ် စည်းထားပြီး သူတို့မေးမြန်းတာ ဖြေပေးနိုင်သူတွေကို အဝတ်ချွတ်ပြီး အလှည့်ကျ ရေတိုင်ကီတွေထဲထည့်ကာ နှိပ်စက်ခဲ့တာလို့ ဆိုပါတယ်။

 

၂၀၂၁ ဖေဖော်ဝါရီလကစပြီး စစ်တပ်က အာဏာသိမ်းတာကို ပြည်သူတွေကမကျေနပ်လို့ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်သူတွေကို ပုဒ်မအမျိုးမျိုးတပ်ကာ အကြမ်းဖက်ဖမ်းဆီးပြီး စစ်ကြောရေးပို့ကာ နှိပ်စက်ခဲ့ပါတယ်။

 

 

၂၀၂၁ ခုနှစ် အတွင်းကာလမှာတုန်းက ဦးထွန်းရောက်သွားခဲ့တဲ့ စစ်ကြောရေးစခန်းမှာ စစ်တပ်က နှိပ်စက်လို့ သေခဲ့သူတွေရှိပြီး ပြင်းထန်ဒဏ်ရာရသူတွေနဲ့ မသေဘဲကျန်ခဲ့တဲ့သူတွေကို ထောင်တွင်းပို့ကာ ပြစ်ဒဏ်ကျခံခိုင်းခဲ့ကြပါတယ်။

 

ထောင်မကျခင်အချိန်က ဦးထွန်းဟာ အွန်လိုင်းကနေ စားစရာတွေချက်ပြုတ်ရောင်းချနေသူဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပို့တဲ့ ထောက်ပို့တစ်ဦးဖြစ်ခဲ့သူပါ။

 

ဆက်ဆံရေးကောင်းသူ၊ အလုပ်ကြိုးစားသူ တော်လှန်ရေးမှာ တက်ကြွစွာပါဝင်နေသူအဖြစ်် သူ့ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သူဟာ လူသိများပါတယ်။

 

မိသားစုဝင် လေးဦး ရှိတဲ့ အိမ်ထောင်သည်တစ်ဦးဟာ အိမ်ပိုင်ယာပိုင်၊ လုပ်ငန်းကြီးကြီးပိုင် မရှိပေမယ့် ရတဲ့ ဝင်ငွေထဲကအများစုကို တော်လှန်ရေးရဲဘော်တွေကို လက်လှမ်းမှီသမျှ ထောက်ပို့နေတဲ့ သာမန် အရပ်သားတစ်ဦးပါ။

 

ရန်ကုန်မြို့က ​သူနေထိုင်ရာနေရာက သူ့ကိုလာဖမ်းချိန်တုန်းက ည၁၂ နာရီဝန်းကျင်လို့ ဆိုပါတယ်

 

ရဲမပါ၊ ရပ်ကွက်လူကြီးမပါ စစ်သားတွေပဲသီးသန့် အယောက် ၃၀၊ ကားသုံးစီးနဲ့ နေအိမ်ပတ်ပတ်လည်ကို သေနတ်တွေနဲ့ချိန်ပြီး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသူတစ်ဦးပါ။

 

ဖမ်းဆီးခံရတဲ့အချိန်က နေအိမ်မှာရှိတဲ့ ဘုရားစင်ကပန်းအိုးအပါဝင် အိုးခွက်၊ ပန်းကန်၊ ရေခဲသေတ္တာ ကအစ အကုန်လုံးကိုဖျက်စီးပြီး အိမ်သာထဲကရေပုံးပါမကျန် ရှာဖွေခဲ့ပေမယ့် မသင်္ကာစရာပစ္စည်း မတွေ့ခဲ့ဘဲ စစ်ကြောရေးကို ခေါ်သွားခံခဲ့ရသူပါ။

 

သူ့ရဲ့ဖုန်းကိုယူစစ်ရင်း ဖုန်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံတဲ့ပိုစ့်နဲ့ စစ်တပ်ကို ဆဲတဲ့ပိုစ့်တွေကြောင့် နေအိမ်မှာရှိတဲ့ အခြားသူတစ်ဦးနဲ့အတူ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

 

စစ်ကြောရေးစရောက်ချိန် ရိုက်နှက်ခဲ့တဲ့ဒဏ်ရာတွေကြောင့် သွားတွေကျွတ်ထွက်ပြီး ရိုက်နှက် ထုထောင်းခံရတဲ့ ဒဏ်တွေနဲ့ သူ့တစ်ကိုယ်လုံး သွေးတွေထွက်နေတယ်ဆိုတာကို သိရချ်ိန် သူသေဖို့သာ ဆုတောင်းမိခဲ့ပါသေးတယ်။

 

" ‌သူများတွေ ငိုတောင်းပန်နေချိန် ကိုယ်တွေက ဒဏ်မခံနိုင်လို့ အော်ဆဲ ဒီလောက်တွေရိုက်လိုက်လို့ လက်လွန် သေသွားလဲ အေးရော အရမ်းစိတ်တိုပြီး သူတို့ကို နစ်နစ်နာနာပြောလို့ ဓားနဲ့ ကောက်ထိုးတာ ဖြစ်ဖြစ် ပစ်သတ်တာဖြစ်ဖြစ် ကိုယ်သေသွားရင် သူတို့နှိပ်စက်တာ မခံရတော့ဘူးလို့ တွေးပြီး သေဖို့ပဲ တွေးမိတယ်”

 

 "သူများတွေအော်ဟစ်တောင်းပန်ချိန် ကိုယ်က ငါကိုင်အော်တုတ် အဲလိုပြောလေ ရိုက်လေ ဆဲလေပဲ နောက်တော့ သူတို့ရိုက်လာနိုင်တဲ့ဘက်ကို အတင်းခေါင်းလိုက်ခံပြီး သေဖို့ပဲတွေးမိခဲ့တာလို့"

 

"သူများတွေအော်ဟစ်တောင်းပန်ချိန် ကိုယ်က ငါကိုင်အော်တုတ် အဲလိုပြောလေ ရိုက်လေ ဆဲလေပဲ နောက်တော့ သူတို့ရိုက်လာနိုင်တဲ့ဘက်ကို အတင်းခေါင်းလိုက်ခံပြီး သေဖို့ပဲတွေးမိခဲ့တာလို့" သူက စစ်ကြောရေးမှာ ကြုံခဲ့ရတာကို ပြန်ပြောပါတယ်။

 

စစ်ကြောရေးစခန်းရောက်ချိန်က ဒီဇင်ဘာလအတွင်း စရောက်တဲ့ ၃ ရက်လောက်ထိ ထမင်းမကျွေး၊ ရေမတိုက် အိမ်သာပေးမသွားရတဲ့အပြင် အဝတ်မပါဘဲ တစ်ပတ်တိတိ သူနေခဲ့ရပါတယ်။

 

သူ့လိုအခြားသူတွေလဲ အဝတ်အစားမပါပဲ တစ်ပတ်ကနေ ၁၀ ရက်လောက်ထိ ရေပီပါအခွံထဲ ထည့်လှိမ့်တာ ကျောက်စရစ်ခဲခင်းထားတဲ့လမ်းမှာ တီကောင်လိုတွန်းလိမ် မ်းလျားမှောက်ပြီး သွားခိုင်းတာမျိုးတွေ ပြုလုပ်ခံခဲ့ရတာပါ။

 

စစ်ကြောရေးရောက်ချိန် တစ်နေ့ကို အိမ်သာတစ်ကြိမ်သာ ပေးသွားပြီး ရေဆာတဲ့အချိန်မှာ အိမ်သာထဲက ရေကိုသာ သောက်သုံးခဲ့ရပြီး နေ့စဥ်နှိပ်စက်ခံခဲ့ရပါတယ်။

 

"တစ်ကိုယ်လုံးက သွေးချင်းချင်းရဲတဲ့အချိန် တော်တော်ညဉ့်နက်တဲ့ အချိန် ရေနဲ့လာပက် မျက်နှာကိုဗွမ်းကနဲ တစ်ညလုံးရိုက်တာ၊ နာရီပိုင်းကြာ နောက်မနက်ကျ တစ်ယောက်ကလာချော့တယ် ။ ကိုကြီးတဲ့ ခင်ဗျားအသက်လည်းကြီးပြီ ကျန်းမာရေးလည်းကောင်းပုံမရ ဒီကောင်တွေ လူစိတ်လည်းရှိပုံ မရ”

 

တော်တော်အသက်ကြီးတဲ့အဖိုးကြီးလေသံနဲ့တစ်ယောက်က -

 

“ အဲဒီတော့ဗျာ တစ်ခုပဲပြော ကျနော်အကုန်လုပ်ပေးမယ် ခင်ဗျားလုပ်ထားတဲ့အထဲက တစ်ခုပဲပြော၊ ခင်ဗျားတို့ရဲ့ ခံယူချက်တွေ စိတ်ဓာတ်တွေ နားလည်တယ်။ ကျွန်တော်တို့ ကျောင်းသားဘဝ တုန်းကအဲလိုပဲ ဆိုပြီး အပျော့လာဆွဲတယ်"

 

“ကျတော်ကလဲသဘောပေါက်တယ် ကျွန်တော်ကဘာမှ မလုပ်ဘူး၊ ဈေးပဲရောင်းတာ စစ်တပ်ကိုဆဲမှ ဈေးရောင်းကောင်းတာ ဘာညာဆိုပြီး အဲတာပဲ ကြိုက်တဲ့အချိန်မေး အဲတာပဲဖြေတာလို ပြောခဲ့တာ "လို့ သူကပြောပြပါတယ်။

 

အဖမ်းဆီးမခံရချ်ိန်က တောထဲက PDF တွေကိုထောက်ပံ့ဖို့ ပစ္စည်းကို လူ​ကြုံရှိရာနေရာကို သွား​ပေးချိန် သူနေတဲ့မြို့နယ်အတွင်း ပေါက်ကွဲတဲ့ဖြစ်စဥ်တစ်ခု ကြုံခဲ့ရပါတယ်။

 

အဲဒီဖြစ်စဥ်အနီးက CCTV မှတ်တမ်းမှာ သူ့ရုပ်ပုံနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အခြားမြို့ပြပြောက်ကျား အဖွဲ့ဝင် တစ်ယောက် တွေ့ဆုံနေပုံကိုမြင်ပြီး သူ့ကိုဖမ်းဆီးခဲ့တာပါ။

 

ဖမ်းဆီးခံရတဲ့ရဲဘော်ကလည်း သူတို့ဟာ အွန်လိုင်းပေါ်ကအစားအသောက်မှာလို့ လာပို့ရင်း တွေ့ဆုံတာလို့ ဖြေခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မယုံခဲ့ပါဘူး။

 

ဖမ်းဆီးမခံရသေးချိန်က လုပ်ငန်းသစ်ထူထောင်ဖို့ KBZ Pay အကောင့်ထဲမှာ သူငယ်ချင်းတစ်ယောက်ရဲ့ မတည်ငွေနဲ့သူ့မှာရှိတဲ့ စုဆောင်းငွေတွေဟာ သိန်း ၂၀ နီးပါးရှိပါတယ်။

 

စစ်ကြောရေးရောက်ချိန် သူ့ K Pay အကောင့်ပတ်စ်ဝေါ့ကို စစ်သားတွေကတောင်းယူပြီး သူ့ငွေတွေကို အခြားအကောင့်ထဲပြောင်းရွှေ့ကာ ဖုန်းကိုလည်း သိမ်းခဲ့ပါသေးတယ်။

 

ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ ၁၈ ရက်ကြာပြီးနောက် သူတို့တွေကို ထောင်ပေါက်ဝရောက်ချိန် မျက်လုံးမှာ စီးထားတဲ့အဝတ်ကိုဖြေပေးပြီး ထောင်တွင်းကအဆောင်ကို ပို့ပေးခဲ့ပါတယ်။

 

ထောင်ထဲကနေ တရားရင်ဆိုင်နေရချိန် ရုံးချိန်းတစ်ခုကစုရပ်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အသံကို သူကြားလိုက်ရချိန် ဒီအသံပိုင်ရှင်ကို သူကောင်းကောင်းမှတ်မိပါတယ်။

 

"မေးလိုက်မှ ကျွန်တော်နဲ့အတူတူစစ်ကြောရေးမှာ နှိပ်စက်ခံရတဲ့သူဖြစ်နေတာ အသက်အရွယ်ကလည်း ရွယ်တူ၊ မျက်နှာတွေအုပ်ထားတော့ လူပုံမမြင်ဖူးကြတာ အသံပဲမှတ်မိတာလေ သူကထွေအုပ်ဝန်ထမ်း လျှိုု့ဝှက်စာရွက်ဖြန့်ဝေမူနဲ့ ဖမ်းခံရတာတဲ့လေ လေးစားစရာဝန်ထမ်းကောင်း ခုသူလွတ်လာပြီလား မသိဘူး" လို့ ဦးထွန်းက သူနဲ့ဆုံခဲ့ဖူးသူ အမျိုးသမီးတစ်ယောက်အကြောင်းကို သတိရဟန်နဲ့ ပြောပါတယ်။

 

ထောင်ထဲရောက်နေချိန်မှာလည်း သူနဲ့အတူနိုင်ငံရေးအကျဥ်းသားတွေဟာ ကဗျာတွေရွတ်တာ စာတွေ အပြန်အလှန် ဖလှယ်တာ နိုင်ငံရေးကားဝိုင်းမျိုးတွေလုပ်ကာ စိတ်ဓာတ်ရေးရာမြှင့်တင်မှုတွေကို ပြုလုပ်ခဲ့ပါ သေးတယ်။

 

 နိုင်ငံရေးစုရုံးတယ် ဆူပူအောင်လုပ်တယ်ဆိုပြီး အဆောင်ပြောင်းတာ တစ်နေကုန် မတ်တက်ရပ်ပြီး ဒဏ်ပေးတာ အဆောင်ပြောင်းတာမျိုး၊ မအေနှမကိုင်တုပ်ပြီး ဆဲဆိုတာမျိုး ခံရတယ်

 

"နိုင်ငံရေးစုရုံးတယ် ဆူပူအောင်လုပ်တယ်ဆိုပြီး အဆောင်ပြောင်းတာ တစ်နေကုန် မတ်တက်ရပ်ပြီး ဒဏ်ပေးတာ အဆောင်ပြောင်းတာမျိုး၊ မအေနှမကိုင်တုပ်ပြီး ဆဲဆိုတာမျိုး ခံရတယ်"လို့ သူက ခပ်အေးအေးနဲ့ ပြောပြပါတယ်။

 

လက်ရှိအချိန်ထိ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၅,၅၈၃) ဦး ရှိနေပြီး ဒီထဲမှာ ဦးထွန်းတစ်ယောက်လည်း ပါဝင်ပါတယ်။

 

​နှလုံး​ရောဂါအခံ ဆီးချို သွေးတိုးရောဂါအခံရှိတဲ့ ဦးထွန်းဟာ ထောင်ထဲမှာလည်း အမျိုးမျိုးဖိနှိပ်ခံရပြီးဆေးကုသမှုလည်း ကောင်းမွန်စွာမခံခဲ့ရဘဲ ၂ နှစ်နီးပါးနေခဲ့ရပါတယ်။

 

အသက်အရွယ်အရရော ကျန်းမာ​ရေးအရရော မိသားစုစီးပွားရေးအကြပ်အတည်းကြောင့်ရော၊ လုံခြုံရေး အခြေနေ အရပါ ထောင်ကပြန်ထွက်ခဲ့ရတဲ့ ပြည်တွင်းထဲမှာ နေထိုင်သူတွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာမှမလုပ်နိုင်သေးလို့ ငြိမ်နေကြရသူတွေ အများကြီးရှိနေပါတယ်။

 

 

ဦးထွန်းကတော့ စစ်ကြောရေးမှာ ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသူဖြစ်ပေမယ့် ငြိမ်မနေနိုင်သေးဘဲ ထောင်တွင်းမှာ ကျန်ခဲ့ရတဲ့ မိသားစုနဲ့ဝေးနေသူ၊ ထောင်ဝင်စာလာမပို့​နိုင်သူတွေကို ထောက်ပံ့တဲ့ အလုပ်ကို ဆက်လုပ်နေသူပါ။

 

သူဒီလိုဆက်လုပ်နေတာဟာ ထောင်ထဲမှာကျန်နေခဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူနိုင်မှသာ တာဝန်ကျေနိုင်မယ်လို့ ယူဆထားပါတယ်။

 

" ထောင်ထဲမှာတွေ့ခဲ့တဲ့လူငယ်တွေဆို ဗုံးထိလို့ လက်အပိုင်းပိုင်းပြတ်တာ မျက်စိထိထားတာ စ​စ် ကြောရေးမှာ နှိပ်စက်ခံရလို့ ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရတဲ့ ဘဝတက်လမ်းရှိခဲ့တဲ့လူငယ်တွေတောင် အညွန့်ကျိုးခံပြီး လုပ်နေတာ ကိုယ်ကအသက်အရွယ်အရရော ရောဂါနဲ့ပါ သေခါနီးပြီ ဒါကြောင့်နိုင်တာ လုပ်တာ"လို့ သူ့ယုံကြည်ချက်ကို ဖွင့်ဟပါတယ်။

 

ဦးထွန်းထောင်ကလွတ်လာတဲ့ရက် ညနေပိုင်းအချိန်လောက်မှာ သူ့မိတ်ဆွေတစ်ဦးက လှည်းတန်း အနီးက ဆိုင်တစ်ဆိုင်မှာ ညစာခေါ်ကျွေးချိန် မြင်ခဲ့ရတဲ့မြင်ကွင်းကြောင့် စိတ်ထိခိုက်ခဲ့ရပါသေးတယ်။

 

သူမြင်လိုက်ရတဲ့မြင်ကွင်းက လူတွေစည်ကားနေတာ ပုံမှန်အတိုင်း သောက်စားပျော်ပါးနေကြတာကို မြင်ပြီး ထောင်ထဲကျန်ခဲ့သူတွေရဲ့ စွန့်လွှတ်မှုတွေကို အားနာမိကြောင်း သူတွေးလိုက်တယ်လို့ ဆိုပါတယ်။

 

" ကျွေးတဲ့အစားသောက်တောင် မစားနိုင်ခဲ့ဘူး တော်လှန်ရေးက ပြီးသွားပြီလား ငါတို့ထောင်ထဲမှာ ကြားတဲ့ သတင်းတွေက လိမ်တာလား တော်လှန်ရေးကပြီးသွားပြီလား ငြိမ်ခံလိုက်ရပြီလား ထောင်က ထွက်ထွက်ချင်း မြင်ကွင်းကြီးက အဲ့လိုဖြစ်သွားတာ"လို့ သူ့ခံစားချက်ကို ပြန်ပြောပြပါတယ်။

 

နောက်ရက်တွေမှ ပြန်သိလိုက်ရတာက လူတွေဟာ ပုံမှန်အတိုင်းနေနေတာမဟုတ်ပဲ စားဝတ်နေရေး အတွက် လုပ်ငန်းပြန်လည်ပတ်နေတာလို့ တွေးလိုက်ပြီး ဆက်လက်တော်လှန်နေကြသေးတယ်ဆိုတာကို သူသိလိုက်ရ တယ်လို့ သူကဖြေသိမ့်ထားပါတယ်။

 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်း အချက်အလက် တွေအရ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ရက် အထိ စစ်အုပ်စုရဲ့ လက်ချက်ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၄,၁၃ ဦး ရှိခဲ့ပါတယ်။

 

အတည်ပြုရန်လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ ၄၅၀ ဝန်းကျင် စာရင်းရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

 

ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂,၁၉၈ ဦးရှိပြီး အဲဒီအထဲက ၁၉,၆၁၅ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေထဲက ၇,၆၁၆ ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။

 

သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၁ ဦး ရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၃ ဦး အပါအဝင် ၁၁၉ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရတာဖြစ်ပါတယ်။

 

ဦးထွန်းတစ်ယောက် ထောင်ထဲမှာရှိချိန်တုန်းက သူတို့လိုအကျဥ်းသားတွေဟာ ပြင်ပက သတင်းတွကို နားစွင့်နေပြီး ပြည်သူတွေ အောင်ပွဲရမယ့်ချိန် နီးကပ်လာပြီ၊ သူတို့လွတ်မြောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေနေကြရတယ်လို့ ဆိုပါသေးတယ်။

 

အင်းစိန်ထောင်ထဲကို ဗုံးပစ်ချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရချိန်က အကျဥ်းသားတွေဟာ သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လာကယ်ပြီဆိုပြီး ပျော်ခဲ့ကြရသေးတယ်လို့ သူကဖွင့်ဟပါတယ်

 

အင်းစိန်ထောင်ထဲကို ဗုံးပစ်ချိန် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရချိန်က အကျဥ်းသားတွေဟာ သူတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လာကယ်ပြီဆိုပြီး ပျော်ခဲ့ကြရသေးတယ်လို့ သူကဖွင့်ဟပါတယ်။

 

" ပေါက်ကွဲသံကြားရင် ငါတို့လွတ်တော့မယ်ဆိုပြီး ထောင်အဝတ်အစားတွေချွတ်ပြီး အရပ်ဝတ်ပုဆိုးတွေ ကောက်လဲနဲ့ ပျော်လိုက်ကြတာ အဲနေ့ထောင်ထမင်းဟင်းက ဘယ်လိုကျွေးကျွေး စားကောင်းနေတာ လွတ်တော့မယ်ဆိုတဲ့ ​မျှော်လင့်ချက်ရှိသလို ခံစားလိုက်ရတာ"

 

ဒါကြောင့်အောင်ပွဲရတဲ့ချိန်ထိ တော်လှန်ရေးမှာပါဝင်ဖို့ နိုင်တဲ့ဖက်ကနေ ဆက်လက်ပံ့ပိုးမယ်လို့သူက ခံယူထားပါတယ်။

 

" ​တော်လှန်ရေးမပြီးမချင်းကို ဆက်လုပ်မှာ မပြီးခင်သေသွားလည်းသေသွားပေါ့ မသေသေးရင်လဲ အောင်ပွဲ အရသာကို ခံစားချင်သေးတယ်" လို့ သူကပြောပါတယ်။

 

 Burma Associated Press

အာဏာသိမ်းမှု
စစ်ကြောရေး
အာဏာသိမ်းစစ်အုပ်စု
နိုင်ငံရေးအကျဉ်းသား
နှိပ်စက်

Share With
bap-logo