bap-logo
Article

အရှေ့တောင်အာရှနိုင်ငံများ BRICS အဖွဲ့ဝင်ဖြစ်လိုခြင်း အကြောင်းရင်း

pNGOrk3kRZn6Ks0Ce7ysX-image

လွန်ခဲ့သော ၂ လ က

 

ပိုမိုဖြန့်ကျက်ချဲ့ထွင်လာသော စီးပွားရေးထွန်းသစ်စ အဖွဲ့ဖြစ်သည့် BRICS တွင် အဖွဲ့ဝင်ဖြစ်ရန် အရှေ့တောင်အာရှမှ စိတ်ဝင်စားကြောင်း နောက်ဆုံး ပြသခဲ့သည့်နိုင်ငံများမှာ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။

 

BRICS သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကို အဖွဲ့ဝင်ဖြစ်စေရန် ဆွဲဆောင်လျက်ရှိရာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့သည် အဖွဲ့ဝင်အဖြစ် ပါဝင်ရန် စိတ်ဝင်စားကြောင်း နောက်ဆုံး ပြသသည့် နိုင်ငံများ ဖြစ်လာသည်။

 

ပြီးခဲ့သည့်လတွင် ထိုင်းနိုင်ငံက အဖွဲ့ဝင်လျှောက်လွှာ တင်သွင်းခဲ့ပြီး မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ၎င်း၏ နိုင်ငံကလည်း တရားဝင် လုပ်ထုံးလုပ်နည်းများ မကြာမီ စတင်မည်ဟု တရုတ် သတင်းအရင်းအမြစ်များ ဖော်ပြရာ Guancha နှင့် မေးမြန်းခန်းတစ်ခုတွင် ပြောသည်။

 

အဖွဲ့မှာ ကမ္ဘာတစ်ဝှမ်းက အဖွဲ့ဝင်တွေ ပါဝင်ကြတယ်။ ဒါပေမယ့် အရှေ့တောင်အာရှနိုင်ငံထဲက ပါဝင်မှု မရှိသေးဘူး

 

 

“BRICS အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ပွင့်လန်းလာမယ်ဆိုတော့ 'ဘာကြောင့် မဝင်ရမှာလဲလို့ပဲ မေးရမှာပေါ့။အာဆီယံဖောင်ဒေးရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး Piti Srisangam က DW ကို ပြောသည်။

 

အဖွဲ့မှာ ကမ္ဘာတစ်ဝှမ်းက အဖွဲ့ဝင်တွေ ပါဝင်ကြတယ်။ ဒါပေမယ့် အရှေ့တောင်အာရှနိုင်ငံထဲက ပါဝင်မှု မရှိသေးဘူး။ဟုလည်း ၎င်းက ဖြည့်စွက်သည်။

 

တက်စမေးနီးယား တက္ကသိုလ်မှ အာရှလေ့လာရေး ပါမောက္ခ James Chin က "ထိုင်းနိုင်ငံနဲ့ မလေးရှား နှစ်နိုင်ငံလုံးဟာ အလယ်အလတ် အင်အားရှိတယ်လို့ မြင်ရပါတယ်။ဟု ဆိုသည်။

 

“BRICS လို အဖွဲ့မျိုးမှာ ပါဝင်ရတဲ့အတွက် သူတို့အတွက် နိုင်ငံတကာပြိုင်ဆိုင်မှုအခင်းအကျင်းမှာ အသံပိုကျယ်ကျယ် ထွက်နိုင်စေပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ အကျိုးအမြတ်တွေ အလဲအလှယ်ပြုလုပ်ရတာတော့ ရှိပါလိမ့်မယ်။ဟု ၎င်းက ဖြည့်စွက်သည်။

 

ပိုမိုကြီးမားသည့် စီးပွားရေး အခွင့်အလမ်းများ

 

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက နိုင်ငံတို့၏ ပထမစာလုံးများအတိုကောက် ဖြစ်သည့်BRICS အဖွဲ့သည့် ပြီးခဲ့သည့်နှစ်တွင် အဖွဲ့ဝင်နိုင်ငံများ ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ကြကာ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကို အဖွဲ့ဝင်ရန် ဖိတ်ခေါ်ခဲ့သည်။

 

ချဲ့ထွင်လိုက်သော အဖွဲ့အတွက် အမည်ကို တရားဝင် မကြေညာရသေးသော်လည်း "BRICS+” ဟု ခေါ်ဆိုဖွယ်ရှိသည်။

 

အဖွဲ့ဝင်နိုင်ငံအားလုံးပေါင်း၏ လူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၄၅% ခန့်ဖြစ်သော . ဘီလီယံခန့်ရှိသည်။

 

၎င်းတို့၏ စီးပွားရေးတန်ဖိုးမှာ ဒေါ်လာ ၃၀ ထရီလီယံ (ယူရို ၂၈ ထရီလီယံ) ခန့် ရှိကာ ကမ္ဘာ့စီးပွားရေး၏ ၂၈% ခန့် ရှိသည်ဟု ကမ္ဘာ့ဘဏ်အချက်အလက်များအရ သိရသည်။

 

ထိုင်းနိုင်ငံမှာလည်း ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အပါဝင် အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ယူဆောင်လာစေနိုင်ပါတယ်

 

 

အဖွဲ့က "ဒစ်ဂျစ်တယ် ဈေးကွက် အခိုင်အမာ ရှိပြီးတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းချိတ်ဆက်စေခြင်းအားဖြင့် မလေးရှားနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေး လျင်မြန်စွာ တိုးတက်စေဖို့ ကူညီပေးနိုင်တယ်။ ပြီးတော့ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ အလေ့အထကောင်းတွေကနေ အကျိုးအမြတ်လည်း ရရှိနိုင်ပါတယ်။ဟု နယူးဒေလီရှိ ဂျဝါဟာလာနေရူးတက္ကသိုလ်၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ လေ့လာရေးစင်တာမှ တွဲဖက်ပါမောက္ခ Rahul Mishra က DW ကို ပြောသည်။

 

ထိုင်းနိုင်ငံမှာလည်း ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ အပါဝင် အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ယူဆောင်လာစေနိုင်ပါတယ်။ဟု ၎င်းက ဖြည့်စွက်သည်။

 

မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ တရုတ်နိုင်ငံနှင့် ရှိနှင့်ပြီးဖြစ်သော ကုန်သွယ်ရေးပူးပေါင်းမှုက ၎င်းတို့ BRICS တွင် ပါဝင်ရန် ဆုံးဖြတ်ချက်ကို လွှမ်းမိုးထားသည်ဟု ပါမောက္ခ James Chin က ယုံကြည်သည်။

 

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၁၅ နှစ်တာအတွင်း မလေးရှားနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက် ဖြစ်ခဲ့ကာ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်မှုမိတ်ဖက်အဖြစ် ၁၁ နှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်ဟု တရားဝင်အချက်အလက်များအရ သိရသည်။

 

၎င်းအရှေ့တောင်အာရှနှစ်နိုင်ငံလုံး BRICS အဖွဲ့ဝင်ဖြစ်လာခြင်းသည် "သူတို့ရဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တိုးမြှင့်ပေးပါလိမ့်မယ်။ဟု Chin က DW ကို ပြောသည်။

 

တစ်ဘက်သို့ ရပ်ခြင်းမဟုတ်

 

BRICS တွင် ပါဝင်ခြင်းသည် "တစ်ဘက်သို့ ရွေးချယ်ခြင်း" သို့မဟုတ် အခြားအဖွဲ့တစ်ခုခုနှင့် အပြန်အလှန် ချိန်ညှိရန် နည်းလမ်းတစ်ခုအဖြစ်ထိုင်းနိုင်ငံက မရှုမြင်ကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပြီးခဲ့သည့်လတွင် အခိုင်အမာ ပြောကြားခဲ့သည်။

 

ကျွန်တော်တို့ဟာ နိုင်ငံတိုင်းနဲ့ မိတ်ဆွေဖြစ်ပြီး ဘယ်သူ့ရဲ့ ရန်သူမှ မဟုတ်တာဟာ ထိုင်းနိုင်ငံရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ BRICS အဖွဲ့ဝင်နိုင်ငံတွေအကြား ကျွန်တော်တို့က ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။ဟု Maris က ပြောသည်။

 

BRICS အပြင် ထိုင်းနိုင်ငံသည် အနောက်နိုင်ငံအများစု ပါဝင်သည့် အဖွဲ့ဝင် ၃၈ နိုင်ငံပါဝင်သော ပဲရစ်အခြေစိုက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ Organization for Economic Cooperation and Development (OECD) တွင် ပါဝင်ရန်လည်း လျှောက်ထားခဲ့သေးသည်။

 

အင်အားနည်းတဲ့၊ အင်အားအလယ်အလတ်ရှိတဲ့ နိုင်ငံတွေအနေနဲ့ ရွေးချယ်စရာ အများကြီး မရှိပါဘူး။ဟု Piti က ပြောသည်။ "ထိုင်းနိုင်ငံ လုပ်နေတာက ချိန်ခွင်လျှာ ညှိရေး လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ခြေတစ်ဖက်ကို အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီဘက်ကို လှမ်းထားပြီး အခြားတစ်ဖက်ကို စီးပွားရေးထွန်းသစ်စနိုင်ငံတွေဘက်ကို လှမ်းထားတာပေါ့။

 

မလေးရှားနိုင်ငံတွင်မူ အမေရိကန်နိုင်ငံနောက် ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံဘက်သို့ အများပြည်သူ၏ စိတ်သဘောထားက မျက်နှာသာပေးနေသည်ဟု စင်ကာပူ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော ISEAS-Yusof Ishak အင်စတီကျု၏ မကြာသေးမီက စစ်တမ်းတစ်ခုအရ သိရသည်။

 

မလေးရှားမှာ နိုင်ငံအားလုံးနဲ့၊ တရုတ်နိုင်ငံနဲ့ပါ အတူတကွ ဖြေရှင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့က ကြားနေ ရပ်တည်ချက် ထားရှိပါတယ်

 

 

အပြိုင်အဆိုင်ဖြစ်သော အင်အားကြီးနှစ်နိုင်ငံအနက် တစ်နိုင်ငံကို အတင်းအကျပ် ရွေးချယ်စေလျှင် အာဆီယံသည် အမေရိကန်ထက် တရုတ်ကို မျက်နှာသာပေးသင့်ကြောင်း စစ်တမ်းဖြေဆိုသူ လေးပုံသုံးပုံနီးပါးက ဖြေဆိုခဲ့ကြသည်။

 

တရုတ်အကြီးအကဲ Li Qiang မလေးရှားသို့ ဂျွန်လက သုံးရက်ကြာလာရောက်စဉ်အတွင်း "တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ နည်းပညာဆိုင်ရာ လွှမ်းမိုးမှုကို စိုးရိမ်သင့်ကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် ရှတ်ချပြစ်တင် သင့်ကြောင်း အဆက်မပြတ် ဝါဒဖြန့်ချိမှုများအပေါ် Anwar က ဝေဖန်ပြောကြားခဲ့သည်။

 

ကျွန်တော်တို့ (တရုတ်နိုင်ငံအပေါ် ရှုတ်ချ ပြစ်တင်မှုများ)မလုပ်ပါဘူး။ မလေးရှားမှာ နိုင်ငံအားလုံးနဲ့၊ တရုတ်နိုင်ငံနဲ့ပါ အတူတကွ ဖြေရှင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့က ကြားနေ ရပ်တည်ချက် ထားရှိပါတယ်ဟု ၎င်းက ဖြည့်စွက်သည်။

 

အခြား အာဆီယံနိုင်ငံများ လိုက်ပါလာမလား?

 

အရှေ့တောင်အာရှတွင် မလေးရှားနှင့် ထိုင်းနိုင်ငံတို့သ BRICS တွင် ပါဝင်ရန် စိတ်ဝင်စားကြသည် မဟုတ်ပါ။

 

"BRICS အဖွဲ့ဝင် ဖြန့်ကျက်ချဲ့ထွင်မှုကို ကမ္ဘာတစ်ဝှမ်းက နိုင်ငံအများအပြားလိုပဲ ကျွန်မတို့လည်းအနီးကပ် စောင့်ကြည့်နေပါတယ်။"မေလတွင် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Pham Thu Hang က ဟနွိုင်းမြို့ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

 

ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် BRICS မှ အဓိက နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ရုရှားနိုင်ငံများနှင့် ကောင်းမွန်သည့် ပူးပေါင်းမှုများ ရှိနှင့်ပြီး ဖြစ်သည့်အတွက် "လျှောက်ထားသူများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု Mishra က ယုံကြည်သည်။

 

ဗီယက်နမ်အတွက်ဆိုရင် သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မှတ်ပုံတင်ထားကြပြီးဖြစ်တဲ့အတွက် သူ့ရဲ့ ကုန်သွယ်မှုကို သူတို့ရဲ့ သမားရိုးကျ ဈေးကွက်ကို ကျော်လွန်ပြီး အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနဲ့ အာဖရိကအထိ ဆက်လက်မြှင့်တင်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ဟု ၎င်းက ဖြည့်စွက်သည်။

 

အရှေ့တောင်အာရှတွင် တစ်ခုတည်းသော G20 နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် OECD အဖွဲ့ ဝင်ခွင့်လုပ်ငန်းစဉ် သုံးနှစ်အတွင်း ပြီးစီးရန် မျှော်လင့်ထားပြီး BRICS အဖွဲ့ဝင် ဖြစ်လာမည်ဟု ပြီးခဲ့သည့်နှစ် တောင်အာဖရိကတွင် ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးမတိုင်မီက ထင်မြင်ချက်ပေးခဲ့ကြသည်။

 

သို့သော် အဆုံးသတ်အားဖြင့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ၎င်း၏ အစိုးရသည် စိတ်ဝင်စားကြောင်း စာလွှာ မပေးပို့ရန် ဆုံးဖြတ်ခဲ့သည်ဟု အများပြည်သူကို ပြောကြားခဲ့သည်။ အင်ဒိုနီးရှားအစိုးရသည် BRICS အဖွဲ့ဝင်ခြင်း၏ အကျိုး၊ အပြစ်များကို ချိန်ဆနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ဇန်နဝါရီလ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

ကိုးကား - DW

ပုံစာ - ၂၀၂၃ ခုနှစ် BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့တွင် လက်ခံကျင်းပခဲ့သည်။ (Themba Hadebe/AP/picture alliance)

 

Burma Associated Press

BRICS
မလေးရှား
ထိုင်း
အရှေ့တောင်အာရှ

Share With
bap-logo