Data
မြန်မာ လူငယ် ၇ ဦးလျှင် ၁ ဦး သည် ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူ ပန်နေရ
လွန်ခဲ့သော ၇ နာရီ က
မြန်မာ လူငယ် ၇ ဦးလျှင် ၁ ဦး သည် ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူ ပန်နေရ
BAP၊ အောက်တိုဘာ ၁၀။
မြန်မာလူငယ် ၇ ဦးလျှင် ၁ ဦးခန့်သည် ပုဂ္ဂိုလ်ဆိုင်ရာဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူ ပန်နေရသည်ဟု UNDP အစီရင်ခံစာက ဆိုသည်။
UNDP ၏ နောက်ဆုံးထုတ်ပြန်ချက်ဖြစ်သော "ချောက်ကမ်းပါးထက်က မျိုးဆက်- မြန်မာ့လူငယ်များ၏ လုံခြုံရေး နှင့် လူမှုဘဝ စိန်ခေါ်မှုများ" အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကြာရှည်နေပြီဖြစ်သည့် မလုံခြုံမှု၊ စီးပွားရေးခက်ခဲမှု၊ နေရပ်စွန့်ခွာရမှုနှင့် ထိတ်လန့်နေရမှုများသည် လူငယ်များ၏ လိုအင်ဆန္ဒ၊ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့မှ ကင်းလွတ်ခြင်း ဟူသော လူသားလုံခြုံရေး (Human Security)ကို ထိခိုက်နေရုံသာမက ၎င်းတို့၏ စိတ်ကျန်းမာရေးကိုပါ ပျက်စီးစေလျက်ရှိသည်ဟု ဖော်ပြသတိပေးထားသည်။
မြန်မာလူငယ် ၇ ဦးလျှင် ၁ ဦးခန့် (လူဦးရေ ၂.၅ သန်းနီးပါး) သည် ၎င်းတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်း လုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူပန်နေရပြီး၊ ၁၀ ဦးလျှင် ၄ ဦးခန့် (လူဦးရေ ၆ သန်း ကျော်) သည် ညဘက်တွင် တစ်ဦးတည်း လမ်းလျှောက်ရန်ပင် မလုံခြုံဟု ခံစားနေကြရကြောင်း အစီရင်ခံစာက ဆိုသည်။
လူငယ်သုံးပုံတစ်ပုံနီးပါးသည် စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှုများကို မကြာခဏ ခံစားရပြီပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှု အခံရဆုံး ပြည်နယ်များ အနက်မှ ကယားပြည်နယ်တွင် ၆၀ ရာခိုင်နှုန်းကျော်၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ၄၀ မှ ၄၅ ရာခိုင်နှုန်း အထိ ရှိနေသည်။
အစီရင်ခံစာအရ အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် အမျိုးသားလူငယ်များက လုံခြုံမှုမရှိနေဟု ပိုမိုဖြေဆို ကြရာ၊ ၎င်းတို့၏ စိုးရိမ်ထိတ်လန့်မှုများ ထိုကဲ့သို့ မြင့်တက်နေရခြင်းမှာ စစ်မှုထမ်းရနိုင်ခြင်းနှင့် တပ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခံရနိုင်ခြင်းတို့နှင့်စပ်လျဥ်းလျက်ရှိသည်ကိုလည်း ထင်ဟပ်နေ သည်။ သို့သော်လည်း ငယ်ရွယ်သော မသန်စွမ်းအမျိုးသမီးများမှာမူ ကြောက်ရွံ့မှု နှင့် ထိခိုက်လွယ်မှု အမြင့်ဆုံးအဆင့်ကို ရင်ဆိုင်နေကြရသည်ဟုလည်း ဖော်ပြထားသည်။
"လူငယ်အများစုအတွက် အကြမ်းဖက်ခံရမှု၊ အတင်းအကြပ်စစ်မှုထမ်းခိုင်းစေခံရမှု၊ ဒါမှမဟုတ် မနက်ဖြန် ဘာဖြစ်မလဲဆိုတာမသိနိုင်ပဲ သေချာမရေရာမှုတွေကိုနေ့စဉ်ကြုံတွေ့နေရတယ်။ ။ ဒီအရာတွေဟာ မြန်မာလူငယ်တွေ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်" ဟု UNDP ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဦးဆောင်ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောသည်။
"လူငယ်တွေက ထူးခြားတဲ့ ခံနိုင်ရည်ရှိမှုကို ဆက်လက်ပြသနပေမယ့်လည်း၊ စိတ်ဒဏ်ရာတွေပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာနေကြတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ပိုမိုပံ့ပိုးကူညီ မှုများ အရေးတကြီး လိုအပ်နေပါတယ်။ သို့သော် ရေရှည်တည်တံ့တဲ့တိုးတက်မှုဆိုတာက လုံခြုံမှု၊ တည်ငြိမ်မှုနှင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မျှော်မှန်းချက်များဖြင့်သာ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်" ဟုလည်း ၎င်းကဆက်ပြောသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၁၅ နာရီ က
လွန်ခဲ့သော ၇ ရက် က