bap-logo
Article

အမေ့ခံစစ်ပွဲကို လမ်းကြောင်းပြောင်းလိုက်တဲ့ တော်လှန်ရေးတပ်သားလူငယ်များ

e0Y9ll3ncfPlDhhADvypK-image

လွန်ခဲ့သော ၆ လ က

(ဘာသာပြန်ဆာင်းပါး)

ကျောက်ဆောင်တွေထူထပ်တဲ့ တောင်ထိပ်ပေါ်ကို လူတွေက လော်စပီကာကြီးနှစ်ခုကို သယ်လာခဲ့ကြပါတယ်။  တောင်အောက်မီတာ ၈၀၀ မှာတော့ ခြေပစ်လက်ပစ်ဖြစ်နေတဲ့ မြန်မာစစ်အခြေစိုက်စခန်း တစ်ခုရှိနေပါတယ်။ 


အပူချိန် ၄၀ ဒီကရီအထက်မှာရှိနေတာမို့ ရာသီဥတုကလည်း အတော်လေးပြင်းပါတယ်။  လော်စပီကာနှစ်ခုကိုသယ်လာတဲ့နာက်မှာတော့ ကြီးမားပြီးလေးလံတဲ့ ဘတ္ထရီကြီးတစ်လုံးနဲ့ အသံချဲ့စက်ကို လူငယ်တော်လှန်ရေးတပ်သားတွေက ဝါးလုံးတွေအကူနဲ့သယ်ယူလာကြပါတယ်  ဒီအဖွဲ့ကိုဦးဆောင်လာသူကတော့ စစ်တပ်မှာ ၁၂ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကို ဘက်ပြောင်းလာခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇဥ်ပဲ ဖြစ်ပါတယ်။


သူ့ရဲ့အစိမ်းရောင်အပေါ်အင်္ကျီကို ပုခုံးတစ်ဖက်မှာတင်ထားတဲ့သူက စင်ပေါ်တက်ဖျော်ဖြေတာ့မယ့် ဇာတ်သမားတစ်ယောက်ပုံပါက်နေပါတယ်  အာဏာသိမ်းစစ်အုပ်စုအပေါ်သစ္စာစောင့်သိနေသေးတဲ့ တောင်အောင်က စစ်စခန်းတွေမှာရှိ‌နေတဲ့စစ်သားတွေကို ဘက်ပြောင်းခိုဝင်လာဖို့ရာ တိုက်တွန်းပြောဆိုဖို့အတွက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ဒီနေရာကို ရောက်နေတာပါ။ 


မြန်မာနိုင်ငံရဲ့အရှေ့ဖျားမှာရှိနေတဲ့ ကရင်နီပြည်နယ်ရဲ့တောနက်တွေထဲမှာ စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အကြောင်း တစ်ခု၊ ဒါမှမဟုတ် အခြားအကြောင်းတစ်ခုနဲ့ တိုက်ပွဲတွေဖြစ်လာတာ ဆယ်စုနှစ်ပေါင်းများစွာရှိလာပါပြီ။  သို့ပေမယ့်လည်း မကြာသေးခင်လတွေက တော်လှန်ရေးတပ်တွေရဲ့လျှင်မြန်တဲ့ရှေ့တိုးတိုက်ခိုက်မှုတွေက ယခုအကြိမ်မှာတော့ တော်လှန်စစ်ဆင်နွှဲသူတွေအသားစီးရနိုင်ပါတယ်။

စစ်အုပ်စုက အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေအပေါ်ကို တိုက်လေယာဉ်တွေနဲ့ပုံမှန်ဗုံးကြဲလေ့ရှိ‌ပေမဲ့လည်း တော်လှန်ရေးအင်အားစု‌တွေဖက်မှာတော့ တိုက်‌လေ ယာဥ်တွေမရှိပါဘူး


မြန်မာမှာ စစ်အုပ်ချုပ်ရေးနဲ့ ရက်စက်တဲ့ဖိနှိပ်မှုတွေဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီးနောက် တိုင်းရင်း သားအုပ်စုတွေက  လူငယ်တော်လှန်ရေးသမားတွေနဲ့အတူ အာဏာရှင်စနစ်ကို အကျဥ်းအကျပ်ထဲအရောက်ပို့ခဲ့ပါတယ်။


လွန်ခဲ့တဲ့ ခုနှစ်လအတွင်း တိုင်းပြည်ရဲ့ တစ်ဝက်နဲ့ သုံးပုံနှစ်ပုံကြားဟာ တော်လှန်ရေးအင်အားစုတွေလက်ထဲကို ကျရောက်ခဲ့ပါတယ်။  ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုမှာ ကလေးများစွာအပါအဝင် လူသောင်းချီသေဆုံးခဲ့ရပြီး လူ ၂ ဒဿမ ၅ သန်းက နေရပ်ရွှေ့ပြောင်း နေထိုင်ခဲ့ရပါတယ်။ 

 

အာဏာသိမ်းစစ်အုပ်စုကလည်း ၎င်းတို့ရဲ့စစ်ရေးအုပ်ချုပ်မှုအပေါ်  မမျှော်မှန်းထားတဲ့စိမ်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။  တိုးပွားလာတဲ့တော်လှန်ရေးအင်အားစုတွေကို ကဖျက်ကယက်လုပ်နိုင်ဖို့အတွက် စစ်အုပ်စုက အရပ်သားတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေအပေါ်ကို တိုက်လေယာဉ်တွေနဲ့ပုံမှန်ဗုံးကြဲလေ့ရှိ‌ပေမဲ့လည်း တော်လှန်ရေးအင်အားစု‌တွေဖက်မှာတော့ တိုက်‌လေ ယာဥ်တွေမရှိပါဘူး။


နေမျိုးဇင်က မိုက်ကရိုဖုန်းနဲ့ဘာမှမပြောရသေးခင် သူရှိရာအရပ်ကို စစ်တပ်က သေနတ်တွေနဲ့ပစ်ခတ်နေပါပြီ။ ယင်းသေနတ်သံတွေ၊ ဗုံးသံတွေကို မဖြုံဘဲ သူက မိုက်ကရိုဖုန်းခလုတ်ကိုဖွင့်ပြီကျေးဇူးပြုပြီး အပစ်အခတ်ရပ်ပါ၊ အပစ်အခတ်ရပ်ပါ။ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပါပဲ”။  အဲ့အချိန်မှာပဲ အံ့သြဖွယ်ကောင်းလောက်အောင် အပစ်အခတ်တွေရပ်သွားပါတယ်။


ထို့နောက်မှာတော့ သူက ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ချခဲ့တဲ့ တပ်မတော်သား အယောက် ၄,၀၀၀ ရှိကြောင်း နဲ့ မကြာသေးခင်က မြို့တော် နေပြည်တော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက  ဒရုန်းနဲ့တိုက်ခတ်ခဲ့ကြောင်း၊  အမှာစကားပါးချင်တာကတော့ ကျွန်တော်တို့ကနိုင်နေပြီး၊ ခင်ဗျားတို့ရဲ့ စစ်အစိုးရက ရှုံးနေတယ်ဆိုတာဖြစ်ပြီး ခုချိန်ဟာ ခင်ဗျားတို့လက်နက်ချရမယ့်အချိန်ပဲဖြစ်ကြောင်းတွေကို ပြောပါတော့တယ်။


ခုဒီ ပန်ဆိုင်းမှာရယ်၊ ကရင်နီပြည်နယ်တဝှမ်းနဲ့ တိုင်းပြည်ရဲ့နေရာအတော်များများမှာ အရှိန်မြင့်ဖြစ်ပွားလာတဲ့တော်လှန်တိုက်ခိုက်မှုတွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့အုပ်ချုပ်ရေးကို ခြိမ်းခြောက်နေပါတယ်။  ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ရွေးကောက်ခံအရပ်သားအစိုးရအုပ်ချုပ်ရေးကိုအဆုံး သတ်လိုက်ပြီး ဒေါ်အော်ဆန်းစုကြည်နဲ့အခြားသောနိုင်ငံရေးခေါင်းဆောင်တွေဟာ ထောင်သွင်းအကျဥ်းချခံထားရဆဲဖြစ်ပါတယ်။


သို့ပေမယ့်လည်း မြန်မာ့အရေးဟာ ယူကရိန်း နဲ့ အစ္စရေး-ဂါဇာ ပဋိပက္ခတွေရဲ့နောက်မှာသာ စိတ်ဝင်စားမှုရှိနေပါတယ်။  မြန်မာမှာ လွတ်လပ်တဲ့ သတင်းထုတ်ဝေခွင့်လည်းမရှိသလို နိုင်ငံခြားသားသတင်းထောက်များအတွက်လည်း ပြည်ဝင်ခွင့်ရဖို့ခဲရင်းပါတယ်။  စစ်အစိုးရကခွင့်ပြုထားတဲ့နယ်မြေတွေကိုအလည်အပတ်သွားရာကနေတော့ အတိုက်အခံတွေရဲ့ခုခံတော်လှန်မှုတွေအကြောင်းကို ကြားရဖို့မရှိပါဘူး။


တရုတ်နဲ့နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ထိုင်းနိုင်ငံတို့နဲ့ပါနယ်နိမိတ်ထိစပ်နေတဲ့ ကရင်နီပြည်နယ်တဝှမ်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ မြန်မာပြည်အရှေ့ဖျားမှာ ကျွန်တော်တို့အဖွဲ့ဟာ တစ်လလောက်အတူရှိခဲ့ပါတယ်။ 

 

တော်လှန်ရေးတပ်ဖွဲ့တွေ အသာစီးရနေတဲ့ ပန်ဆိုင်းလိုနေရာမျိုးမှာ ရက်သတ္တပတ်ပေါင်းများစွာ ဝိုင်းရံပြီး လမ်းကြောင်းတွေဖြတ်တောက်ခံနေရတဲ့ စစ်တပ်ရှိရာ ရှေ့တန်းစစ်မျက်နှာစာတွေကို ကျွန်တော်တို့က တောတွင်းလမ်းကြမ်းနဲ့လျိုမြောင်တွေကိုဖြတ်ပြီးသွားခဲ့ရပါတယ်။ မြောက်ဖက်နည်းနည်းကျတဲ့အပိုင်းမှာရှိတဲ့ မိုးဗြဲလိုနေရာမျိုးမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်တွေထောင်ထားတဲ့မြေပြင်တွေကို ဖြတ်သန်းပြီး တိုက်ရိုက်သဲကြီးမဲကြီးတိုက်ခိုက်နိုင်ဖို့ကြိုးပမ်းရတာမို့ ဆုံးရှုံးမှုတော်တော်များပါတယ်။ ပြည်နယ်မြို့တော်ဖြစ်တဲ့ လွိုင်ကော်မှာတော့ တော်လှန်ရတပ်ဖွဲ့တွေရဲ့ အားသာချက် နဲ့ အားနည်းချက်တွေဟာ မြင်လွယ်ပါတယ်။

 

နေမျိုးဇင်က အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်ကို စွန့်ခွာခဲ့ဖို့ကိုပါ စစ်သားတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်

 

ပန်ဆိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့အနေနဲ့ တိုက်ပွဲမှာ အပေါ်စီးမှာရှိနေတာကို ယုံကြည်မှုအပြည့်နဲ့စောင့်ဆိုင်းတဲ့ကစားပွဲတစ်ခုကို ကစားနေကြပါတယ်။ စစ်သား အယောက် ၈၀ လောက်က တောင်ခြေမှာရှိတဲ့ စခန်းမှာ ပိတ်မိနေပြီး စစ်သား အယောက် ၁၀၀ ကျော်လောက်ကတော့ ကျဆုံးတာမျိုး မဟုတ်ရင် ဒဏ်ရာရခဲ့ကြတယ်လို့ ယူဆရပါတယ်။

 

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ တောင်ထိပ်ကနေ သူ့ရဲ့ လော်စပီကာကြီးနဲ့ စစ်သားတွေကို လက်နက်ချဖို့ ပြောနေပါတယ်။ "ကျွန်တော်တို့အားလုံး ခင်ဗျားတို့ကို ဝန်းရံထားပါတယ်။ ရဟတ်ယာဉ်ရောက်လာဖို့ လည်းမရှိသလိုမြေပြင်တပ်စိတ်တွေရောက်လာပြီး စစ်ကူပေးဖို့ဖြစ်နိုင်ခြေလည်းမရှိပါဘူး။ ပြည်သူ့ဖက်ကို ဖက်ပြောင်းခိုလှုံမလားဆိုတာကို ခင်ဗျားတို့စဉ်းစားဆုံးဖြတ်ဖို့ ဒီနေ့အချိန်ရပါမယ်"။ 

 

တောင်အောက်က စစ်စခန်းမှာတော့ တိတ်ဆိတ်နေပါတယ်။ 

 

နေမျိုးဇင်က အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်ကို စွန့်ခွာခဲ့ဖို့ကိုပါ စစ်သားတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

 

"ခင်ဗျားတို့ရဲ့အသက်တွေကို ချမ်းသာပေးမှာပါ။ ဒါ ကျွန်တော်ပေးနိုင်တဲ့ အမြင့်ဆုံးကတိကဝတ်တစ်ခုပါပဲ။ ဒါကြောင့် မမိုက်မဲကြစမ်းပါနဲ့။ ခင်ဗျားတို့နောက်ဆုံးအသက်ထွက်တဲ့အထိ အာဏာရှင် မင်းအောင်လှိုင်ရဲ့ မတော်မတရားချမ်းသာကြွယ်ဝမှုတွေကို ကာကွယ်ပေးသွားကြမှာလား။ အခု ခင်ဗျား တို့ ဖက်ပြောင်းခိုဝင်လာတာကို ကြိုဆိုဖို့ ကျွန်တော်စောင့်နေပါတယ်ဗျာ"

 

အချိန်တွေလည်းကုန်ဆုံးနေပါတယ်။ စစ်အုပ်စုရဲ့တပ်ဖွဲ့တွေက သူတို့ရဲ့တုန့်ပြန်မှုကိုစဉ်းစားနေစဉ်မှာ တောင်ထိပ်မှာတော့ ယင်ကောင်တွေရဲ့တဝီဝီအော်သံတွေပဲ ကြားနေရပါတယ်။ တကယ်လို့ သူတို့လက်နက်ချခဲ့ပြီး စစ်တပ်ထိန်းချုပ်တဲ့နယ်မြေတွေကို သူတို့ပြန်ပို့ခံရတဲ့အခါ သေမိန့်ချခံရနိုင်ပါတယ်။ ဒါ့ကြောင့် လက်နက်ချဖို့ဆိုတာက လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။

 

သူတို့ရဲ့အဖြေကတော့ ကျယ်ကျယ်လောင်လောင်ထွက်လာပါပြီ။ လုံးဝအသေအချာပါပဲ။ ဘာလို့ဆိုရင် သူတို့က ကျောက်ဆောင်တွေရှိရာစခန်းတွေကို တဖန်ပြန်ပစ်ခတ်နေခဲ့တာမို့ပါ။ တော်လှန်ရေးတပ်သားတွေကလည်း အကာအကွယ်ကို စတင်ယူလိုက်ပါတယ်။ ခုနေ့တော့ လက်နက်ချဖို့မရှိလောက်ပါဘူး။ 

 

မည်သို့ပင်ဆို‌‌စေကာမှု နေမျိုးဇင်ကတော့ လက်နက်ချဖို့ အသံဆက်လွှင့်နေတုန်းပါပဲ။ သူ့ဖက်ကနေကြည့်မယ်ဆိုရင် စစ်ဆင်ရေးတစ်ခုကို ဦးဆောင်ရသူအနေနဲ့ စစ်စခန်းတစ်ခုကို လက်ရသိမ်းပိုက်ဖို့ကို မတူတဲ့နည်းလမ်းတစ်ခုနဲ့ ချည်းကပ်နေတာပါပဲ။ 

 

နေမျိုးဇင် က စစ်သားတွေကို မင်းအောင်လှိုင်ရဲ့အ‌စောင့်ခွေးတွေ၊ တိုင်းပြည်ကိုသစ္စာမစောင့်သိကြသူတွေအဖြစ် ပြောဆိုပါတော့တယ်။ စစ်သားတွေကလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြန်တုန့်ပြန်ဆဲဆို‌ကြပါတယ်။ စစ်သားတွေက တိုင်းပြည်ကိုအုပ်ချုပ်ဖို့ဆိုတာ စစ်တပ်ရဲ့အခွင့်အရေးပဲ၊ ကံကြမ္မာပဲလို့ ခိုင်ခိုင်မာမာယုံကြည်ထားကြပါတယ်။

 

နှစ်ဖက်အကြား အတွေးအမြင်ပိုင်းဆိုင်ရာ အက်ကွဲရာဟာ ပေါင်းကူးချိတ်ဆက်ပေးလို့ကို မရနိုင်တော့ပါဘူး။ တော်လှန်ရေးတပ်သားတွေ တပ်မဆုတ်ခင် "ချော့တစ်ခါ၊ ချည်တစ်လှည့်" နည်းလမ်းနဲ့ နောက်ထပ် မိနစ် ၃၀ လောက် စစ်သားတွေကို လက်နက်ချခိုင်းခဲ့ပါ‌သေးတယ်။

 

စစ်သားတွေ လက်နက်ချဖို့ကို တက်တက်ကြွကြွပြောနေရင်း မှာ လက်နက်ကြီး၊ ဒါမှမဟုတ် စက်သေနတ်တွေနဲ့ပစ်ခတ်မှုကို စိုးရိမ်တာမို့ နေမျိုးဇင်က နေရာပြောင်းလိုက်ပါတယ်။ (ကျွန်တော်က လော်စပီကာကနေ ကိုက် ၄၀၀ အကွာမှာပဲရှိခဲ့တာပါလို့ သူကပြောခဲ့ပါတယ်။) ယင်းနေ့ ညနေခင်းမှာတော့ တောင်ကုန်းကို တိုက်ရိုက်ထိမှန်မှုတွေရှိခဲ့ပေမယ့် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

 

ဒါဟာ အတွေးအမြင်ခံယူချက်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုဆိုတာထက် ပိုပါတယ်။ ဒါဟာ မျိုးဆက်အလိုက်တိုက်နေရတဲ့စစ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။ 

 

စနစ်ဟောင်းတစ်ခုကနေ လွတ်လပ်ဖို့ကို တိုက်ခိုက်နေတဲ့စနစ်သစ်တစ်ရပ် တည်ထောင်လာတာကို လူငယ်တွေက ဆန့်ကျင်နေတာပါ။ မအောင်မြင်ခဲ့တဲ့တော်လှန်ရေးပုံပြင်တွေကို ကြားဖူးခဲ့တဲ့လူငယ်တွေကပဲ ခုချိန်က အပြောင်းအလဲကိုလုပ်မဲ့ သူတို့ခေတ်ပဲလို့ ဆုံးဖြတ်ခဲ့ကြတာပါ။

 

စစ်အုပ်ချုပ်ရေးလက်အောက် ရာစုနှစ်ဝက်ကြာနေခဲ့ကြရပြီးနောက်မှာတော့ မြန်မာဟာ ၂၀၁၅ ခုနှစ် ကစပြီး ဒေါ်အောင်ဆန်းစုကြည်ဦး‌ဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ ဒိမိုကရေစီဆိုတာကို အချိန်တခဏတာ ခံစားခဲ့ရပါတယ်။

 

ဒီရှေ့တန်းစစ်မျက်နှာစာမှာတော့ တောင်လှန်‌‌ရေးတိုက်ခိုက်ရေးသမားအားလုံးက အသက် ၂၅ နှစ်အောက်တွေပါပဲ

 

ယင်းနှစ်တွေကို လူငယ်တွေဟာ တခဏတာ လွတ်လပ်မှုရဲ့ရွှေခေတ်လို့ မှတ်သားခဲ့ပါတယ်။ မဲရုံတွေက သူတို့ကို စိတ်ပျက်စေခဲ့ပြီး စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြခြင်းတွေကလည်း အသတ်ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့တိုးခဲ့ပါတယ်။ လူငယ်တော်လှန်ရေးတပ်သားအများစုကတော့ ၎င်းတို့အနေနဲ့ လက်နက်စွဲကိုင်တိုက်ခိုက်တာကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ပြောခဲ့ပါတယ်။ 

 

ထောင်ချီတဲ့လူငယ်တော်လှန်ရေးတပ်သားများဟာ ရန်ကုန်လိုအဓိကမြို့ကြီးတွေမှာ ပညာသင်ကြားခြင်းနဲ့ ဆရာဝန်‌‌၊ ကိုယ်ခံပညာသင်ကြားသူ၊ သင်္ချာပညာရှင် အစရှိတဲ့ အလုပ်အကိုင်တွေကို စွန့်လွှတ်ပြီး စစ်အုပ်ချုပ်ရေးကို ကာလရှည် ဆန့်ကျင်တိုက်ခိုက်ဖို့ မြို့ကြီးတွေကနေထွက်ခွာလာခဲ့ကာ တိုင်းရင်းသား‌‌တွေနဲ့ခုခံတော်လှန်ရေးတပ်ဖွဲ့တွေကို တည်ထောင်ခဲ့ကြပါတယ်။ 

 

ဒီရှေ့တန်းစစ်မျက်နှာစာမှာတော့ တောင်လှန်‌‌ရေးတိုက်ခိုက်ရေးသမားအားလုံးက အသက် ၂၅ နှစ်အောက်တွေပါပဲ။

 

"ခွေးတွေဟာ မတရားကြဘူး (စစ်တပ်ကို ခွေးနဲ့နှိုင်းယှဥ်သုံးနှုန်းပြောဆိုကြပါတယ်)။ သူတို့က တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ခဲ့ကြတယ်။ ကျွန်တော်တို့လို လူငယ်တွေက ဒါကို ဖြတ်တောက်ပစ်ချင်တာ" လို့ KNDF တပ်ဖွဲ့က အသက် ၂၂ ရှိ နန်းရီး (Nam Ree) က သူဘာ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ရသလဲဆိုတာကို ရှင်းပြထားပါတယ်။

 

နန်းရီးက ခြေညှပ်ဖိနပ်ကိုစီးထားပြီး အရောင်လွင့်နေတဲ့ စစ်ဘောင်းဘီ‌ရှည် နဲ့ ဘာစီလိုနာအသင်းအင်္ကျီအပေါ်မှာကျည်ခါးပတ် ကို ဝတ်ဆင်ထားပါတယ်။ သူ့အနားကသူ‌တွေနဲ့မတူတဲ့တစ်ချက်တော့ သူ့မှာ ပဲ့ထိန်းဦးထုပ်တစ်လုံးဆောင်းထားတာပါပဲ။ သူတို့ တစ်ယောက်ဆီမှာမှ ကျည်ကာအင်္ကျီတွေမရှိကြပါဘူး။ 

 

KNDF (ကရင်နီပြည်သူ့ကာကွယ်ရေးတပ်) ဆိုတာ စစ်အာဏာသိမ်းမှုအပြီးမှာ လူငယ်တော်လှန်ရေးသမားတွေဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုအင်အားတစ်ရပ်ဖြစ်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကယားပြည်နယ်လို့ သိထားတဲ့ ကရင်နီပြည်နယ်မှာ စစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဆန့်ကျင်တိုက်ခိုက်နေပါတယ်။ သို့ပေမယ့်လည်း KNDF က ဒီတပ်ဖွဲ့အားလုံးကို စုစည်းစေပြီး စစ်မြေပြင်မှာ အောင်မြင်မှုတွေကို ဆောင်ယူလာခဲ့ပါတယ်။

 

ယမန်နှစ် အောက်တိုဘာ ၂၇ ရက်မှာတော့ အာဏာသိမ်းစစ်အုပ်စုကို အထိနာစေတဲ့ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်ညီနောင်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ နယ်စပ်ဒေသရှိ စစ်တပ်ရဲ့ ကင်းစခန်းတွေကို လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့အချိန်ကစပြီး တိုင်းပြည်တဝှမ်း ဒါဇင်ကျော်တဲ့ မြို့တွေကို စစ်တပ်လက်ထဲကနေ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေလက်ထဲကို ကျရောက်ခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည်ရဲ့အဓိကကျတဲ့မြို့ကြီးတွေကို ထိန်းချုပ်နိုင်ဆဲဖြစ်ပေမယ့်လည်း နယ်စွန်နယ်ဗျားနဲ့ နယ်စပ်ဒေသရှိ မြို့တွေကိုတော့ လက်လွှတ်ဆုံးရှုံးနေရပါတယ်။

 

ကရင်နီပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ KNDF နဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့လက်ထဲကျရောက်နေပြီဖြစ်ကြောင်း KNDF က ဆိုခဲ့ပါတယ်။ ကရင်နီပြည်နယ်က တိုင်းပြည်ရဲ့အသေးဆုံးပြည်နယ်ဆိုပေမယ့်လည်း စစ်အုပ်ချုပ်ရေးကို ခုခံတော်လှန်တဲ့ အဓိက အမာခံဌာနချုပ်တစ်ခုဖြစ်လာနေပါတယ်။ 

 

KNDF ရဲ့ ဒု - စစ်ဦးစီးချုပ် မာဝီ က အရိပ်ကောင်းတဲ့ သရက်ပင်တစ်ပင်ရဲ့အောက်မှာ ထိုင်နေပါတယ်။ အမေရိကန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ရေးရာကို ပညာသင်ယူခဲ့တဲ့ မာဝီက စစ်အာရှင်ကို‌ တော်လှန်တိုက်ခိုက်ဖို့ရန်အတွက် လွန်ခဲ့တဲ့သုံးနှစ်က လက်နက်စွဲကိုင်ခဲ့ပါတယ်။ 

 

သူက အာဏာသိမ်းစစ်အုပ်စုကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြု‌ကြောင်း၊ စစ်တပ်ဟာ တိုင်းပြည်ရဲ့တိုင်းရင်းသားလူထုကို ဖိနှိပ်သူသာဖြစ်ကြောင်း၊ အခုတော့ တစ်တိုင်းပြည်လုံးက စစ်တပ်ကို ပြန်တိုက်နေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

 

"နည်းဗျူဟာတွေက ပြောင်းလဲနေပါတယ်။ တိုက်ခိုက်မှုအားလုံးဟာ ခုတော့ ပူးပေါင်းဆောင်ရွက်နေတဲ့ စစ်ဆင်ရေးတွေပါပဲ" လို့ KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီ က ပြောခဲ့ပါတယ်။

 

KNDF မှာ တိုက်ပွဲဝင်မယ့်သူမရှိတာမျိုးမဟုတ်ဘဲ လက်နက်ခဲယမ်းတွေက စိတ်ပျက်လောက်အောင် မလုံမလောက်ဖြစ်နေတာပါ။ တော်လှန်‌ရေးလက်နက်ကိုင်တပ်ဖွဲ့အများစုကို ပြည်ပမှာတိမ်း‌ရှောင်နေထိုင်နေရတဲ့နိုင်ငံသားတွေကပဲ ရန်ပုံငွေ‌တွေလှူဒါန်းထောက်ပံ့ပေးနေတာပါ။

 

"ကျွန်တော်တို့မှာ ပြင်းပြတဲ့စိတ်နှလုံးရှိတယ်။ စိတ်ဓာတ်လည်းရှိတယ်။ လူသားဆန်မှုလည်းရှိတယ်။ ဒါက သူတို့ကို ကျွန်တော်တို့အနိုင်တိုက်နိုင်မယ့် အချက်တွေပါပဲ" လို့ ဒု စစ်ဦးစီးချုပ် မာဝီ က ပြောခဲ့ပါတယ်။

 

သူ့ရဲ့လက်မှာ "လွတ်လပ်တဲ့ တွေးခေါ်သူ" (Free Thinker) ဆိုတဲ့တက်တူးကို ရေးထိုးထားပြီး တချိန်က မြန်မာဟာ ကဖျက်ယဖျက်လုပ်ခံနေရတဲ့ကာလတွေကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ ကာလတိုတစ်ခုကပါ။ ကျွန်တော်က သူ့ကို "ခင်ဗျား လွတ်လပ်တဲ့ တွေးခေါ်သူ တစ်ယောက်ဖြစ်နေဆဲလား" လို့မေးတော့ သူက "ဒီ ယူနီဖေါင်းနဲ့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီယူနီဖေါင်းမဝတ်ထားဘူးဆိုရင်တော့ ကျွန်တော်က လွတ်လပ်တဲ့လူတစ်ယောက်ပါပဲ။ ဒါကျွန်တော်တို့ရဲ့အိပ်မက်ပါပဲ။ ကျွန်တော်တို့ အားလုံး ဒါကို တဖန် ပြန်ဖန်တီးကြမှာပါ" လို့ မာဝီက ဖြေခဲ့ပါတယ်။

 

မြန်မာပြည်ကိုဝင်ရောက်တယ်ဆိုတာ အမေ့ခံစစ်ပွဲတစ်ခုဆီကို သွားရုံတင်မက ပြင်ပကမ္ဘာက လျစ်လျူရူထားတဲ့တိုင်းပြည် တစ်ခုကို သွားတာပဲဖြစ်ပါတယ်။ ဖုန်းလိုင်းအများစု၊ အင်တာနက်လိုင်းတွေ၊ လျှပ်စစ်မီးတွေဟာ ကရင်နီပြည်နယ်မှာ ဖြတ်တောက်ခံထားရပါတယ်။ အာဏာသိမ်းစစ်အုပ်စုက တပ်ဆုတ်နေရပေမဲ့လည်း ကျန်ရှိနေသေးတဲ့ သူတို့ရဲ့ စစ်အခြေစိုက်စခန်းတွေက ပြည်နယ်တဝှမ်းမှာရှိနေတဲ့ လမ်းမ ကြီးတွေကို ထိန်းချုပ်ထား‌နေဆဲပါ။

 

ပန်ဆိုင်း ကနေ မြောက်ဖက် ၃၇ မိုင် အကွာမှာပဲရှိတဲ့ ဒီမောဆိုးမြို့ကို သွားဖို့ဆိုရင် ချိုင့်ရာအပြည့်ဖြစ်နေတဲ့ လှည်းလမ်းကြောင်းတွေ၊ တောင်ကုန်းတွေ၊ မြစ်တွေ နဲ့ တောင်ကြားချိုင့်ဝှမ်းတွေကို ၁၀ နာရီလောက် ခက်ခက်ခဲခဲဖြတ်ကျော်ပြီးမှ ရောက်နိုင်ပါတယ်။

 

မိုးဗြဲမြိုအနီး စစ်အခြေစြိက်စခန်းတစ်ခုကို မအောင်မြင်တဲ့တိုက်ခိုက်မှုတစ်ခုအပြီးမှာ ကျွန်တော်တို့ရောက်ခဲ့ပါသေးတယ်။ ယင်းတိုက်ပွဲမှာ တော်လှန်ရေးတပ်သား ၂၇ ယောက်တောင်ကျဆုံးခဲ့ပါတယ်။

 

တောတွင်းမှာဆောက်ထားရတဲ့ ဆေးရုံတစ်ခုရဲ့ ညစ်ပတ်နေတဲ့ကြမ်းပြင်ပေါ်ရှိ ဆေရုံကုတင်‌တွေထက်မှာတော့ KNDF က ဒဏ်ရာရ လူငယ်တိုက်ပွဲဝင်သူတွေ လဲလှောင်းနေပါတယ်။ တချို့က လက်မထောင်ပြီး ပြုံးပြကြတယ်၊ အများစုက ခြေလက်အင်္ဂါတွေကို ဆုံးရှုံးထားရပါတယ်။

 

‌စစ်စခန်းတစ်ခုကို တိုက်ခိုက်မှုတစ်ခုမှာ ဒဏ်ရာရခဲ့တဲ့ အသက် ၂၃ နှစ်ရှိ အောင်းငယ် (Aung Ngle) ရဲ့ ပေါင်ထဲက ဗုံးဆန်အစအနတွေကို ခွဲထုတ်ပြီးနောက် သူ့ရဲ့ဘယ်ဖက်ခြေဟာ ဆိုးဆိုးရွားရွားကို ဖောင်းပြီး‌ ရောင်ကိုင်းနေပါတယ်။ သူက စကားမပြောနိုင်လောက်အောင်ကို အားနည်းနေပေမဲ့လည်း သူစပြီးငိုကြွေးလာ‌တဲ့အခါကြတော့ ရဲဘော်သုံး‌ယောက်က သူ့ကို ထွေးပွေ့ပြီးနှစ်သိမ့်ပေးကြပါတယ်။ သူတို့ဟာ စစ်ဆင်ရေးတွေကို ဆက်လက်ပါဝင်နိုင်စွမ်းမရှိကြတော့ပါဘူး။ အောင်းငယ် အနေနဲ့ ထိုင်းနိုင်ငံမှာ ဆေးကုသမှုထပ်မံခံယူဖို့ ခရီးရှည်တစ်ခုကို ထွက်ရအုံးမှာပါ။ ကျွန်တော်က အောင်းငယ်ရဲ့အခြေအနေကို ဆရာဝန်တစ်ယောက်ကို မေးကြည့်တော့ "သူကောင်းသွားမှာပါ၊ သို့ပေမယ့် ခုလောလောဆယ်တော့ သူတိုက်ပွဲထပ်ဝင်နိုင်မှာမဟုတ်တဲ့အပေါ် သူအတော်လေး စိတ်ပျက်အားငယ်နေပါတယ်" လို့ ဆရာဝန်က ဖြေခဲ့ပါတယ်။

 

တကယ်တော့လည်း ဒါက အခြားခေတ်တစ်ခုက လူမဆန်မှုနဲ့ ပဠိပက္ခတွေကို ရင်ဆိုင်တိုက်ပွဲဝင်‌နေတာမို့ လေးစားမိပါတယ်။ မိုးဗြဲတိုက်ပွဲက လေးရက်ကြာခဲ့ပြီး ခြေလျင်တပ်က တော်ပေါ်ကနေ စစ်တပ်ရဲ့ဘန်ကာတွေကို သဲကြီးမဲကြီးကို တိုက်ပွဲဆင်ခဲ့တာပါပဲ။

 

တစ်ယောက်ဆိုရင် တစ်ဖက်ကပစ်လိုက်တဲ့ လက်ပစ်ဗုံးကြောင့် သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ အစာအိမ်မှာ ဒဏ်ရာပေါင်းများစွာရခဲ့ပါတယ်။ လက်ပစ်ဗုံးကြောင့် ခြေထောက်ကိုထိမှန်ခဲ့တဲ့ တပ်မှုးတစ်ယောက်ကို ကယ်ထုတ်ဖို့ သွားရင်းရခဲ့တဲ့ဒဏ်ရာပါ။ "အဲ့ဒါ သိပ်နီးတဲ့အကွာအဝေးပါပဲ၊ ပေ ၃၀ လောက်ပဲရှိမယ်" လို့ သူကပြောခဲ့ပါတယ်။

 

ကျွန်တော်တို့ရဲ့ မြောက်ဖက်ပိုင်းက ရှမ်းပြည်နယ်အတွင်းရှိ ဆီဆိုင်မြို့ကို သွားတဲ့လမ်းတစ်လျှောက်မှာတော့ စစ်ပွဲရဲ့ တဖြည်းဖြည်းအရှိန်ရလာတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို မြင်ခဲ့ရပါတယ်။ ပြည်နယ်မြို့တော် လွိုက်ကော်ကို သွားတဲ့လမ်းကို သိမ်းပိုက်ဖို့ကြိုးစားတဲ့အနေနဲ့ စစ်တပ်အပေါ် တန်ပြန်ခုခံစစ်တွေဖြစ်ပွားနေပါတယ်။

 

ဒါက သူတို့ရဲ့ပြည်နယ်မဟုတ်ပေမယ့် KNDF က Darthwar ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေပါတယ်။ သူ လည်း သူ့ရဲဘော်တွေလိုပဲ ယခင်တိုက်ပွဲတွေမှာရခဲ့တဲ့ဒဏ်ရာရဲ့ အနီရောင်အမာရွတ်တစ်ခုကို သူ့တီရှပ်လက်မောင်းအောက်မှာ တွေ့ရပါတယ်။

 

"ဒီနေရာကို ခုခံကာကွယ်ရတာဟာ ကျွန်တော်တို့အိမ်ကို ခုခံကာကွယ်ရသလိုပါပဲ" လို့ သူကပြောခဲ့ပါတယ်။ သူက ဘောင်းဘီတိုကိုဝတ်ထားပြီး ခြေညှပ်ဖိနပ်ကိုစီးထားကာ သူရော၊ သူ့ရဲဘော်တွေမှာပါ ကျည်ကာအင်္ကျီတွေမရှိကြပါဘူး။ ကျွန်တော်‌တို့မှာရောပဲ ကျည်ကာတွေမရှိကြပါဘူး။

 

ငှက်ပျောပင်တွေစိုက်ထားတဲ့ တောင်ကုန်းနိမ့်တစ်ခုပေါ်မှာ ကျွန်တော်တို့ရပ်နေစဉ် ၀.၉ မိုင် အကွာလောက်မှာရှိတဲ့ စစ်စခန်းတစ်ခုကို သူက ညွှန်ပြခဲ့ပါတယ်။ ဗုံးဆံတွေက ကျွန်တော်တို့အနီးအနားမှာ စကျလာတဲ့အခါမှာတော့ အနားက ဗုံးခိုကျင်းနိမ့်နိမ့်တွေထဲ ကျွန်တော်တို့ လေးဖက်တွားဝင်ပုန်းကြရတော့တာပါပဲ။ ဗုံးဆံတွေ၊ စက်သေနတ်ပစ်သံတွေက ဆက်ကြားနေရပြီး တဖြည်းဖြည်းနဲ့နီးလာပါတယ်။ သေနတ်ပစ်သံကို အတော်လေးနီးနီးကနေ ကြားရတာမို့ စစ်သားတွေက ကျွန်တော်တို့အရင်ကထင်ထားတာထက် ပိုနီးတဲ့အရပ်မှာရှိနေတာ‌ သေချာပါတယ်။

 

ကျွန်တော် သူတို့ကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းကတော့ ဝါးသေနတ်တွေနဲ့လေ့ကျင့်ရေးဆင်းနေကြရပေမဲ့ အခုတစ်ခေါက်မှာတော့ သူတို့တွေက သေနတ်အစစ်‌တွေနဲ့လေ့ကျင့်‌ရေးဆင်းနေကြပါပြီ

 

စစ်သားတစ်ဖွဲ့က ကျွန်တော်တို့ရှိတဲ့နေရာကို မိုင်းကွင်းကိုဖြတ်ပြီး လာနေတယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ဗုံးခိုကျင်းထဲကနေ ထွက်ပြီး ကားဆီပြေးကာ ဗုံးဆံတွေ၊ သေနတ်ပစ်ခတ်မှုတွေကြားကနေ ကားကိုအရှိန်တင်ကာ အသားကုန်မောင်းထွက်ခဲ့ရပါတယ်။

 

"သူတို့ တပ်စိတ်က ဒဏ်ရာရခဲ့တယ်။ ဒါ့ကြောင့်သာ စစ်သားတွေက နေရာတိုင်းကို မဲမဲသဲသဲပစ်ခတ်ကြတာပါ" လို့ Darthwar က ရှင်းပြခဲ့ပါတယ်။

 

တောတွင်းတစ်နေရာမှာ မြေရှင်းပြီး မြေမျက်နှာပြင်ကိုညှိကာလုပ်ထားတဲ့စစ်ရေးပြကွင်းက KNDF ရဲ့ သင်တန်းဆင်းပွဲတစ်ခုမှာ‌တော့ သူ့ရာထူးအစဉ်အလိုက် သင်တန်းသားအသစ်တွေက ချီတက်စစ်‌ရေးပြနေကြပါတယ်။ ဖုန်ပေနေတဲ့ သူတို့ရဲ့စစ်ဖိနပ်ရှည်တွေကို ဝတ်ထားတဲ့ သင်တန်းဆင်းတပ်သားတွေဟာ KNDF ခေါင်းဆောင်တွေကို အလေးပြုရင်း ချီတက်နေကြပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးစ ယောက်ျားငယ်၊ မိန်းမငယ်တွေက "စစ်သူရဲကောင်း" အမည်ရှိ အင်္ဂလိပ်သီချင်း "Warrior" ရဲ့ စီးချက်ကျမှုနဲ့အတူ ချီတက်နေကြပါတယ်။ သီချင်းစာသားကတော့

 

ငါ က နောက်ဆုံးမှ ထွက်ခွာသူဆိုပေမဲ့ ပထမဆုံး စစ်ချီသူ

 

ဘုရားသခင် ငါ အိုမင်းမသွားခင်မှာပဲ ငါ့ကို စစ်မြေပြင်မှာ ပေးသေပါ

 

ငါ ဟာ စစ်သားတစ်ယောက်ဖြစ်ပြီး၊ ငါဟာ စစ်ချီတက်နေသူတစ်ယောက်ဖြစ်တယ်

 

ငါ ဟာ စစ်သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဒါက ငါ့ရဲ့သီချင်းပဲ

 

မှတ်တမ်းအရ စုဆောင်းရရှိတဲ့တပ်သားသစ် အယောက် ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် တပ်သားအရေအတွက်လျှော့ကျလာတာကြောင့် စစ်မှုမထမ်းမနေရဥပဒေကို ပြဌာန်းခဲ့ရာမှ လူငယ်အတော်များများဟာ ခုခံတော်လှန်ရေးတပ်ဖွဲ့တွေထံ ဝင်ရောက်လာပြီး တော်လှန်စစ်ကိုပါဝင်လာခဲ့ကြပါတယ်။

 

ကျွန်တော် သူတို့ကို နောက်ဆုံးတစ်ခေါက်တွေ့တုန်းကတော့ ဝါးသေနတ်တွေနဲ့လေ့ကျင့်ရေးဆင်းနေကြရပေမဲ့ အခုတစ်ခေါက်မှာတော့ သူတို့တွေက သေနတ်အစစ်‌တွေနဲ့လေ့ကျင့်‌ရေးဆင်းနေကြပါပြီ။

 

သူတို့ရဲ့ ဒု - စစ်ဦးချုပ်မော်ဝီကတော့ "တပ်သား‌သစ်တွေမှာ လေ့ကျင့်သင်တန်းဆင်းဖို့အတွက်အချိန်အလုံအလောက်မရှိပါဘူး၊ ကျွန်တော်တို့ရဲ့ဗျူဟာက တစ်လကြာသင်တန်းချိန်ပါပဲ၊ အတော်လေးပြင်းပြင်းထန်ထန်ကိုလေ့ကျင့်ရတာပေါ့၊ အဲ့တစ်လပြီးရင်တော့ စစ်တိုက်ဖို့ ထွက်ရတာပါပဲ" လို့ ပြောခဲ့ပါတယ်။ 

 

သင်တန်းဆင်းပွဲပြီးတော့ တပ်သားသစ်တွေရဲ့စိတ်ကလည်း မြူးလာပါတယ်။ ယင်းနေ့မှာပဲ စစ်သင်တန်းဆင်းခဲ့တဲ့ လူငယ် ရပ်ပါ တစ်ယောက်ဖြစ်တဲ့ M.C ကယားလေးက သူနဲ့အတူသင်တန်းဆင်းတဲ့ ရဲဘော်ရဲဘက်တွေကို ရပ်သီချင်းတွေဆိုပြရင်း တီးဆိုကကုန်ခဲ့ကြပါတယ်။

 

လူထုအုံကြွမှုဟာ ဘယ်မှာအဆုံးသတ်မယ်ဆိုတာကို ခန့်မှန်းရခက်ပါတယ်။ နှစ်ဖက်စလုံးမှာ ဖြစ်တည်မှုဝါဒရေးရာစစ်ပွဲတစ်ပွဲကရှိနေပြီး တစ်ဖက်က‌တော့သွေးမြေကျမှုတွေ၊ မုန်းတီးမှုတွေကို ရင်ဝယ်ထွေးပွေ့ကာ အင်အားပိုကြီးထွားလာနေပါတယ်။ နောက်ပြန်လှန့်ဖို့မရှိဘူးဆိုတာ သိပ်ထင်ရှားနေပါတယ်။

 

အချိန် သုံးပတ်ခွဲကြာပြီးနောက် ပန်ဆိုင်းကနေ ကျွန်တော်တို့ ပြန်လာခဲ့ပါတယ်။ ကျွန်တော်ထွက်လာတော့ တော်လှန်ရေးတပ်‌တွေရဲ့တရစပ်တိုက်ခိုက်ခံနေရတဲ့ စစ်အခြေစိုက်စခန်းကတော့ ခံစစ်ကိုဆက်နွှဲနေဆဲဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုက စစ်သားအယောက် ၁၀၀ ကို စစ်ကူဖို့လွှတ်လိုက်ပေမဲ့ တော်လှန်ရေးတပ်သားတွေနဲ့ လမ်းခုလတ်တိုက်ပွဲမှာ စစ်သား ၅၇ ယောက် ဖမ်းဆီးခံခဲ့ရပြီး ကျန်သူတွေကတော့ ထွက်ပြေးသူပြေး၊ တိုက်ပွဲမှာ ကျသူကျနဲ့ပါပဲ။

 

အာဏာသိမ်းစစ်အုပ်စုက စစ်ကူပို့ဖို့မအောင်မြင်ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း အခြားနောက်ဆက်တွဲရလဒ်တွေရှိနေပါတယ်။ တော်လှန်‌ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေက လျှော့ပါးလာနေပြီး စစ်စခန်းကို တိုက်လို့မရနိုင်လောက်‌တော့ပါဘူး။

 

ကျွန်တော်တို့ပြန်မရောက်ခင်တစ်ရက်မှာ ပန်ဆိုင်းကို အပေါ်စီးကနေမြင်နေရတဲ့ တောင်ထိပ်ကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ဗုံးလာကျဲတာကြောင့် ကျွန်တော်တို့ဆုံဖူးခဲ့တဲ့ လူငယ်တော်လှန်ရေးတပ်သား ၃ ယောက် ကျဆုံးခဲ့ရပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

 

အဲ့မတိုင်ခင်ကတော့ သံလွင်မြစ်ကမ်းပါးက သူတို့ရဲ့နေရာတွေကနေ သီချင်းဆိုရင်း၊ ဂီတသံနားထောင်ရင်းနဲ့ ရန်သူထွက်အလာကို စိတ်အေးလက်အေးနဲ့စောင့်နေရပါတယ်

 

သို့ပေမယ့် ယခုမှာတော့ ကိုယ့်လူတွေရဲ့ကျရှုံးမှုတွေကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်လာမှုကနေ ရန်သူကိုလက်နက်ချဖို့ဖြောင်းဖြဖို့ရာ ဖြစ်နိုင်ချေနည်းလာပါတယ်။ အခုတော့ သေကျေသည်အထိတိုက်မယ့် တိုက်ပွဲတစ်ခု ဖြစ်လာပါပြီ။

 

(BBC သတင်းဌာနမှ သတင်းထောက် Quentin Somerville ရဲ့ "Armies of young insurgent are changing the course of a forgotten war" ကို ဆီလျော်အောင် မြန်မာပြန်သည်။)

 

Burma Associated Press

 

KNDF
ကယား(ကရင်နီ)
အာဏာသိမ်းစစ်တပ်
အာဏာသိမ်း
လက်နက်ချ
လေကြောင်းတိုက်ခိုက်မှု

Share With
bap-logo