bap-logo
International

Tesla က မလေးရှားတွင် လျှပ်စစ်ကား ရောင်းချ၍ အားသွင်းကွန်ယက် တည်ဆောက်မည်

oKoPQFle9KWlrWIJW1Pww-image

လွန်ခဲ့သော ၂ နှစ် က

ကွာလာလာမ်ပူ - မတ် ၁

 

အမေရိကန် ကမ္ဘာကျော်စွန့်ဦးလုပ်ငန်းရှင် အီလွန်မတ်စ်၏ Tesla ကုမ္ပဏီသည် လျှပ်စစ်ကားများကို မလေးရှား တွင် ရောင်းချရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

 

Tesla ကုမ္ပဏီက မလေးရှားတွင် ရုံးဖွင့်၍ ဆားဗစ်စင်တာများတည်ဆောက်ကာ အမြန်အားသွင်းရုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း မလေးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက ကုမ္ပဏီ၏ EV တင်သွင်းခွင့် လျှောက်ထားမှုကို ခွင့်ပြုပြီးနောက် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

လက်ရှိတွင် မလေးရှားနိုင်ငံသည် လျှပ်စစ်ကား (EV) ဂေဟစနစ်တည်ဆောက်ရန် အာရုံစိုက် လုပ်ဆောင်နေပြီး သက်ဆိုင်ရာကုမ္ပဏီများကို မက်လုံးပေးဆွဲဆောင်လျှက်ရှိကာ ၂၀၃၀ တွင် ဟိုက်ဘရစ် ကားများအပါအဝင် လျှပ်စစ်ကားအရေအတွက်ကို ၁၅ ရာခိုင်နှုန်းထိ တိုးမြှင့်ရန် ပစ်မှတ်ထားလျှက်ရှိသည်။

 

ဘဏ္ဍာရေးနှင့်အာမခံကုမ္ပဏီ Fitch Solutions က ၂၀၂၃ တွင် မလေးရှားနိုင်ငံရှိ လျှပ်စစ်ကား အရေအတွက် ၅၈၄၀ စီးထဲ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။

 

မလေးရှားအစိုးရသည် လျှပ်စစ်ကားသစ်များအတွက် အခွန်ကင်းလွတ်ခွင့်အပါအဝင် မက်လုံးများ ပေး၍ ကားကုမ္ပဏီများ မလေးရှားသို့ဝင်ရောက်လာရန် ဆွဲဆောင်လျှက်ရှိသည်။ တရုတ်လျှပ်စစ်ကား ကုမ္ပဏီ BYD ကလည်း ၎င်းတို့၏ အကောင်းဆုံးမော်ဒယ်များဖြစ်သည့် Atto 3 နှင့် မိုင်နှုန်းမြင့် မော်ဒယ်တစ်မျိုးကို မလေးရှားဦးသို့ ယူဆောင်လာမည်ဖြစ်ကြောင်း ဒီဇင်ဘာလအတွင်း ကြေညာခဲ့ သည်။ ထို့အပြင် Mercedes-Benz ကလည်း ၎င်းတို့၏ မလေးရှားနိုင်ငံထုတ် လျှပ်စစ်ကားကို ပြီးခဲ့သည့်လက မိတ်ဆက်ခဲ့သည်။

 

လက်ရှိအချိန်တွင် ကားကုမ္ပဏီများက ဈေးကွက်တိုးချဲ့လာရာ အရှေ့တောင်အာရှသည် EV စစ်မြေပြင်သဖွယ် ဖြစ်လာနေပြီး တရုတ် BYD နှင့် ကိုရီးယား Hyundai Motor တို့ကလည်း အရှေ့တောင်အာရှ စီးပွားရေးအင် အားအကြီးဆုံး အင်ဒိုနီးရှားတွင် ထုတ်လုပ်ရန် ညှိနှိုင်းမှုများ အပြီးသတ်ဆောက်ရွက်လျှက်ရှိသည်။

 

Source/ပုံ – The Straits Times

 

Burma Associated Press

 

မလေးရှား
အီလွန်မတ်စ်
တရုတ်
Tesla

Share With
bap-logo