bap-logo
Politics

နိုလင်းဟေဇာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ်မှ ဇွန် ၁တွင် အနားယူမည်

m4xrDcvWP8aGlksEK86KT-image

လွန်ခဲ့သော တစ်နှစ် က

ဇွန် ၃၊ ကုလ။

ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၁၈ လကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ နိုလင်းဟေဇာဟာ ယင်းရာထူးမှ မကြာမီတွင် အနားယူတော့မှာဖြစ်ကြောင်း ကုလ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မေ ၃၁ (ဗုဒ္ဓဟူးနေ့) မှာ သတင်းဌာနများကို ပြောခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီမှာ စစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းပိုက်ခဲ့ပြီးနောက် မြန်မာဟာ အဖက်ဖက်မှာ ယိုယွင်းပျက်စီးကာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့တပ်ဖွဲ့ဝင်များနဲ့ စစ်တပ်အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။

 

စစ်အာဏာသိမ်းမှုကြောင့် သွေးထွက်သံယိုမှုတွေနဲ့မြန်မာ့အရေးကို ကုလနဲ့ အာဆီယံရဲ့ သံတမန်နည်းအရ ဖြေရှင်းရန်ကြိုးပမ်းမှုတွေက မအောင်မြင်ခဲ့ပါဘူး။

 

ကုလ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာက ခန့်အပ်ခံထားရတဲ့ စင်္ကာပူနိုင်ငံသူ နိုလင်း ဟေဇာရဲ့ ရာထူးသက်တမ်းက ဇွန်လ ၁၂ ရက်မှာ ကုန်ဆုံးမှာ ဖြစ်ကြောင်း ကုလ ပြောခွင့်ရပုဂ္ဂိုလ် စတီဖင် ဒူဂျာရစ် (Stephane Dujarric) က ဆိုခဲ့ပါတယ်။

 

ဟေဇာက မြန်မာကို ယမန်နှစ် သြဂုတ်ကအလည်လာခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အခြားထိပ်တန်း စစ်ဖက်ဆိုင်ရာအရာရှိများကို တွေ့ဆုံခဲ့ပါတယ်။ ၎င်းရဲ့ယင်းသို့တွေ့ဆုံမှုဟာ စစ်ဗိုလ်များကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ခဲ့ပါတယ်။

 

သို့ပေမယ့်လည်း ဟေဇာရဲ့ခရီးစဥ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရန်တောင်းဆိုခဲ့ခြင်းကလည်း ငြင်းပယ်ခံခဲ့ရပါတယ်။ ယင်းခရီးစဥ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေနဲ့ဆွေးနွေးမှုတွေကို ဟေဇာက တစ်ဖက်သတ် ထုတ်ပြန်မှုများပြုလုပ်ခဲ့၍ဆိုကာ မြန်မာစစ်ခေါင်းဆောင်တွေက ဟေဇာအပေါ် အမြတ်ထွက်ခဲ့ပါ သေးတယ်။

 

ယင်းသို့ဖြစ်ပျက်ခဲ့ပြီးနောက်တွင် ဟေဇာက စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပေးသ၍ မြန်မာသို့ ၎င်းလာရောက်တော့မည်မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။

 

ကုလအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဆွစ်လူမျိုး ခရစ်စတင်း ချရန်နာ ဘာဂါနာ(Christine Schraner Burgener) ကိုလည်း အာဏာသိမ်းစစ်အုပ်စုက ပြည်ဝင်ခွင့် မပေးခဲ့သလို စစ်တပ်နောက်ခံပြုသတင်းဌာနတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ရုပ်သံလွှင့်ခြင်းကို ခံခဲ့ရပါတယ်။

 

အာဆီယံရဲ့မြန်မာဆိုင်ရာအထူးသံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ပရတ် ဆွတ်ဟွန်လည်း မြန်မာကို နှစ်ကြိမ်ရောက်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ကိုတော့ စစ်အုပ်စုက မပေးခဲ့ပါဘူး။

 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်ရဲ့ပြင်းထန်တဲ့နှိမ်နင်းဖြိုခွဲမှုတွေကြောင့် အပြစ်မဲံပြည်သူ ၃,၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

 

မြန်မာပြည်သူ တစ်သန်းကျော်သည်လည်း ဖြစ်ပေါ်လာတဲ့စစ်ရေးပဠိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ရှောင်ပြေး ရတဲ့ မြန်မာပြည်သူ တစ်သန်းကျော်ရှိကြောင်း ကုလရဲ့ စာရင်းများအရသိရပါတယ်။

 

ပုံစာ - ၁၆--၂၃ နေ့က ကုလအထွေထွေညီလာခံတွင် မြန်မာ့အရေးမိန့်ခွင်းပြောကြားနေသော ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာအထူးကိုယ်စားလှယ် ဖြစ်တဲ့ နိုလင်းဟေဇာ

 

ပုံ - ကုလ

 

Burma Associated Press

မြန်မာ
နိုလင်းဟေဇာ

Share With
bap-logo