Politics
ကိုးတောင်ဘို့တွင် အသက် ၃၅ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး မြွေကိုက်ခံရ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကိုးတောင်ဘို့တိုက်နယ်တွင် ပေါင်းနှုတ်ပြန်လာသည့် စစ်ရှောင်အမျိုးသမီး တစ်ဦး မြွေကိုက်ခံရကြောင်းသိရသည်။
“အမျိုးသားတော့ မရှိတော့ဘူး၊ ကလေးနှစ်ယောက်ရှိတယ်၊ တောထဲ စစ်ဘေးရှောင်တဲမှာပဲ ကလေး နှစ်ယောက် နဲ့နေတယ်၊ သူကနေ့တိုင်း ပေါင်းနှုတ်ပေါင်းရှင်း အငှားလိုက်တယ်၊ ပေါင်းအငှားနှုတ်ပြီးလို့ စစ်ဘေးရှောင် တောထဲကတဲကို အပြန်လမ်းမှာ မြွေကိုက်ခံရတာ” ဟု တဲနီးနားချင်းမှ ပြောပြကြောင်း ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဆိုသည်။
၎င်းမြွေကိုက်ခံရသည့် အမျိုးသမီးကို ပထမအကြိမ် BPI မြွေဆိပ်ဖြေဆေး ၄ လုံး ထိုးကာ စောင့်ကြည့်ခဲ့ သော်လည်း၊ မသက်သာသည့်အတွက် မြွေဆိပ်ဖြေဆေးကို ဒုတိယအကြိမ်တွင် သုံးလုံး၊ တတိယအကြိမ်တွင် သုံးလုံး ထပ်မံထိုးပေးခဲ့ရကြောင်းသိရသည်။
" စုစုပေါင်း မြွေဆိပ်ဖြေဆေး ၁၀ လုံးထိ ထိုးပေးရတယ်။ ဒီနေ့တော့အဲ့ဒီ မြွေကိုက်ခံရတဲ့အမျိုးသမီးမှာ လုံးဝ သက်သာလာပြီး စိတ်ချရတဲ့ အခြေအနေရောက်နေပြီ" ဟု မြေပြင်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။