bap-logo
Politics

ခင်ဦးတွင် စစ်ကောင်စီတပ်ပြန်လည်ထွက်ခွာပြီးနောက် သတ်ဖြတ်ခံထားရသည့် အလောင်းများတွေ့

pettXYjdw_XSjbsFZTtRy-image

လွန်ခဲ့သော ၃ နှစ် က

စစ်ကိုင်း၊ ဇန်နဝါရီ - ၄

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် အလယ်ရှိုကျေးရွာတွင် စစ်ကောင်စီတပ်များ ဝင်ရောက် တပ်စွဲ၍ ပြန်လည်ထွက်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရသည့် အလောင်းများ တွေ့ရှိခဲ့ကြောင်း ခင်ဦး သတင်းပြန်မှန်ကြားရေးက ထုတ်ပြန်ထားသည်။

 

ဒီဇင်ဘာလ ၂၈ ရက်က စတင်ပြီး ရွှေဘိုလေ့ကျင့်ရေး-၈ အခြေစိုက် စစ်ကောင်စီတပ်နှင့် ကန့်ဘလူနယ် ဇီးကုန်းသကြားစက်မှ စစ်တပ်၊ ပျူစုစုပေါင်း၁၀၀ကျော်သည် အလယ်ရှိုရွာကို ဝင်ရောက်တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

 

ထိုရွာတွင် ၆ ရက်တိတိတပ်စွဲပြီး ဇန်နဝါရီလ ၂ ရက်တွင်ပြန်လည်ထွက်ခွာချိန် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၉ ဦး​၏ ရုပ်အလောင်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဆိုင်ကယ်အစီးရေ၃၀ကျော်၊တိရစ္ဆာန် အကောင်ရေ ၃၀ကျော် နှင့် အိမ်ထောင်ပရိဘောဂများစွာအား မီးရှို့ဖျက်ဆီးခံခဲ့ကြောင်း ဆိုထားသည်။

 

စစ်ကောင်စီတပ်များက ကျေးရွာစာသင်ကျောင်းအတွင်း ကတုတ်ကျင်း ဘန်ကာများ တည်ဆောက် ထားခဲ့ကြကြောင်း၊ လက်ရှိတွင် ဒေသခံများ ကျေးရွာအတွင်းပြန် လည် မဝင်ရဲသေးကြောင်း သိရသည်။

 

Photos - ခင်ဦးသတင်းမှန်ပြန်ကြားရေး

Burma Associated Press

 

စစ်ကိုင်း
ခင်ဦး
စစ်ကောင်စီ
အရပ်သား
အသတ်ခံရ
သေဆုံး

Share With
bap-logo