Politics
ရွှေပြည်အေးမြို့သစ်ကို သိမ်းပိုက်ထားကြောင်း ဒေသခံ ပကဖ ကြေညာ
လွန်ခဲ့သော ၂ နှစ် က
စစ်ကိုင်း၊ ဖေဖော်ဝါရီ - ၂
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်ကို PDF မဟာမိတ် ပူးပေါင်းတပ်များကစီးနင်းတိုက်ခိုက် သိမ်းပိုက်ထားပြီး စစ်အုပ်စုက ရဟတ်ယာဉ်ဖြင့်ပြန်လည် တိုက်ခိုက်နေကြောင်း ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ကထုတ်ပြန်ထားသည်။
မနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွှေပြည်အေးမြို့အား ခန္တီးခရိုင် အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း၊ HPDF၊ HPDF-124၊ HPDFမိုးကြိုး စသည့် မဟာမိတ်တပ်ပေါင်းစုမှ စီးနင်း သိမ်းပိုက်ခဲ့ကြောင်း ယင်းတို့ကဆိုသည်။
" နေရာအတော်များများကို PDF တွေသိမ်းထားတယ် အခုတော့ခြေနေအေးသေးတယ်။ မြို့ခံတွေကတော့ စစ်ရှောင်တဲ့လူတွေလည်းရှိနေတယ် " ဟု ဒေသခံ တဦးကပြောသည်။
တိုက်ပွဲဲတွင် စစ်အုပ်စု အသေအပျောက် ရှိခဲ့ပြီးနောက် ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ပကဖ ဘက်ကထိခိုက်မှုမရှိခဲ့ဘဲ မြို့ကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ထုတ်ပြန် ထားသည်။
လတ်တလောတွင် စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ပြည်သူများ စစ်ရေးသတိရှိကြရန်နှင့် ရေလမ်း ခရီးသွားခြင်းကို မပြုလုပ်ကြရန် လည်းအသိပေးထားသည်။
Top News
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၁၀ ရက် က