Politics
Media Top 4 သတင်းဌာနတည်ထောင်သူ ဦးသူရိန်ကျော် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
လွန်ခဲ့သော ၃ နှစ် က
ဒီဇင်ဘာ ၃၀
Media Top 4 သတင်းဌာနတည်ထောင်သူ ဦးသူရိန်ကျော်ကို စစ်ကောင်စီတရားရုံးက ယနေ့တွင် အလုပ်နှင့် ထောင် ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း တရားဥပဒေရေးရာကျွမ်းကျင်သူထံမှ သိရသည်။
ဦးသူရိန်ကျော်သည် ဖမ်းဆီးခံရပြီး ဆယ်လအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်းဖြစ်သည်။
ဦးသူရိန်ကျော်သည် အင်းစိန်မြို့နယ်ရှိ နေအိမ်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် အဖမ်းခံရခြင်း ဖြစ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမားများကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၁ ဦးရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၃၂ ဦး ရှိပြီဖြစ်သည်။
သတင်းထောက်
အမိန့်ချ
စစ်ကောင်စီ
Top News
မြေရှားသတ္တု တူးဖော်မှုများကြောင့် မဲခေါင်မြစ်လက်တက်များ အဆိပ်သင့်လျက်ရှိ
လွန်ခဲ့သော ၃၂ မိနစ် က
ဘန်ကောက်မြို့၌ မေလတွင် 'Rainbow Dress' ပြပွဲ ကျင်းပမည်
လွန်ခဲ့သော ၆ ရက် က
နေရာပြောင်းရင် ဆက်ဆံရေးပြောင်းတဲ့ ပြည်သူ့ဆေးရုံပေါ်က ပုဂ္ဂလိကဝန်ထမ်းတွေ
လွန်ခဲ့သော ၂၀ ရက် က
Articles
Share With