Politics
မြစ်ခြေ စစ်ကောင်စီ၏ မွေးမြူရေးတပ်ကို PDF ဝင်တိုက်
လွန်ခဲ့သော ၂ နှစ် က
မကွေး ၊ ဖေဖော်ဝါရီ - ၁၁
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် စစ်တပ်၏ ဆေးဝါးနှင့် မွေးမြူရေးတပ်ကို PDFက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၀ ဦးခန့်သေဆုံးကာ ၃ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်ပကဖနှင့် နီးစပ်သူတဦးကပြောသည်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြစ်ခြေMCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Earthquake ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တို့က ယနေ့ မနက် ၆ နာရီခွဲခန့်မှ စတင်ပြီး အဆိုပါတပ်ကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီး ၃ နာရီခန့်အကြာမှာ စခန်းကို သိမ်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
" စခန်းကိုတော့ မီးရှို့ခဲ့ပါတယ်။ သူတို့ဘက်က ကျဆုံးမှုကတော့ ကျနော်တို့ မျက်မြင်ပါ။ အရာရှိတွေလည်း ကျတယ် " ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်အုပ်စု၏ သေနတ် ၃ လက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်တပ်ဘက်ကတော့ ယင်းအကြောင်းအရာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပေ။
Photo - မူရင်းပိုင်ရှင်ကို ခရစ်ဒစ်ပေးပါသည်။
Top News
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က