bap-logo
International

မြေရှား သိုလှောင်နေသည့် နိုင်ငံခြားကုမ္ပဏီများကို တရုတ် ဖိနှိပ်ဖြိုခွင်း

k75v2Mx-VozhCCY2tKsjN-image

လွန်ခဲ့သော ၄ နာရီ က

BAP၊ ဘာသာပြန်။

 

နိုင်ငံခြားကုမ္ပဏီများက အ‌မြောက်အများဝယ်ယူသိုလှောင်ခြင်းမပြုနိုင်အောင် တားဆီးခြင်းဖြင့် တရုတ်အစိုးရက မြေရှားထိန်းချုပ်လွှမ်းမိုးမှု ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်လုပ်ကိုင်နေသည်။

 

တရုတ်နိုင်ငံက အနောက်နိုင်ငံကုမ္ပဏီများကို မြေရှား စုဆောင်းသိုလှောင်ခြင်း မပြုရန် သို့မဟုတ်ပါက ယခုထုတ်လုပ်တင်ပို့နေသည်ထက် ပိုမိုလျှော့ချပြီး ပစ္စည်းပြတ်လပ်မှု ပိုမိုဆိုးရွားစေမည်ဟု သတိပေးခဲ့သည်။ တရုတ်အစိုးရက လျှပ်စစ်ယာဉ်များနှင့် အခြား အရပ်ဘက်၊ ကာကွယ်ရေးတို့တွင် မရှိမဖြစ် အရေးပါသည့် မြေရှားသတ္တုတင်ပို့မှုကို တင်းကျပ်စွာထိန်းချုပ်ထားသည်။

 

တရုတ်အစိုးရက ကုမ္ပဏီတွေကို မြေရှား အမြောက်အများ ဝယ်ယူသိုလှောင်မှု မလုပ်ရဘူး၊ ဒီလိုမဟုတ်ရင် သူတို့ ပြတ်လတ်မှုနဲ့ ကြုံရမယ်လို့ ပြောပါတယ်။” ဟု ၎င်းအရေးကိစ္စနှင့် နီးစပ်သူနှစ်ဉီးအနက် တစ်ဉီးက ပြောသည်။

 

နိုင်ငံခြားကုမ္ပဏီများ စုဆောင်းသိုလှောင်မှုမပြုနိုင်ရန် နိုင်ငံခြားတင်ပို့မှုများကို တရုတ်အာဏာပိုင်များက ရည်ရွယ်ချက်ရှိရှိ ကန့်သတ်နေသည်ဟု အခြားတစ်ဉီးက ပြောသည်။ “အခုကစပြီး သူတို့ အသာစီးရသွားတော့မှာဖြစ်တယ်။” ဟု ၎င်းတို့က ပြောသည်။

 

တရုတ်နိုင်ငံသည် မြေရှားထုတ်လုပ်မှုကို လွှမ်းမိုးထားပြီး ကမ္ဘာ့တင်ပို့မှု၏ ၉၀ ရာခိုင်နှုန်း ကို သန့်စင်မှုပြုလုပ်နေကာ အမြဲတမ်း သံလိုက် ၉၄ ရာခိုင်နှုန်း ပြုလုပ်ပေးနေသည်။ ထို့အတွက် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုစစ်ပွဲတွင် အရေးကြီးလုပ်ငန်းများကို ထိန်းချုပ်ရန် လက်နက်တစ်ခုသဖွယ် ဖြစ်သည်။

 

ကုမ္ပဏီများက အများအပြား သိုလှောင်စုဆောင်းမှု မပြုနိုင်ရန် တရုတ်အစိုးရက တားဆီးရန် အားထုတ်ခြင်းမှာ ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းအတက်အကျတို့ လွယ်ကူစွာထိန်းချုပ်နိုင်ရန်ဖြစ်ပြီး ၎င်းတို့အသာစီးရမှု အမြင့်ဆုံးရှိနေရန်ဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

 

အမေရိကန်အစိုးရနှင့် တရုတ်အစိုးရတို့က အခွန်တိုးမြှင့်မှု ယာယီရပ်ဆိုင်းရေး ရက် ၉၀ တိုးမြှင့်ရန် သဘောတူညီထားစဉ်မှာပင် တရုတ်နိုင်ငံ၏ မြေရှားထိန်းချုပ်မှုများမှာ ဆွေးနွေးမှု၏ အရေးကြီးသည့် အစိတ်ပိုင်းများအဖြစ် ကျန်ရှိနေသေးသည်။

 

ဒါက သေချာပေါက် ပြဿနာပဲ။” ဟု ဆွေးနွေးမှုများနှင့် ရင်းနှီးသူတစ်ဉီးက ပြောသည်။

 

တရုတ်အစိုးရက သတ္တုတူးဖော်ခြင်းနှင့် သန့်စင်ခြင်း လုပ်ကိုင်ခွင့်ခွဲတမ်းများမှတဆင့် မြေရှားထွက်ကုန်များကို ထိန်းချုပ်ထားသည်။ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံပိုင်ကုမ္ပဏီနှစ်ခုကိုသာ လုပ်ပိုင်ခွင့်ခွဲတမ်း ချထားပေးခဲ့သည်။

 

အမေရိကန်-တရုတ် စီးပွားရေးကောင်စီက ပြီးခဲ့သည့်လတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖြေဆိုသည့် အဖွဲ့ဝင်ကုမ္ပဏီတစ်ဝက်က ၎င်းတို့၏ မြေရှားလျှောက်ထားလွှာများမှာ ဆိုင်းငံ့ထားခံရခြင်း၊ ငြင်းပယ်ခြင်းတို့နှင့် ကြုံခဲ့ရသည်ဟု ဖြေဆိုခဲ့သည်။

 

၎င်းအခက်အခဲကြောင့် အချို့ အနောက်နိုင်ငံမှ ကုမ္ပဏီများမှာ အချောသတ် ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို တရုတ်နိုင်ငံသို့ ‌ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသည်။ ထို့အတွက် ကုန်ပစ္စည်း တင်သွင်းပေးပို့မှုလမ်း‌‌ကြောင်းကို ပိုမိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် တရုတ်အစိုးရအတွက် အံဝင်ခွင်ကျဖြစ်စေသည်။

 

ကိုးကား - Financial Times

 

ပုံစာ - တရုတ်နိုင်ငံက မြေရှားထုတ်လုပ်မှုနှင့် သန့်စင်မှုကို လွှမ်းမိုးချုပ်ကိုင်ထားကာ အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် လက်နက်သဖွယ် အသုံးပြုနေသည်။ Photo - Reuters

 

Burma Associated Press

 

 

တရုတ်
မြေရှား

Share With
bap-logo