Local News
စစ်တပ်၏ လက်နက်ကြီးရမ်းကားပစ်ခတ်မှု ကြောင့် အဘွားအိုနှင့် အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရ
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာထဲသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ဖြင့် ရမ်းကားပစ်ခတ်မှုကြောင့် အသက် ၆၀ကျော် အဘွားအိုတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။
ပစ်ခတ်မှုကို အင်းပတ်ကွေ့ဈေးတန်းတွင် အထိုင်ချနေသော စစ်ကောင်စီတပ်နှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီးများပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ယမန်နေ့ ည ၈ နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မိနစ် ၃၀ ကြာအောင် ရမ်းကားပစ်ခတ်ခဲ့ပြီး၊ အင်းပတ်ကျေးရွာ အတွင်းသို့ လက်နက်ကြီး ၃လုံး ကျရောက်ကာ ၁ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
" လက်နက်ကြီးကြောင့် အသက် ၆၀ ကျော် အဘွားအိုတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့သလို အသက် ၃၀ ဝန်းကျင် အမျိုးသား ၁ ဦးလည်း ပေါင်မှာကျည်ထိမှန်ခဲ့တယ်" ဟု ဒေသခံများက ပြောကြောင်း ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးကဆိုသည်။
အင်းပတ်ကျေးရွာသည် ရွာသစ်ကုန်းရှိ ပျူစောထီးခြံနှင့် ပေ ၁၅၀၀ ခန့်သာ ဝေးကွာကြောင်း၊ ယင်းကျေးရွာကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက ၄ ကြိမ်တိတိ မီးရှို့ကာ လူနေအိမ် ၂၁၈ လုံးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့်လည်းကောင်း၊ ပျူစောထီးကျေးရွာနှင့် နီးကပ်သည့်အတွက်လည်း ကောင်း ကျေးရွာရှိပြည်သူများသည် အကြိမ် ၂၀ ထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် အနီးဝန်းကျင်ရှိ ကျေးရွာများအား နေ့စဉ်အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။
ပုံစာ-စစ်ကောင်စီတပ် ရမ်းကားပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို တွေ့ရစဉ်။
ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေး
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၁ ရက် က