bap-logo
Data

Free Burma Ranger အဖွဲ့ဝင်တစ်ဦး ကရင်နီတွင် ထပ်မံကျဆုံးခဲ့

d_pQjRoRybXhOeGsL_k5z-image

လွန်ခဲ့သော ၉ လ က

 

Free Burma Ranger-FBR အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ကရင်နီပြည်နယ်အတွင်း ထပ်မံ ကျဆုံးခဲ့ကြောင်း အဖွဲ့က ထုတ်ပြန်သည်။

 

FBR အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကိုသည် ပြီးခဲ့သည် နိုဝင်ဘာလ ၁၈ ရက်က စစ်ကောင်စီတပ်၏ ပစ်ခတ်မှု ကြောင့် ရှေ့တန်းတစ်နေရာတွင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း FBR အဖွဲ့ဝင်တစ်ဦးဖြစ်သည့် စောရီဘိုးသည် ကရင်နီတွင် ကျဆုံးခဲ့ရသည်။

 

BAP က စုစည်းထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျဆုံးခဲ့ရသည့် Free Burma Ranger အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦး ရှိလာပြီဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ဦး၊ ၂၀၂၃ တွင် ဦး တို့ဖြစ်သည်။

 

ကျဆုံးသူများတွင် အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးလည်းပါဝင်သည်။

 

FBR တပ်ဖွဲ့ဝင်တို့သည် ကရင်နီတွင် ဦး၊ ကရင်တွင် ဦးနှင့် ရှမ်းတွင် ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

 

Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူ များအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့် အဖွဲ့ ဖြစ်သည်။

 

တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ဆယ်/ဆေးကုသစဥ် စစ်ကောင်စီ တပ်၏ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းစသည့် အကြောင်းအရင်းများ ကြောင့် Ragner များ ကျဆုံး ခဲ့ရသည်။

 

ဓာတ်ပုံ - Free Burma Rangers

 

Burma Associated Press

FBR
ကယား(ကရင်နီ)
သတ်ဖြတ်ခဲ့

Share With
bap-logo