bap-logo
Opinion

“တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုအံ့”

bVN_h6ER4SRpTP2iLx1Nc-image

လွန်ခဲ့သော ၂ နှစ် က

 

ဖေဖေါ်ဝါရီ ၁၇။

 

စစ်တပ်မှာ ကိုယ်ပိုင်အမှတ် ကပမျဉ်းစောင်း (ကပ/၁၂၃၄၅) စစ်သည်တွေ ဂဏန်းနံပါတ် လုံး အထက် ရှိလာတော့ စစ်သည်တွေရဲ့ ကိုယ်ပိုင်အမှတ်ကို တမျဉ်းစောင်း (/၁၂၃၄၅) အဖြစ် ပြောင်းလဲသတ်မှတ်လိုက် ပါတယ်။ စစ်တပ်ရဲ့ အင်အားစာရင်းအား ကိုယ်ပိုင်အမှတ်ကို နှစ်အကန့်အသတ်အလိုက် တွက်ခြင်း ဖြင့်လည်း တွက်ချက်လို့ ရနိုင်ပါတယ်။ စစ်တပ်ထဲ ဝင်တဲ့သူတိုင်း အခြားအဆင့် ကိုယ်ပိုင်နံပါတ် ကိုယ်စီ ရှိကြပါတယ်။ ဆိုရရင် စစ်သည်ကိုယ်ပိုင်အမှတ်တွေကို အရာရှိတွေကအစ တပ်ထဲစဝင်ပြီဆိုတာနဲ့ ရရှိကြပါတယ်။

 

သို့ပေမယ့် အရာရှိတွေဆိုရင်တော့ တပ်ဝင်တပ်သားအမှတ် /... ဗိုလ်လောင်းအမှတ်၊ နောက်ဆုံး ကြည်းတပ် ဆို (ကြည်း-၁၂၃၄၅) ရေတပ်(ရေ-၁၂၃၄) လေတပ်(လေ-၁၂၃၄) သူနာပြု (N-၁၂၃၄) စသည်ဖြင့် ကိုယ်ပိုင် နံပါတ် တွေရဲ့ ရှေ့မှာ သတ်ဆိုင်ရာ ဌာနအလိုက်ခွဲသတ်မှတ်ပြီး ရရှိတာကြောင့် အရာရှိတစ်ယောက်မှာ တပ်သားသစ် အဖြစ် စတင်ဝင်ရောက်ချိန် ကိုယ်ပိုင်အမှတ်၊ ဗိုလ်လောင်း သင်တန်းအတွက် ဗိုလ်လောင်းအမှတ်၊ အရာရှိ ဖြစ်တော့ ပြန်တမ်းဝင်အမှတ်ဆိုပြီး ရှိကြပါတယ်။

 

ဆေးတပ်၊ အင်ဂျင်နီယာတပ်နဲ့ ကျန်တဲ့လက်ရုံးတပ်က အရာရှိတွေကတော့ ရှေ့ကနေ ကြည်းဆိုပြီး ကိုယ်ပိုင် နံပါတ်ကို သတ်မှတ်ပါတယ်။ အရာရှိကိုတော့ ကိုယ်ပိုင်နံပါတ်လို့ မသုံးပဲ ပြန်တမ်းဝင်အမှတ်လို့ သုံးကြပါတယ်။ နိုင်ငံတော်ပြန်တမ်းဖြင့် ခန့်အပ်ထားတဲ့အရာထမ်းတွေလို့ ဆိုနိုင်ပါတယ်။

 

စစ်သည်တွေမှာတော့ ကပ/ ... /....ဆိုပြီး ကိုယ်ပိုင်နံပါတ်တွေရဲ့ ရှေ့မှာ ဒီစာလုံးလေးတွေ ရှိတတ်ကြပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာတော့ လူအင်အားလိုအပ်ချက်ကြောင့် ပညာရေး ရေး/ဖတ်တတ်ရုံလောက်ဖြင့် စစ်တပ်ထဲ ဝင်လို့ရပြီး နှစ်တာဝန်‌ထမ်းဆောင်ပြီးတာနဲ့ ထွက်ခွင့်ပြုမယ်ဆိုတဲ့ ကတိနဲ့ (တတ/၁၂၃၄၅၆) တဝမ်းပူ နှစ်လုံးတွေကို စတင်သတ်မှတ်ပြီး စုဆောင်းလာခဲ့ပါတယ်။

 

၂၀၁၆ နောက်ပိုင်းမှာတော့ လူအင်အားလိုအပ်ချက်ကြောင့် ပညာရေး ရေး/ ဖတ်တတ်ရုံလောက်ဖြင့် စစ်တပ်ထဲ ဝင်လို့ရပြီး နှစ်တာဝန်‌ ထမ်းဆောင်ပြီးတာနဲ့ ထွက်ခွင့်ပြုမယ်ဆိုတဲ့ ကတိနဲ့ (တတ/၁၂၃၄၅၆) တဝမ်းပူ နှစ်လုံးတွေကို စတင်သတ်မှတ်ပြီး စုဆောင်းလာခဲ့ပါတယ်။

 

ကိုယ်ပိုင်နံပါတ် ကပ/... နဲ့ စတဲ့ စစ်သည်တွေဟာ စစ်ရေးအတွေ့အကြုံရင့်ကျက်သလို နေဝင်းခေတ်၊ သန်းရွှေ ခေတ်တုန်းက စစ်သားရင့်မာကြီးတွေဖြစ်တာကြောင့် ခုဆိုရင်တော့ အငြိမ်းစားယူရတော့မယ့် အရွယ်တွေ ရောက်လာပါပြီ။ သူတို့မှာ စစ်တပ်နဲ့ပတ်သက်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းအမွေတွေ၊ အသိပညာတွေ၊ စစ်ရေး အတွေ့အကြုံတွေ ရှိကြပါတယ်။

 

စစ်သည်မျိုးဆက် တဝမ်းပူမျဉ်းစောင်း (/၁၂၃၄၅) တွေကတော့ နောက်ပိုင်းမျိုးဆက်တွေဖြစ်ကြပြီး စစ်ရေးအတွေ့အကြုံအလွန်တရာမှ နည်းပါးလှတဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ တဝမ်းပူနှစ်လုံးတွေ ကတော့ (တတ/...) လုံးဝမှကို စစ်ရေးအတွေ့အကြုံမရှိဘဲ ပြင်ပလောကရဲ့ အလုပ်အကိုင် အခွင့်အလမ်းမရှိမှုနဲ့ စားဝတ်နေရေးအဆင်မပြေမှုတွေကနေ ဝင်ရောက်လာကြတဲ့သူတွေနဲ့ ပုံစံမျိုးစုံနဲ့ စုဆောင်းရရှိတဲ့ စစ်သည်တွေပဲ ဖြစ်ပါတယ်။

 

စီနီယာကြပြီး စစ်ရေးအတွေ့အကြုံ အတော်အသင့်ရှိကြတဲ့ ကပအမှတ်နဲ့ စစ်သည်တွေဟာ သူတို့ တတ်မြောက် ထားတဲ့ စစ်ပညာနဲ့ အတွေ့အကြုံတွေကို တမျဉ်းစောင်း စစ်သည်တွေအား ဝေမျှ လက်ဆင့်ကမ်း‌ပေးခဲ့ကြပေမယ့် မျိုးဆက်ကွာဟမှုနဲ့ အသိပညာအားနည်းမှု၊ ဝေမျှ‌ပေးရမယ့် ကိုယ်ပိုင်အချိန် မလုံလောက်မှု‌တွေကြောင့် ထိုက်သင့်သလောက် မပေးနိုင်ခဲ့ကြပါဘူး။ အဲ့မှာတင် စစ်တပ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်တဲ့ အောက်ခြေအဆင့် ယန္တရားဟာ ပျက်စီးလုနီးပါး ဖြစ်လာခဲ့ကြပါတယ်။

 

အလားတူ ၂၀၁၀ နောက်ပိုင်း စစ်တပ်အတွင်း တပ်သားသစ်ဝင်ရောက်မှု နည်းပါးလာတာကြောင့် စရိုက်အစုံ နောက်ခံမျိုးစုံနဲ့ သူတွေကို အင်အားရရင်ပြီးရောပုံစံနဲ့ ကြုံသလို စုဆောင်းလာတာကြောင့် ပျက်စီးလုဖြစ်နေတဲ့ စစ်တပ်အောက်ခြေအဆင့်အစိတ်အပိုင်းဟာ ပျက်စီးခြင်းအဆင့်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။

 

ဒါကြောင့် တပ်မတော်ရဲ့ တချိန်က ကောင်းမြတ်တဲ့ အစဉ်အလာတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ နိုင်ငံရေး ခံယူချက် တွေဟာ တစနှင့်တစ လူလည်ကျတဲ့ အထက်အရာရှိကြီးတွေရဲ့ ဝါဒဆိုး ဝါးမျိုမှုရဲ့အောက်မှာ ကျရောက်ခဲ့ကြပြီး စစ်တပ်ဟာ ပြည်သူ‌တွေနဲ့ တစတစ ဝေးကွာလို့ လာပါတော့တယ်။

 

စစ်တပ်မှာ အရင်ကဆို အနိမ့်အမြင့် လူမှုအဆင့်အတန်းအများစုဟာ နိုင်ငံတော်ကာကွယ်မည်ဟူသော ခံယူချက် ဖြင့် နယ်ပယ်အစုံကနေ ဝင်ရောက်လာခဲ့ကြပါတယ်။ နယ်ပယ်အစုံက လူတွေဖြစ်နေတဲ့အတွက် တစ်ဦးချင်း တတ်မြောက်ထားတဲ့ အသက်မွေးဝမ်းကြောင်းပညာအစုံကို ပြန်လည်သင်ယူနိုင် ဆည်းပူးနိုင်ရာ ကျောင်းတော် ကြီးသဖွယ် ဖြစ်ခဲ့ဖူးပါတယ်။

 

လက်သမား၊ လယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ အသီးသီးရဲ့ လက်ဆင့်ကမ်း အမွေပေးမှုတွေနဲ့ တပ်ဝန်းကျင်ဟာ သာယာလှပခဲ့ပါတယ်။ လူနေမှုအဆင့်အတန်းနိမ့်ကျပေမယ့် စစ်သည်များဘဝ သာယာဝပြော ခဲ့ဖူးပါတယ်။

 

စစ်တပ်တပ်ရင်းတစ်ခုဟာ ရပ်ကွက်ကြီးတစ်ခုသဖွယ် မိသားစုသဖွယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြင့် ကူးသန်း ဆက်နွယ်၍ ပျော်ရွှင်သာယာစွာနေလာခဲ့ကြသည်မှာ ချစ်စရာဓလေ့သဖွယ် ဖြစ်နေပါတယ်။

 

စစ်တပ်တပ်ရင်းတစ်ခုဟာ ရပ်ကွက်ကြီးတစ်ခုသဖွယ် မိသားစု သဖွယ် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြင့် ကူးသန်းဆက်နွယ်၍ ပျော်ရွှင်သာယာစွာ နေလာခဲ့ကြသည်မှာ ချစ်စရာဓလေ့သဖွယ် ဖြစ်နေပါတယ်။

 

ဒီလို အခြေအနေအရပ်ရပ်ကို အာဏာရူးကိုယ်ကျိုးရှာတဲ့ စစ်ဗိုလ်ချုပ်တွေဟာ ဖျက်လိုဖျက်ဆီး လုပ်ခဲ့ကြပါ တယ်။ အဆင့်ဆင့်ချုပ်ကိုင် ကြပ်မတ်မှုစနစ်ဖြင့် အောက်ခြေတပ်တွင်းအာဏာကိုပါ တိုက်ရိုက် ချုပ်ကိုင်လာခဲ့ ကြပါတယ်။ လိုလားချက်တွေ၊ လိုအင်တွေ၊ လိုအပ်ချက်တွေ များစွာဖြစ်လာပြီး ညွှန်ကြားချက်တွေ လမ်းညွှန် ချက်‌တွေ အများကြီးဖြင့် အောက်ခြေအဆင့်ဆင့်ဟာ တာဝန်များစွာဖြင့် ဝန်ပိလာရပါတယ်။

 

မနိုင်ဝန်ကို ထမ်းလာရပြီး မူလတာဝန်အပြင် လိုရင်လိုသလို၊ ကြုံရင်ကြုံသလို တာဝန်များစွာ ထမ်းဆောင် လာရတာကြောင့် လက်ဆင့်ကမ်းအမွေဆက်ဟာ ပေးသူမရှိ ယူသူမရှိဖြင့် အဆက်ပြတ် ခဲ့ကြပြီး စစ်တပ်ဟာ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ လက်အောက် ပြားပြားဝပ်ခဲ့ရပါတယ်။

 

စစ်တပ်မှာ ဟာသအနေနဲ့ ပြောလေ့ရှိတဲ့ စကားလေးတစ်ခု ရှိခဲ့ဘူးပါတယ်။ အဲ့ဒါက ``တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်းတဲ့’’။

 

 

စစ်တပ်မှာ ဟာသအနေနဲ့ ပြောလေ့ရှိတဲ့ စကားလေးတစ်ခု ရှိခဲ့ဘူး ပါတယ်။ အဲ့ဒါက ``တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်း တဲ့’’။

 

 

အောက်ခြေစစ်သည်ဆရာကြီးတွေက တဝမ်းပူမျဉ်းစောင်းတွေနဲ့ အုပ်ချုပ်သူအရာရှိ‌ကြီးတွေက ကြည်း နှစ်သောင်းဆိုတဲ့ အချိန်ရောက်ရင် တပ်မတော်ဟာ ပျက်စီးလိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ စီနီယာ စစ်သည် ကြီးတွေ ပြောကြလေ့ရှိတယ်။

 

အခုအ‌ခြေအနေမှာ ဒီစကားရပ်လေးဟာ တကယ်ဖြစ်လာပြီလို့တောင် ထင်မိပါတယ်။ အနယ်နယ် အရပ်ရပ်မှာ ထိတွေ့မှုတိုက်ပွဲဖြစ်တာနဲ့ ကြွက်မနိုင် ကျီမီးရှို့တဲ့နည်းကလွဲရင် ခံလိုက်ရတဲ့ စစ်တပ်၊ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခွင့်ရလည်း ရှုံးလိုက်ရတဲ့ စစ်တပ်၊ လက်နက်ခဲယမ်း ပြည့်ပြည့်စုံစုံရှိလဲ-သလိုက်ရတဲ့ စစ်တပ်၊ တစ်ရာရှေ့တန်းထွက်လို့ တစ်ယောက် နောက်တန်းပြန်ရောက်ရင်တောင် ကံကောင်း၊ အလောင်းတောင် မကောက်နိုင်လောက်အောင် တိုက်တိုင်းရှုံးနေကြတဲ့ စစ်တပ်၊ ``တုံးတိုက်တိုက် ကျားကိုက်ကိုက်’’ ဆိုတဲ့ ရဲစွမ်း သတ္တိဘယ်လောက်ရှိကြောင်း ကြွေးကျော်ခဲ့တဲ့ စစ်တပ် ဆောင်ပုဒ်ကို "တုံးတိုက်လဲ ‌‌- ကျားကိုက်လဲ-"ဆိုပြီး အစားထိုး ပြောင်းသင့်ခဲ့တာ ကြာခဲ့ပါပြီ။

 

ဒါကြောင့် ကပအမှတ်နဲ့ စစ်သည်တွေ အငြိမ်းစားယူရတဲ့ အချိန်၊ ကိုယ်ပိုင်အမှတ် တဝမ်းပူမျဉ်းစောင်း စစ်သည်တွေနဲ့ အရာရှိဖြစ်သူတွေက ကြည်းနှစ်သောင်းတင်မက ခုနှစ်သောင်းတောင် ကျော်လောက်ပြီ၊ တပ်မတော်ကြီးဟာ ပျက်စီးဖို့ အချိန်တန်လာလေပြီလားလို့ တွေးမိလာပါတယ်။

 

တပ်ချုပ်လုပ်သူက အောက်ခြေရဲ့ အရည်အချင်းပြည့်ဝမှု မရှိတာကို မသိ။ အောက်ခြေ အခြေယိုင်နဲ့ နေတာကို မသိ။ မြှောက်ပေးတိုင်း (-)တက်အောင် က,တဲ့အပြင် ကိုယ်တိုင်ကလဲ အာဏာရူးနေလေတော့ အရည်အချင်း ထက် အရည်အတွက်များတဲ့ စစ်တပ်ကြီးမှာ တဝမ်းပူမျဉ်းစောင်း ကြည်းနှစ်သောင်း‌ ကျော်များဖြင့် စစ်တပ်လဲပြို တပ်ချုပ်လဲငိုရမယ့် အခြေအနေဆိုက်ရောက်လာနေပြီး ပြည်သူတွေ လက်ခမောင်းခတ်ရမည့်အချိန်ကို ရောက်လာတော့မည်ဟု ပြောရင်း...

 

အောင်မျိုးထက် (CDM ဗိုလ်ကြီး)

မှတ်ချက်- CDM တပ်မတော်သားများ၏ ပြည်သူ့ပန်းတိုင်စာမျက်နှာတွင် ရေးသားထားသည့်အတိုင်း ခွင့်ပြုချက် ရယူကာ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

 

Burma Associated Press



 

မြန်မာ
စစ်တပ်

Share With
bap-logo