Opinion
စစ်ခေါင်းဆောင်၏ အညံ့စား စီမံခန့်ခွဲမှုနှင့် အဆိုးကျော့ စီးပွားရေး မူဝါဒ
လွန်ခဲ့သော ၃ နှစ် က
အာဏာသိမ်းခံလိုက်ရပြီးသည့်နောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုမှု အမျိုးမျိုးကို ကြားသိခဲ့ရပြီးဖြစ်သည်။ အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အဓိကကျသည့်နှစ်ချက်ကို ထုတ်နုတ်ရလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမ္မတအိပ်မက် ဖြစ်မြောက်ရေး နှင့် နိုင်ငံ့စီးပွား ကိုယ့်စီးပွားလုပ်ကာ မောင်ပိုင်စီးချင်သည့် နှစ်ချက်ကို အထင်အရှား တွေ့နေရသည်။
ယခုဆောင်းပါးတွင် အထွေထွေကုန်ဈေးနှုန်းကြောင့် ပြည်သူများကြပ်တည်းလာမှုနှင့် စစ်ခေါင်းဆောင်၏ အကျိုး စီးပွားအကြောင်းကို ဖော်ပြမည်ဖြစ်သည်။
အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ပြည်သူ့ဒုက္ခ
၂၁၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ အထွေ ထွေကုန်ဈေနှုန်းမှာ မြင့်တက်လာသည်။ အာဏာမသိမ်းခင် ဇန်နဝါရီလကုန်က လူလတ်တန်းစားအများစုစားသုံးသည့် ဆန်တစ်အိတ်လျှင် ပျမ်းမျှ ကျပ် ၅၀,၀၀၀ ဝန်း ကျင်သာ ရှိသည်။ ယခုမူ ဆန်တစ်အိတ်လျှင် ၆၈,၀၀၀ ကျပ်ဖြစ်သည်။ ထို့အတူ အာဏာမသိမ်းခင် ဇန်နဝါရီလကုန် က စားအုန်းဆီတစ်ပိဿ ပျမ်းမျှ ၂,၀၀၀ ကျပ်ဖြစ် သည်။ ယခုမူ ဆီတစ်ပိဿ ၈,၆၀၀ ကျပ်ဖြစ်သည်။
လေးဆလောက် ဈေးတက်သွားခြင်းဖြစ်သည်။
အာဏာမသိမ်းခင်က ပို့ဆောင်ရေးကဏ္ဍတွင် မရှိမဖြစ်လိုအပ်သော အရေးကြီးကုန်စည်ဖြစ်သည့် စက်သုံးဆီ အောက်တိန်း ၉၂ တစ်လီတာ ၆၅၀ ကျပ်ဖြစ်သည်။ ယခုအခါ စက်သုံးဆီ အောက်တိန်း ၉၂ တစ်လီတာ ၂,၄၀၀ ကျပ်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလနှင့်မေလအတွင်းကမူ စက်သုံးဆီမှာ လိုသလောက်ပင်ဝယ်၍မရခဲ့။ လေးဆ လောက် ဈေးတက်သွားသည်။
အာဏာမသိမ်းခင် ဇန်နဝါရီလကုန်က အကယ်ဒမီ
မီးလင်းရွှေတစ်ကျပ်သား ၁,၃၁၇,၅၀၀(၁၃ သိန်း ကျော်) သာရှိ သည်။ ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လတွင်မူ ရွှေတစ်ကျပ်သား ကျပ်သိန်း ၂၀ ကျော်သွားပြီဖြစ်သည်။ အာ ဏာမသိမ်းခင် ဇန်နဝါရီလကုန်က ငွေလဲနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ၁,၅၇၀ ဝန်းကျင်သာရှိသည်။ ယခု ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်မူ တစ်ဒေါ်လာ ၂,၀၄၀ ကျပ်ဖြစ်သွားသည်။
အလုပ်အကိုင်ကရှား၊ ဝင်ငွေကနည်းချိန်တွင် ဤသို့အထွေထွေကုန်ဈေးနှုန်းတွေ ကြီးမြင့်လာရာ ပြည်သူတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။
ရွှေဈေးဘာကြောင့်တက်
မြန်မာပြည်တွင် ရွှေသည် သည်းခြေကြိုက်ပစ္စည်းဖြစ်သည်။ အကြောင်းမှာ အရှေ့တိုင်းသားတို့က ရွှေကိုတပ် မက်ကြသည်ဖြစ်ရာ မြန်မာတို့လည်း ကြိုက်သည်။ ရွှေသည် မရှိမဖြစ်မဟုတ်၊ သို့သော် မြန်မာပြည်တွင် ရွှေထက် ပို၍ ငွေဖြစ်လွယ်(Liquidity)သည့်အရာမရှိ။ ရွှေသည် ငွေဖြစ်လွယ်မှု အမြင့်ဆုံးဖြစ်သည်။ ဆိုလို သည်မှာ ရွှေကို ငွေ အဖြစ်ပြောင်းဖို့လွယ်သည်။ ယုတ်ဆွအဆုံး ရွှေရှိလျှင် အပေါင်ဆိုင်သွားပေါင်၍ ရသည်။ အခြားသော အိမ်ခြံမြေ၊ ကားတို့ကို လွယ်လွယ်ရောင်း၍ ပေါင် ၍မရ၊ ငွေမဖြစ်။
ရွှေသည် မရှိမဖြစ်ကုန်စည်မဟုတ်သောကြောင့် ပုံမှန်ဆိုလျှင် ဤမျှဈေးတက်ရန်အကြောင်းမရှိ။ ရွှေကိုစား၍ လည်းမရ။ နိုင်ငံရေးမတည်ငြိမ်၊ လူတွေလက်ထဲ ငွေမထားချင်၊ ရွှေစုလိုသည်ကို အကြောင်းပြု၍ ဝိသမ လော ဘသား ရွှေကုန်သည်များက ရွှေဈေးကို ဆွဲတင်သည်။ ဤသည်ကို စစ်ခေါင်းဆောင်က မထိန်းနိုင်။ နောက်ဆုံးတွင် ဖမ်းရဆီးရလုပ်ရသည်။ ထိုနောက် ရွှေဈေးထိန်း ချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းကို တာဝန်ပေးသည်။ ရွှေအသင်းကြီးက ရွှေကို လမ်းဘေးတွင်မရောင်းရ၊ ဆိုင် သို့မဟုတ် အသင်းရုံးတွင်သာ ရောင်းရမည်။
ရွှေအရောင်းအဝယ်လုပ်လျှင် ဆိုင်လိုင်စင်၊ အတုံးအခဲရောင်းသည့်လိုင်စင်လုပ်ရမည်၊ ပြည်ပမှ ရွှေကုန်ကြမ်း တင်သွင်းမည် စသည်ဖြင့် စည်းကမ်းချက်မျိုးစုံ သတ်မှတ်ခဲ့သော်လည်း ရွှေဈေးကား မကျပေ။ ဤအသင်းက လူများသည်ပင် ရွှေဈေးကစားရာတွင် ပါဝင်သူများဖြစ်ရာ ရွှေဈေးမကျသည်မှာ မဆန်း။ ယခုထိလည်း မကျပေ။
ဒေါ်လာဈေးဘာ့ကြောင့်တက်
ကုန်သွယ်ရေးကို ကိုဗစ်အကြောင်းပြ၍ ပိတ်ထားသည်ဖြစ်ရာ ပို့ကုန်များ ကောင်းကောင်းမပို့နိုင်။ ပို့ကုန်မပို့နိုင်၍ နိုင်ငံခြားဝင်ငွေမရ သို့မဟုတ် ဒေါ်လာအရနည်းသွားသည်။ ရသည့်ဒေါ်လာကိုလည်း လုပ်ငန်းရှင်များက ပြည် တွင်း၌မထား။ စင်ကာပူဘဏ်တွေမှာသာ ထားသည်။ သူတို့အတွက် လိုအပ်သည့် သွင်းကုန်ဝယ်ယူရာတွင် ဒေါ် လာနှင့်သာ ဝယ်ယူရသည်ဖြစ်ရာ ကိုယ့်မှာရှိသည့် ဒေါ် လာကို ကိုယ်လိုချင်သည့် သွင်းကုန်ဝယ်ယူရန် သိမ်းထား ခြင်းဖြစ်သည်။
ဤနေရာတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၏ သဘောသဘာဝကို အနည်းငယ်မျှဝေလိုသည်။ သူတို့ သည် တစ်လိုင်းတည်းလုပ်ခြင်းမဟုတ်။ ပို့ကုန်လုပ်လျှင် သွင်းကုန်လည်းလုပ်သည်။ ထိုသို့လုပ်ရင် ငွေလဲကောင် တာလည်း ထောင်ထားသေးသည်။ ဘဏ်လည်းရှိသည်။ ဒီလိုမျိုးလုပ်နေခြင်းဖြစ်သည်။ ငွေလဲကောင်တာများ တွင် လာရောက်ရောင်းချသည့် ဒေါ်လာများကို ပြန်မရောင်းတော့။ သွင်းကုန်သွင်းရန်အတွက် ဖယ်ထား လိုက်သည်။ ဤ သို့ဖြင့် ဈေးကွက်အတွင်း ဒေါ်လာရှားလာသည်။
ဗဟိုဘဏ်က ဒေါ်လာရောင်းပေးသော်လည်း ဆင့်ပါးစပ်နှမ်းပက်သည့် ပမာဏသာဖြစ်သည်။ သူကိုယ်တိုင်ပင် နိုင်ငံခြားအရန်ငွေကြေး လုံလောက်အောင်ရှိသည်မဟုတ်။ ဤသို့ဖြင့် ဒေါ်လာဈေးမှာ နေ့စဉ်မြင့်တက်လာသည်။ ဒေါ်လာကလည်း ရှားလာသည်။ စစ်ခေါင်းဆောင်ကိုယ်တိုင်ပင် လျှပ်စစ်အတွက် သဘာဝဓာတ်ငွေ့အရည် (LNG) ဝယ်ဖို့ ဒေါ်လာမရှိ၍ အခက်ကြုံရသည်။
ထိုအခါ ဗဟိုဘဏ်က သုံးလအတွင်း ပို့ကုန်ဝင်ငွေကိုပြည်တွင်းဘဏ်တွင်ထည့်ရမည်ဆိုပြီး ကြေညာသည်။ မ လိုက်နာသည့် လုပ်ငန်းတွေနှင့်ကုမ္ပဏီဒါရိုက်တာတွေကို အမည်ပျက်စာရင်းသွင်းသည်။ သိုသော်လည်း ဈေး ကွက်ကို ထိန်းချုပ်ချင်သည့်သဘောဖြစ်ရာ မအောင် မြင်။ ယခုတိုင်လည်း မထူးခြားသည့် အခြေအနေဖြစ် သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂,၀၄၀ ဖြစ်လာသည်။
စစ်ခေါင်းဆောင်၏ ဈေးကွက်စီးပွားရေးအမြင်နှင့် စီမံခန့်ခွဲမှုအရည်အချင်းကို သိသာစေသည့် အချက်ဖြစ်သည်။ ဒေါ်လာဈေးမြင့်တက်နေသောကြောင့် ဒေါ် လာနှင့် တင်သွင်းရသည့် သွင်းကုန်ပစ္စည်းများ အားလုံး ဈေးတက်သွားသည်။ ထို့အတူ စက်သုံးဆီ၊ စားအုန်းဆီမှစ၍ လက်လီပစ္စည်းအားလုံးဈေးတက်သည်။ ထိုဒဏ်ကို ပြည်သူတွေက ခါးစည်းခံရသည်။
တကျော့ပြန်အဆိုးကျော့ စီးပွားရေးမူဝါဒ
ဘောဂဗေ ဖခင်ကြီး အဒမ်စမစ်၏ လွတ်လပ်သည့်ဈေး ကွက် (Laissez-Faire) သီအိုရီနှင့် အင်္ဂလိပ်လူမျိုး၊ ဘောဂ ဗေဒပညာရှင် ဂျွန်မေနက်ကိန်း (John Maynard Keynes, 1883-1946)၏ ထိန်းကျောင်းဈေးကွက် Keynesianism (ကိန်းဝါဒ)က ကမ္ဘာပေါ်တွင် ထင်ရှားသည်။ အဒမ်စမစ်၏ လွတ်လပ်သည့် ဈေးကွက်ဟူသည် ရောင်းလိုအား၊ ဝယ်လိုအားကို ဈေးကွက်အလိုအတိုင်း လွှတ်ပေးထားပြီး အဆိုပါရောင်းလိုအား၊ ဝယ်လိုအားက ပင် မမြင်ရသည့်လက် (Invisible Hand)အဖြစ် ဈေး ကွက်ကို အလိုအလျောက် ထိန်းကျောင်းသွားခြင်းကို ဆိုလိုသည်။
ဂျွန်မေနက်ကိန်း၏ Manage Market ထိန်းကျောင်းဈေးကွက် အယူအဆကမူ ဈေးကွက်ကို လိုအပ်သည့် အချိန် တွင် အစိုးရကဝင်ထိန်းခြင်းဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်း ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အစိုးရများက ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းကာ စီးပွားရေးပြန်လည်ဦးမော့အောင် လုပ် ဆောင်နိုင်ခဲ့ခြင်းဖြင့် ကိန်း၏ အယူအဆကို သက်သေထူခဲ့သည်။ ဂျွန်မေနက်ကိန်း၏ အယူအဆမှာ ခေတ်သစ် ဘောဂဗေဒနယ်ပယ်တွင် ပိုမိုအလုပ်ဖြစ်လာဟန်ရှိသည်။ သို့သော်လည်း ဈေးကွက်ကို အစိုးရက ဝင်ရောကထိန်း ကျောင်းသည်ဆိုရာတွင် အာဏာသိမ်းစစ်ကောင်စီ လုပ်သကဲ့သို့ ဈေးကွက်ထဲက ကုန်ပစ္စည်းများကို ဈေးနှုန်း သတ်မှတ်ပေးခြင်းမျိုးမဟုတ်ပေ။
ဈေးကွက်ကို ဝင်ရောက်ထိန်းကျောင်းခြင်းဆိုရာတွင် အမှန်တကယ်ဖြစ်သင့်သည်မှာ ဥပဒေ၊ စည်းမျဉ်း၊ စည်း ကမ်းများသတ်မှတ်ပြီး ဈေးကွက်က သူ့သဘောသူဆောင် လည်ပတ်နိုင်ရန် လုပ်ဆောင်ပေးရခြင်းမျိုးဖြစ်သည်။ ဥပမာအနေနှင့် နိုင်ငံအတွင်း အလုပ်လက်မဲ့များလာချိန်တွင် အစိုးရက အသုံးစရိတ်များ ပိုမိုသုံးစွဲခြင်းမျိုးဖြစ် သည်။
လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံတည်ဆောက်ခြင်းကဲ့သို့ ဆောက်လုပ်ရေးကဏ္ဍတွင် အစိုးရက အသုံးစရိတ်တိုး၍ သုံးစွဲခြင်းဖြင့် အောက်ခြေရှိ အလုပ်လက်မဲ့ပြည်သူများ အလုပ်အကိုင်ရရှိလာပြီး ဝင်ငွေလည်းရှိလာတော့သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုတွင် ဤနည်းလမ်းက အလုပ်များစွာဖြစ်ခဲ့သည်။ အစိုးရက ဝင်ရောက်ထိန်းကျောင်း သည် ဆိုသည်မှာ ဤသို့သော ပုံစံမျိုးသာဖြစ်သည်။
ထို့ကြောင့် ဈေးကွက်ပျက်နေခြင်း၊ စီးပွားရေးကျဆင်းနေခြင်းကဲ့သို့ ကိစ္စများတွင် အစိုးရများက အာဏာနှင့် ဝင် ရောက်ထိန်းကျောင်း၍မရဘဲ စီးပွားရေးနည်းလမ်းများနှင့်သာ ဝင်ရောက်ထိန်းကျောင်းနိုင်မည်ဟု ပညာရှင်များက ဆိုသည်။ သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီကမူ ဤသို့သော ဘောဂဗေဒအခြေခံကိုမျှ နားမလည်ခြင်းပေ လော။ သို့တည်းမဟုတ် တတ်သိနားလည်သည့် ပညာရှင်များ၏ အကြံဉာဏ်ကို လျစ်လျှူရှု၍ ကိုယ်ထင်ရာ ကိုယ်စိုင်းနေခြင်းပေလော။ မသိချေ။
ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် ကုန်ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့များ ဖွဲ့သည်။ ရွှေဈေးကျဆင်းရေး ရွှေအသင်းကို တာဝန်ပေးသည်။ စက်သုံးဆီဈေးကျဆင်းရေး စက်သုံးဆီအသင်းကိုတာဝန်ပေးသည်။
ဝန်ကြီးဌာနအနေနှင့်လည်း တာဝန်ယူဆောင်ရွက်စေသည်။ ထိုမျှမက စားအုန်းဆီကျဆင်းရေးအတွက်လည်း စားအုန်းဆီအသင်းကို တာဝန်ယူစေသည်။ ဝယ်လိုအားမြင့်ပြီး ဈေးကွက်လိုအပ်ချက်မြင့်နေသည့် ဒေါ်လာဈေး ကိုလည်း ဈေးကွက်အလိုကျ လွှတ်မပေးဘဲ ကန့်သတ်ပြန်သည်။ အကျိုးဆက်မှာ မည်သည့် ကုန်စည်၏ ဈေးနှုန်းမှ ကျမသွားချေ။ ဒေါ်လာဈေး လည်းမကျ။
အာဏာသိမ်းစစ်ကောင်စီ၏ ဤသို့သော လုပ်ရပ်များကို စေ့ငုလျှင် ဆိုရှယ်လစ်စီးပွားရေးအတွေးအခေါ်နှင့် လုပ် နေခြင်းပင်ဖြစ်သည်။ ယခုကဲ့သို့ဈေးကွက်ကို အဆင် ခြင်မဲ့ ဝင်ရောက်စွက်ဖက် ထိန်းကျောင်းခြင်းသည် အာ ဏာရှင်ဟောင်းဦးနေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ခေတ်တို့တွင် မအောင်မြင်ခဲ့ကြောင်း သက် သေထူ ခဲ့ပြီး ဖြစ်သည်။ ထိုခေတ်ထိုအခါက ဤသို့သော မူဝါဒအလွဲများကို အညံ့စားစီမံခန့်ခွဲမှုများနှင့် ပေါင်းစပ်လိုက်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းသို့ ၁၉၈၇ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။
ယခုအခါတွင်လည်း မူဝါဒအလွဲများကို ကျင့်သုံးခြင်းဖြင့် တကျော့ပြန် စီးပွားရေးချောက်ကမ်းပါးကို ကျဆင်းရန် တာစူလျက်ရှိသည်။ နိုင်ငံတကာနှင့် မြန်မာ့အရေးသုံး သပ်သူများ၏ နှုတ်ဖျားတွင် မြန်မာနိုင်ငံကို ကျဆုံးနိုင်ငံ (Fragile State )အဖြစ် တွဲစပ်သုံးသပ်နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံကြီး ဤသို့ဖြစ်၍ စီးပွားရေး ကပ်ဘေးဆိုက် နေချိန်တွင် စစ်ခေါင်းဆောင်သည်ကား မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသကဲ့သို့ အကြိုက်တွေ့ လျက်ရှိချေသည်။ အင်တာနက်ခများကို တိုးမြှင့်ကောက်ခံခြင်း၊ စစ်တပ်အကျိုးစီးပွားပါသည့် မိုင်တဲလ် လုပ်ငန်းများကို ချဲ့ထွင်ခြင်း၊ တယ်လီနောလ်ကို စစ်တပ်အကျိုးစီးပွားနှင့်ဆက်နွယ်သည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီကို ရောင်းချစေခြင်းတို့ ဖြင့် သူ၏ စီးပွားရေးအင်ပါယာကို ချဲ့ထွင်လျက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီ လက်အောက်က မြန်မာသည် ကား နိုင်ငံရေးကမတည်ငြိမ်၊ စီးပွားရေးကကျ၊ ကုန်ဈေး နှုန်းကကြီး၊ အလုပ်အကိုင်ကရှား၊ တရားဥပဒေမစိုးမိုးဘဲ မင်းမဲ့စရိုက်များ ပေါများလျက်ရှိသည်။ ပြည်သူများ သည်ကား အလုပ်လက်မဲ့ဘဝများဖြင့် နေ့စဉ်ထမင်းနှပ်မှန်ရေး ရုန်းကန်နေကြရသည်။ ထိုအခါ ပြည်သူများကို ဆင်းရဲ တွင်းနက်စေသည့် ဤသို့သော စီးပွားရေးမူဝါဒအလွဲများသည် မည်သည့်အတွက် ဖြစ်ပေါ်လာ နည်းဟူသော မေးခွန်းတစ်ခုပေါ်ထွက်လာသည်။
အဖြေမှာ အာဏာသိမ်းခြင်းကြောင့်ဟု ဆိုရပေမည်။ ဤသည်မှာ ‘ခလုတ်တိုက်လည်း အာဏာသိမ်း လို့’ဟုဆို သ ကဲ့သို့ ခပ်လွယ်လွယ်အကြောင်းပြခြင်းမဟုတ်။ စီးပွား ရေးသည် သူချည်းမရပ်တည်နိုင်။ နိုင်ငံရေးနှင့် ဆက်စပ်နေသည်။ ဒင်္ဂါပြားတစ်ခု၏ခေါင်းနှင့်ပန်းကဲ့သို့ပင် ခွဲ၍မရ။ အာဏာသိမ်းသောကြောင့် လူတွေ ပြေးရလွှားရ၊ ပုန်းရ ရှောင်ရသည်။ စီးပွားရေးကောင်းကောင်း လုပ်၍မရ။
အာဏာသိမ်းသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ကုန်သည်။ အထည်ချုပ်တွေပိတ်ကုန်သည်။အလုပ် လက်မဲ့တွေဖြစ်ကြသည်။ ကုန်သွယ်လို့မရ။ ပိုက်ဆံပေးမှ ကားထွက်ခွင့်ပေးသည်။ အပိုကုန်ကျစရိတ် တွေတက် လာပြီး အထွေထွေကုန်ဈေးနှုန်းကကြီးလာသည်။ ဤသို့ဖြင့် သံသရာလည်နေခြင်းသာဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက်က မြန်မာ့စီးပွား ရေးကို ဦးမော့လာစေရန် မည်သည့်ပညာရှင်ကမျှ ကယ် တင်နိုင်မည်မထင်ချေ။ အကြောင်းမှာ ပညာရှင်ဟူသည် အကြံပြုရုံ၊ လမ်းညွှန်ရုံသာတတ်နိုင်သည်။ သူကိုယ်တိုင် က ဆုံးဖြတ်ချက်ချနိုင်သူမဟုတ်။
ဆုံးဖြတ်ချက်ကို ချနိုင်သူသည်ကား အာဏာသိမ်းစစ်ခေါင်းဆောင်သာဖြစ်သည်။ ထို့အတူ ပြည်သူများသည် လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဆုံးဖြတ်နိုင်၊ ဖန်တီးနိုင်ကြသည်။ နွေဦးတော်လှန်ရေးသည်ကား ဤသို့ ကိုယ်ကံ ကြမ္မာကိုယ် ဖန်တီးရေး ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။
နွေဦးတော်လှန်ရေးမအောင်မြင်မခြင်း ပြည်သူများသည် ကား အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ ညံ့ဖျင်းသောစီမံမှုများနှင့် အဆိုးကျော့စီးပွားရေးမူဝါဒများအောက် တဝဲလည်လည် ဖြစ်နေဦး မည်သာ။
Burma Associated Press
Top News
လွန်ခဲ့သော ၁၈ ရက် က
လွန်ခဲ့သော ၂၃ ရက် က
လွန်ခဲ့သော ၂၃ ရက် က