Politics
စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကြီးရွာမှ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်
လွန်ခဲ့သော ၂ နှစ် က
ကန့်ဘလူ၊ ဖေဖော်ဝါရီ ၄။
စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပုဏ္ဏားကြီးရွာရှိ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန်ခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၇ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်ကျေးရွာတွင် အထိုင်ချထားသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများသည် ယင်းရွာ၏ အရှေ့ မြောက်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွာခဲ့ပြီး၊ မနက် ၈ နာရီ ပုဏ္ဏားကြီးရွာ အနောက်တောင်ဘက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပုဏ္ဏားကြီးရွာဘက်သို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် အသက် (၆၀)အရွယ် အမျိုးသားတစ်ဦး ညာဘက်နားနောက်တည့်တည့်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ကာ၊အရေးပေါ်ဆေးကုသမှု ပေးနေရကြောင်း မြေပြင်ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၏ေပြာကြားချက်အရသိရသည်။
"အခြေအနေတော့ ဆက်လက်စောင့်ကြည့်နေဆဲလို့သိရပြီး အရေးပေါ်လွှဲပြောင်းနိုင်ဖို့ ကြိုးစား နေတယ်" ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ကဆိုသည်။
အဆိုပါစစ်ကြောင်းကြောင့် ပုဏ္ဏားကြီးရွာ၊ ဦးကင်းကြည်ရွာနှင့် ကံကြီးရွာ သုံးရွာမှ ပြည်သူ ၁၀၀၀ ကျော်ေနအိမ်များကိုစွန့်ခွာကာ၊ ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရေကြာင်းသိရသည်။
Photo Credit -ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
Top News
လွန်ခဲ့သော ၁၇ နာရီ က
လွန်ခဲ့သော ၁၈ နာရီ က