bap-logo
Article

စစ်နယ်မြေမှ စွန့်ခွာခဲ့သူများ

Vb1iXvh46fPHQMlN93TjC-image

လွန်ခဲ့သော တစ်လ က

ဩဂုတ် ၁၈။

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့ ဩဂုတ်လ ရက်ကစပြီး တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

 

ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားက တိုက်ပွဲတွေကြောင့် ဒုတိယအကြိမ် စစ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

အခု ရွာတွေဘက် မီးရှို့တယ်။ မြို့ထဲဘက် မရောက်ဘူးလို့ မပြောနိုင်ဘူး။ ကြောက်စိတ်နဲ့ နေနေကြရတဲ့ အခြေအနေပဲ။ ပထမတစ်ခါလည်း အိမ်ပျက်ပြီးပြီလို့ ဆီဆိုင်မြို့ခံ ဒေါ်နန်းရွှေကြည် (အမည်လွှဲ)က ပြောပါတယ်။

 

ဒေါ်နန်းရွှေကြည်တို့မိသားစုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲကြောင့် တောင်ကြီးမြို့ကို စစ်ဘေးရှောင်ခဲ့ရာကနေ ဆီဆိုင်ကို ပြန်ရောက်လာတာ လလောက် ပဲ ရှိပါသေးတယ်။

 

ကျမတို့ကတော့ တစ်ရက်၊ နှစ်ရက်နေရင် ပုံမှန်ပြန်ဖြစ်မယ်ပဲထင်ပြီး အေးဆေးနေနေကြတာ

 

 

တိုက်ပွဲဖြစ်နေကြနေရာမဟုတ်တော့ စစ်ရှောင်အတွေ့ကြုံလည်း မရှိဘူး။ မြို့ထဲမှာ အစိုးရဝန်ထမ်း၊ ရဲ၊ တပ်မိ သားစုတွေ အကုန်ထွက်သွားကြပြီ။ တပ်ထဲမှာဆို မွေးထားတဲ့ ကြက်၊ ဝက်ကအစ သယ်သွားတာ။ ကျမတို့ကတော့ တစ်ရက်၊ နှစ်ရက်နေရင် ပုံမှန်ပြန်ဖြစ်မယ်ပဲထင်ပြီး အေးဆေးနေနေကြတာလို့ အသက် ၆၀ ကျော်အ ရွယ် ဒေါ်နန်းရွှေကြည်က သူ့ရဲ့ပထမဆုံး တိုက်ပွဲအတွေ့အကြုံကို ပြန်ပြောင်းပြောပြပါတယ်။

 

စစ်ကောင်စီက ဆီဆိုင်မြို့ကို လေကြောင်းက စတင်တိုက်ခိုက်တော့မှ အရေးကြီးစာရွက်စာတမ်းတွေနဲ့ အဝတ်အ စားလောက်သာယူပြီး စစ်ရှောင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်က ဆွေမျိုးအိမ်ကို သမီးသုံးဦးနဲ့အတူ စစ်ဘေး ရှောင်ခဲ့ရပါသေးတယ်။

 

ဧပြီလ ရက်နေ့မှာတော့ စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်လိုက်ပြီး တည်ဆောက်ရေး လုပ်ငန်းတွေပြီးစီးပြီဖြစ်လို့ ဒေသခံတွေကို ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒေါ်နန်းရွှေ ကြည်လည်း တခြားမြို့ခံတွေနည်းတူ ဇာတိမြေကို ပြန်လာခဲ့ပါတော့တယ်။

 

လက်နက်ကြီးတွေထိထားလို့ ပေါက်ပြဲနေတဲ့ သူ့နေအိမ်အမိုးတွေကို ပြုပြင်မွမ်းမံပြီး ပြန်လည်နေထိုင်ခဲ့ပါတယ်။ အဲဒီလိုနေလာရင်း သုံးလလောက်အကြာမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ဒေါ် နန်းရွှေကြည်တစ်ယောက် ဒုတိယအကြိမ် တောင်ကြီးမြို့ပေါ်ကို စစ်ဘေးရှောင်ဖို့ အထုတ်အပိုးတွေ ပြင်ဆင်နေ ရပါတယ်။

 

မိအေး(စစ်ရှောင်ပြည်သူတွေ)ကတော့ အကြိမ်ကြိမ် နာရတာပါပဲလို့ သူက ရင်ဖွင့်ပါတယ်။

 

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုများအကြား စစ်ရေးအရှိန်မြင့်လာတာနဲ့အတူ စစ်ရှောင်တွေလည်း ကျွဲ ကူးရေပါဆိုသလို နိုင်ငံအနှံ့ ပိုမိုများပြားလာနေပါတယ်။

 

မြန်မာနိုင်ငံတဝန်းမှာ စစ်ဘေးရှောင်ပြည်သူ ဒသမ သန်းကျော်ရှိတာကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(မြန်မာ)ရဲ့ ဇူလိုင်လ ၂၉ ရက်နေ့ စာရင်းများအရ သိရှိရပါတယ်။ စစ်ဘေးရှောင် ဒသမ သန်း ကျော်ရှိတဲ့ စစ်ကိုင်းတိုင်းဟာ အများဆုံးဖြစ်ပြီး တနိုင်ငံလုံးမှာရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ သုံးပုံတစ်ပုံကျော် ရှိပါ တယ်။ စစ်ဘေးရှောင်ငါးသိန်းကျော်ရှိနေတဲ့ ရခိုင်ပြည်နယ်ကတော့ ဒုတိယလူဦးရေအများဆုံးပြည်နယ်ပါ။ ရခိုင် ပြည်နယ်နောက်မှာတော့ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း(အရှေ့ပိုင်း) ကချင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပဲခူး တိုင်း(အနောက်ပိုင်း)နဲ့ မန္တလေးတိုင်းတို့က အစဉ်အလိုက်တိုင်း ရှိနေကြပါတယ်။

 

လူတွေက မနေရဲတော့ဘူးလေ။ ရှော့တိုက်ဒုံးတွေကျ အိမ်တွေကျ လူတွေထိ။ လူတွေက ရှော့တိုက်ဒုံးကျတဲ့ နေရာထွက်ကြည့်။ ထပ်ကျ တခါသေကြပြန်ပြီ

 

 

နိုင်ငံတနှံ့တလျားဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် သန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ပြေး လွှားရှောင်တိမ်းနေရဆဲ ဖြစ်ပါတယ်။

 

၁၀၂၇ နောက်ဆက်တွဲ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေက ဒေသခံပြည်သူတွေဟာလည်း စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါ တယ်။

 

လူတွေက မနေရဲတော့ဘူးလေ။ ရှော့တိုက်ဒုံးတွေကျ အိမ်တွေကျ လူတွေထိ။ လူတွေက ရှော့တိုက်ဒုံးကျတဲ့ နေရာထွက်ကြည့်။ ထပ်ကျ တခါသေကြပြန်ပြီ။ အဲလိုမျိုးကြီး မျက်စိရှေ့မှာ မြင်ရတဲ့အခါကြတော့ မနေရဲတော့ဘူးပေါ့ဗျာလို့ အသက် ၃၀ ကျော်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

 

၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေးအစမှာ ရှမ်းမြောက်က ဒေသခံပြည်သူအများအပြားဟာ စစ်ဘေးလွတ်ရာ ပြင်ဦးလွင်နဲ့ မန္တလေးမြို့တို့ကို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဆိုင်ကယ်နဲ့ပြေးတဲ့သူတွေကြတော့လည်း ဆိုင်ကယ်တစ်စီးကို ကလေး ၄၊ ၅၊ ယောက်နဲ့ လမ်းမှာ မိုးတွေမိ၊ ဆိုင်ကယ်တွေ လဲကြတယ်လို့ သူက ဆိုတယ်။

 

လားရှိုးနဲ့ သီပေါကြားမှာ တံတားတစင်းဖျက်စီးခံထားရလို့ ဖောင်တွေနဲ့ ကူးဖြတ်ကြရာမှာ ဖောင်က တခါကူးမှ ကားနှစ်စီးပဲ တင်ဆောင်နိုင်တာကြောင့် ဖောင်ဆိပ်မှာ ထောင်နဲ့ချီတဲ့ကားတွေ ပိတ်ဆို့သွားခဲ့ပါတယ်။

 

စစ်ရှောင်ပြည်သူတွေဟာ ဖောင်နဲ့ဖြတ်ကူးဖို့ ရက် ရက်ကြာ ကားပေါ်မှာ စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဖောင်ဆိပ်မှာ ကြာရှည်မစောင့်နိုင်တဲ့သူတချို့က ဖောင်ဆိပ်ကွင်းလမ်းကနေသွားရာမှာ ကားတွေ၊ လူတွေ ဗွက်နစ် ကြတယ်လို့ အမည်မဖော်လိုသူ လားရှိုးမြို့ခံတစ်ဦးက ပြောပြပါတယ်။

 

ဖောင်ဆိပ်မှာ ကူးတာက အဲဒီနားမှာရွာရှိတော့ စားသောက်လို့ ရသေးတယ်။ တောလမ်းထဲမှာက ဗွက်တွေချည်းပဲ။ ဘယ်လိုမှ အဆင်မပြေဘူး။ တစ်ယောက်နဲ့တစ်ယောက် ဝိုင်းကူရတာပေါ့။ ပါလာတာတွေ မျှစားခဲ့ရတယ်လို့ လမ်းခရီးမှာ တွေ့ကြုံခဲ့ရတာကို သူက ပြန်ပြောပြပါတယ်။

 

ရှမ်းမြောက်က စစ်ရှောင်ပြည်သူအများစုဟာ တောင်ကြီး၊ တန့်ယန်းနဲ့ မန္တလေးမြို့တို့ကို တိမ်းရှောင်လာကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။

 

လားရှိုးမြို့၊ ဘူတာရပ်ကွက်မှ စစ်ရှောင်လူငယ်တစ်ဦးကလည်း အဘွားဖြစ်သူကို ခေါ်ဆောင်ပြီး ထွက်လာရာ ကားလမ်းတွေပိတ်နေတာကြောင့် လားရှိုးနဲ့ မိုင်ခန့်ကွာတဲ့ မယ်ဟန်ကျေးရွာကိုရောက်ဖို့ တစ်ရက်ကြာခဲ့တယ် လို့ ဆိုပါတယ်။

 

ဆွေမျိုးသားချင်းအိမ်တွေ၊ သူငယ်ချင်းမိတ်ဆွေအိမ်တွေမှာလည်း ရေရှည်မှာ တည်းခိုနေထိုင်ဖို့က အဆင်မပြေဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

 

အမည်မဖော်လိုသူ လားရှိုးမြို့ခံတစ်ဦးကဒီအချိန်မှာ အားလုံးက အဆင်ပြေနေတာ မဟုတ်ဘူးလေ။ ဝန်ထုပ် ဝန်ပိုထမ်းနေရတဲ့ပုံစံဖြစ်တော့ ရေရှည်မှာ ဘယ်လိုမှ မဖြစ်ဘူးလေ။ ကိုယ်တွေက ထောက်ပံ့နိုင်ရင် ကိစ္စမရှိဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာရရင် ကိုယ်တည်းခိုတဲ့မိသားစုကို ပြန်ထောက်ပံ့ဖို့ဆိုတာ မလွယ်ဘူး လေလို့ ဆိုပါတယ်။

 

လက်ရှိ လားရှိုးမြို့မှာ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ လောင်စာဆီတွေ မရသေးပေမယ့် ဒီရက်ပိုင်း အိမ်ပြန်တော့မယ်လို့ လည်း သူက ပြောပါသေးတယ်။

 

ကိုယ့်ဒေသကို ပြန်လို့ရပြီလို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က လေကြောင်းကနေလာပစ်မှာ ကြောက်တာ။ တချို့လည်း အိမ်တွေဘာတွေ ပြန်ကြည့်ပေါ့ဗျာ။ တချို့လည်း ပြန်နေကြတာပေါ့လို့ သူက ဆက်ပြောပါ တယ်။

 

ကိုယ့်ဒေသကို ပြန်လို့ရပြီလို့တော့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က လေကြောင်းကနေလာပစ်မှာ ကြောက်တာ

 

 

ဒါ့အပြင် တိုက်ပွဲဖြစ်တော့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းတွေထွက်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် တည်ရှိရာ ပြင်ဦးလွင်က မြို့ခံတချို့လည်း စစ်ဘေးရှောင်နေကြရပါတယ်။ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)နဲ့ ပြည်သူကာကွယ်ရေးတပ်(PDF)တွေ ပြင်ဦးလွင်ကို စစ်ဆင်းရေးပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း အခုလို ဒေသခံပြည်သူအများအပြား စစ်ရှောင်လာကြတာပါ။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ရက်နေ့က ပြင်ဦးလွင်ကနေ မန္တလေးကိုဆင်းတဲ့လမ်းမှာ ကားတွေစုပြုံပြီး ဆင်းလာတာ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအထဲမှာ မယမင်းဖြူ(အမည်လွှဲ)တို့ မိသားစုပိုင် မော် တော်ယာဉ်လည်း တစ်စီးအပါအဝင် ဖြစ်ပါတယ်။

 

မန္တလေးမြို့အဝင် ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ ယာဉ်ပေါ်လိုက်ပါလာသူတွေကို မှတ်ပုံတင်တွေစစ်သလို ကိုယ် သွားမယ့်နေရာဒေသတွေကိုလည်း မေးမြန်းစစ်ဆေးနေတာကြောင့် ကားအစီးရေ ရာနဲ့ချီပိတ်ဆို့ခဲ့တယ်လို့ ကိုယ် တွေ့ ကြုံခဲ့သူ မယမင်းဖြူက ပြောပြပါတယ်။

 

ပြင်ဦးလွင်နေတဲ့သူအချင်းချင်း ဒလန်လုပ်တာ၊ ဘလိန်း(အပြစ်တင်)တာရှိလို့ ဘေးပတ်ဝန်းကျင်ကို ရန်ကုန်ကို စစ်ရှောင်သွားတယ်လို့ မပြောဘူးလို့ သူက ရှင်းပြပါတယ်။

 

ပြင်ဦးလွင်မြို့မှာ တပ်မိသားစုတွေနဲ့ ငွေကြေးတတ်နိုင်တဲ့ ဒေသခံတချို့ဟာ လုံခြုံရေးစိုးရိမ်တာကြောင့် မြို့ကိုစွန့် ခွာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

၁၀၂၇ ကစတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်တာတွေကြောင့် စစ်ရှောင်သူတွေ ပိုများလာတယ်လို့ ဆိုပါတယ်။ အရင်က နီးစပ်ရာ မြို့၊ ရွာတွေကို စစ်ဘေးရှောင်ကြပေမယ့် အခုနောက်ပိုင်းမှာ တော့ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ရန်ကုန်မြို့တော်ကို ပြောင်းရွေ့သူတွေ ပိုများလာပါတယ်။

 

ဒီဩဂုတ်လဆန်းကစပြီး ရန်ကုန်မြို့ကို ပြင်ဦးလွင်၊ မန္တလေး၊ မိုးကုတ်စတဲ့မြို့ကြီးတွေက စစ်ရှောင်တဲ့သူတွေ ဖွဲဖွဲ ဝင်ရောက်လာပါတယ်။ စစ်ကောင်စီကလည်း ရန်ကုန်မြို့မှာ ဧည့်စာရင်းစစ်တာတွေကို ပိုလုပ်လာပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်က အင်းစိန်မြို့နယ်၊ မင်းစေတီရပ်ကွက်၊ မုဒိတာအိမ်ရာမှာ ပြည်သူ ၁၃ ဦးအဖမ်းခံခဲ့ ရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး DVB သတင်းမှာ ရေးသားဖော်ပြထားပါတယ်။

 

ဧည့်စာရင်းစစ်တာတွေများလာလို့ အိမ်ပိုင်ရှင်တွေနဲ့ အဆောင်ပိုင်ရှင်အချို့က စစ်ရှောင်တွေကို မငှားတာတွေရှိ လာတယ်လို့ ရန်ကုန်အခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှု့လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပြပါတယ်။

 

အဆောင်ပိုင်ရှင်တွေက အဆောင်ချိတ်ပိတ်ခံရမှာ နေအိမ်ပိုင်ရှင်တွေကလည်း နေအိမ်ချိတ်ပိတ်ခံရမှာ စိုးရိမ်တာ ကြောင့် စစ်ရှောင်လာသူတွေကို လက်မခံကြတာဖြစ်တယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မှ အဆောင်ပိုင်ရှင်တစ်ဦး က ဆိုပါတယ်။

 

မန္တလေးတိုင်း၊ မြင်းခြံမြို့က စစ်ရှောင်တစ်ဦးကလည်းရန်ကုန်ကတော့ အခုအခြေအနေမှာ အလုံခြုံဆုံးပါ။ ရိပ်စက များတယ်ထင်ရပေမယ့် တနေရာ စစ်ဖြစ်လိုက်၊ နောက်တနေရာ ပြောင်းလိုက်ဖြစ်ရင် စရိတ်ပိုထောင်းလို့ အလုံခြုံဆုံးဖြစ်တဲ့ ရန်ကုန်ကို ရွေးလိုက်တာပါလို့ ရှင်းပြပါတယ်။

 

စစ်ရှောင်တွေ အခြေအနေကြည့်ပြီး လက်တလော အငှားသွက်တဲ့သဘောပါ။ ဒါကို မြေရှင်တွေ၊ အိမ်ရှင်တွေက ဈေးကို မတရားတိုးခေါ်နေကြတာ စိတ်ပျက်စရာပဲ

 

 

စစ်ရှောင်ဦးရေ တိုးလာတာနဲ့အတူ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေအငှားဈေးကွက်သွက်လာကာ အခန်းငှားခကို ပေါက် ဈေးထက် ပိုတောင်းတာ၊ တစ်နှစ်စာချုပ် ချုပ်ဆိုခိုင်းတာတွေရှိလာတယ်လို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)က အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

 

စစ်ရှောင်တွေ အခြေအနေကြည့်ပြီး လက်တလော အငှားသွက်တဲ့သဘောပါ။ ဒါကို မြေရှင်တွေ၊ အိမ်ရှင်တွေက ဈေးကို မတရားတိုးခေါ်နေကြတာ စိတ်ပျက်စရာပဲလို့ သူက ဆိုတယ်။

 

ရန်ကုန်မြို့ကို စစ်ရှောင်လာတဲ့သူတွေကို ဝိုင်းဝန်းကူညီဖေးမ စောင်ရှောက်ကြဖို့ ရန်ကုန်အခြေစိုက်တော်လှန်ရေး အင်အားစုတွေက ဩဂုတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ အိမ်ငှားခ၊ ဆောင်ငှားရမ်းခတွေကို ဈေးနှုန်းလျော့ချပေးဖို့ တောင်းဆိုထားပြီး အဆမတန် ဈေးမြှင့်ငှားရမ်းတာတွေကို ကန့် ကွက်ရှုံ့ချတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

 

အဆိုပါထုတ်ပြန်ချက်ကို ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Yangon Revolution Force - YRF ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ (SPTSC) စစ်အာ ဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY) လူငယ်သပိတ်ကော်မတီနဲ့ တကသများ ရန်ကုန်(ASU)တို့ အပါ အဝင် အဖွဲ့ ၁၇ ဖွဲ့က ပူး ပေါင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ကတော့ နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သားကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေ လည်း တိုးမြင့်လာကြောင်း၊ မြေမြှုပ်မိုင်းများ ပျံ့နှံ့နေမှု၊ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေ အပြင် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဆက်လက်ဖြစ်ပေါ် နေပြီး ရှိရင်းစွဲအခြေအနေကပင် ဆိုးရွားပြီးဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုမိုဆိုးရွားလာ စေတယ်လို့ ဇူလိုင်လ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးလွတ်ရာ တိမ်းရှောင် ကြရမယ့် ဆီဆိုင်မြို့ခံတွေအနေနဲ့ကတော့ ရတက်မအေးစရာ အခြေအနေပါ။

 

ဆီဆိုင်မြို့ခံတစ်ဦးကလည်းပြေးတဲ့သူတွေရဲ့(စစ်ရှောင်)အိမ်တွေကို သူခိုးတွေက စဖောက်နေပြီ။ ဝေးဝေး ပြေးတဲ့သူတချို့ ညနေပိုင်း အိမ်ကိုပြန်လာကြတယ်။ အိမ်စောင့်သဘောမျိုး ပြန်လာကြတာ။ စစ်ဘေးရန်ကော သူခိုးရန်ပါ ကြောက်နေရတယ်လို့ ပြောပါတယ်။

 

ပအိုဝ်းလူငယ်အစည်းရုံး(PYO)ရဲ့ စာရင်းတွေအရ ဆီဆိုင်မြို့တိုက်ပွဲမှာ ပျောက်ဆုံးနေသူ ၆၀ ဦးကျော်ရှိတယ်လို့ သိပါတယ်။ နှစ်လကျော်တိုက်ပွဲအတွင်း ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်တွေမှာ ကလေးငယ်တွေ အပါအဝင် အရပ်သား ၅၈ ဦးသေဆုံးခဲ့ပြီး လူ ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း PYO က ဆိုပါတယ်။

 

တချိန်က အထပ်မြင့်အဆောက်အဦတွေနဲ့ စည်ကားခဲ့တဲ့ ဆီဆိုင်မြို့ပေါ်က အောင်ချမ်းသာ၊ မြကန်သာ၊ အောင် သပြေ၊ မြို့မဈေးနဲ့ သီရိရပ်ကွက်တွေဟာ လက်ရှိမှာတော့ မီးလောင်ပြင်နဲ့ အုတ်ပုံအဖြစ်သာ မြင်တွေ့ရတော့ တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

 

ပထမအကြိမ်တိုက်ပွဲမှာ သောင်းနဲ့ချီတဲ့ ဆီဆိုင်မြို့ခံတွေဟာ စစ်ဘေးရှောင်ခဲ့ပြီးနောက် ပြန်လည်ဝင်ရောက်နေ ထိုင်တာ သုံးလကျော်ကာလအတွင်းမှာပဲ နောက်ထပ်တစ်ကြိမ် ဘေးလွတ်ရာရှောင်တိမ်းဖို့ ဖြစ်လာခဲ့ပါတယ်။

 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဆီဆိုင်မြိုခံ စစ်ရှောင်တစ်ဦးကတော့ အခုလို မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

 

"ခဏခဏ စစ်ရှောင်နေရတော့ အကြိမ်ကြိမ်ဒုက္ခရောက်ရတယ်။ သက်ကြီးရွယ်အိုတွေဆို ပိုဆိုးနေပြီ။ ထပ်မ ရှောင်ချင်ကြတော့ဘူး။ ဝေးတဲ့နေရာပို့ထားပြန်တော့လည်း မနေဘူး။ သူတို့နေတဲ့နေရာလေးမှာပဲ အသေခံပြီး နေတော့မယ်ဆိုတဲ့သူတွေ အများကြီးရှိနေတယ်။ တိုက်မယ့်တိုက် အပြတ်သာတိုက်ကြပါတော့ မပြေးချင်တော့ဘူး"

 

Burma Associated Press

ရှမ်းပြည်တောင်ပိုင်း
ဆီဆိုင်မြို့
အရပ်သား
ဒုက္ခသည်
လူသားချင်းစာနာမှုဆိုင်ရာ
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး

Share With
bap-logo