bap-logo
Article

ကိုယ့်​ငွေကို ထုတ်မရတဲ့ ဒုက္ခ

B1t5rEquxjQ-Of7I75wA6-image

လွန်ခဲ့သော ၂ လ က

ဇူလိုင် ၁၁။

 

ပုဂ္ဂလိကဘဏ်တွေက ငွေထုတ်ယူမှုတွေကို တင်းကြပ်မူတွေ ဒီရက်ပိုင်းပိုမိုများပြားလာတာကြောင့် ငွေထုတ်ယူသူတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရပါတယ်။

 

ငွေထုတ်ယူခွင့်ကို ကန့်သတ်မှုအဖြစ် KBZ ဘဏ်က စပယ်ရှယ်ဘဏ်အကောင့်ကို တပတ်တကြိမ်ထုတ်ယူမူကို ရက်ပိုင်းအတွင်းငွေကျပ် သိန်း ၂၀ ကျပ်ကနေ ၅သိန်းကျပ်အထိ လျော့ချထားသလို ရိုးရိုးဘဏ်အကောင့်ကိုလဲတပတ်ကို ၅သိန်းကျပ်အထိ ကန့်သတ်လာတယ်လို့ ရန်ကုန်မြို့က ငွေထုတ်သူအများစုက ပြောပါတယ်။

 

"အရင်က KBZ စပယ်ရှယ်အကောင့်ဆိုတာ ငွေသားအပ်ထားလို့ ငွေသားအချိန်မရွေးထုတ်လို့ရတယ်ဆိုပြီးအာမခံထားတာ၊ ခုထုတ်လို့မရတော့ဘူး၊ တရက်ကိုလူဦးရေဘယ်နှစ်ယောက်ထိပဲ ထုတ်လို့ရတယ်ဆိုပြီးကန့်သတ်ထားတော့ တုံကင်ရဖို့ဘဏ်ဖွင့်ကတည်းက သွားနေရတဲ့အခြေနေ"လို့ငွေထုတ်သူတဦးက ပြောပါတယ်။

 

ဇူလိုင်လ ရက်ကစပြီး ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ ဧရာဝတီ ၊ရိုးမ CB ဘဏ်တွေကနေ ငွေထုတ်ယူသူ များပြားလာခဲ့ပြီး AT M စက်တွေမှာ ငွေမထည့်တော့တာကြောင့် ပြည်သူတွေအခက်အခဲတွေနဲ့ ကြူံတွေ့နေကြရတာပါ။

 

အရင်က KBZ စပယ်ရှယ်အကောင့်ဆိုတာ ငွေသားအပ်ထားလို့ ငွေသားအချိန်မရွေးထုတ်လို့ရတယ်ဆိုပြီးအာမခံထားတာ၊ ခုထုတ်လို့မရတော့ဘူး

 

 

" ATM စက်တွေမှာလည်း ထုတ်မရတော့ စာအုပ်မလုပ်ထားဘဲ ကတ်နဲ့ထုတ်သူတွေကဘာမှလုပ်မရတော့ဘူး။ ATM ဆိုတာ ၂၄ နာရီ ဝန်ဆောင်မူ ပေးရမှာ အခုတော့ စက်တွေ ပျက်နေတာလား ပိတ်ထားတာလား မသိဘူး။ ဘယ်နေရာမှထုတ်မရတော့ဘူး။ ငွေမထည့်နိုင်တော့တာတဲ့၊ ဒီလို ဝန်ဆောင်မှုလေးတောင် အပြည့်အဝ မပေးနိင်ရင် ဘဏ်တွေရဲ့ Online banking System ဆိုတာကိုမယုံရတော့ဘူး။ KBZ စင်တာမှာလည်း ဝန်ဆောင်ခပေးရတာတောင် လိုသလောက်မရဘူး"လို့ ရန်ကုန်မြို့ တာမွေမြို့နေသူတဦးက ပြောပါတယ်။

 

ဘဏ်တွေမှာ ငွေထုတ်ပါက နာရီ နီးပါးကြာမြင့်တာ ငွေထုတ်လို့မရတဲ့ အခြေနေတွေကြောင့် ရပ်ကွက်အတွင်းဖွင့်ထားတဲ့ ငွေကြေးဝန်ဆောင်မူလုပ်ငန်းဆိုင်တွေမှာလည်း အရင်ကတသိန်းကျပ်ကို တထောင်နူန်းပေးနေရာကနေ နှစ်ထောင်ကျပ်ပေးရတဲ့ထိစျေးမြင့်တက်သွားပြီး အကန့်သတ်နဲ့သာ ထုတ်ပေးနေတယ်လို့ပြည်သူအချို့က ပြောပါတယ်။

 

ပြင်ပမှာငွေလဲပါက ရာခိုင်နူန်းမြင့်တက်နေတဲ့အခြေနေအပြင် ငွေထုတ်ယူခွင့် ကန့်သတ်ချက်ပိုမိုဆိုးရွားနေတာကြောင့် နေ့စဥ်ငွေသားထုတ်သုံးစွဲနေရတဲ့ လုပ်ငန်းလုပ်သူတွေ အကြပ်အတည်းပိုတွေ့လာတယ်လို့ ဆိုကြပါတယ်။

 

ဆောက်လုပ်ရေးလုပ်ငန်းလုပ်သူတွေဆိုရင် နေ့စားအလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို နေ့စဥ်ငွေသားနဲ့ရှင်းနေရတာကြောင့် ပိုမိုဒုက္ခရောက်နေရတယ်လို့ လုပ်ငန်ရှင်အချို့ကပြောပါတယ်။

 

"ဆောက်လုပ်ရေးဆိုက်တခုမှာ နေ့စားအလုပ်သမားတွေက လူ ၅၀ ရှိတယ် ပန်းရံ လက်သမား ဝရိန်စတာတွေက ငွေပေးနေရတာ။ နေ့စဥ်ငွေကလိုနေတာ။ ခုငွေထုတ်ရတာကန့်သတ်ချက်ပိုများလာလို့ လိုအပ်တဲ့ငွေကို ရုံးကလူတွေရဲ့စာအုပ်ကနေထုတ်ခိုင်းရတာမျိုး ပြင်ပကနေရာနှုန်းပေးပြီး ထုတ်ပေးရတာမျိုးလုပ်နေရတယ်။ သိန်း ၅၀ ထုတ်ရင်တစ်ကျပ်နှုန်းပေးရရင်တောင် သောင်းကုန်နေပြီ။ ၅သောင်းဆိုတာ လူ ယောက်ရဲ့ တနေ့လုပ်ခဖြစ်နေတဲ့အခြေနေ"လို့လုပ်ငန်းရှင်တဦးက ပြောပါတယ်။

 

KBZဘဏ်ကနေ တရားဝင်ဖွင့်ထားတဲ့ Kpay ငွေလွှဲစင်တာတွေမှာလည်း ဝန်ဆောင်ခပေးပြီးထုတ်တာတောင် လိုသလောက်မထုတ်ပေးဘဲ ၁၀သိန်းထိအများဆုံးကန့်သတ်ထားတဲ့အပြင် ငွေထုတ်သူရဲ့နံမည် မှတ်ပုံတင်ကအစ မှတ်တမ်းတင်ထားတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

 

သိန်း ၅၀ ထုတ်ရင်တစ်ကျပ်နှုန်းပေးရရင်တောင် သောင်းကုန်နေပြီ။ ၅သောင်းဆိုတာ လူ ယောက်ရဲ့ တနေ့လုပ်ခဖြစ်နေတဲ့အခြေနေ

 

 

ဇူလိုင်လ ရက်နေ့က စစ်ကောင်စီက ရိုးမ၊ ဧရာ၀တီ၊ UAB မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ် အပါအဝင် ဘဏ် ခုကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် အိမ်ရာချေးငွေတွေ ထုတ်ချေးခဲ့တဲ့အတွက် အရေးယူမယ်လို ကြေညာခဲ့ပါတယ်။

 

ဇူလိုင်လ ၁၀ရက် မှာတော့ ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေ၊ CEO ဦးဘမောင်စိန် အပါအဝင် ဒါရိုက်တာ ဦးကို ငွေကြေးခဝါချမှုနဲ့ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် Yoma Bankဘက်ကတော့ ငြင်းဆိုထားပါတယ်။

 

ဒီလိုထုတ်ပြန်ထားပေမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရိုးမဘဏ်မှာငွေထုတ်သူတွေပိုမိုများပြားခဲ့ပြီး အများစုထုတ်မရခဲ့ဘူးလို့ ရိုးမဘဏ်အသုံးပြုသူအချို့က ပြောပါတယ်။

 

"မနက်ဆယ်နာရီကဘဏ်သွားတာ စာအုပ်နဲ့ရော ATMကတ်နဲ့ပါထုတ်မရခဲ့ဘူ။ တုံကင်ပြည့်ပြီလို့ပြောတယ်။တနေရာမှ ထုတ်မရခဲ့ဘူး"လို့ ရိုးမဘဏ်အသုံးပြုသူတဦးက ပြောပါတယ်။

 

ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းကလည်း ငွေလာထုတ်သူဦးရေ တရက်ကို လူဦးရေဘယ်လောက်ကို ထုတ်ပေးရတယ်ဆိုတာ သေချာမသိဘဲ ငွေရှိသလောက်သာထုတ်ပေးရတဲ့ အနေအထားမို့ ငွေထုတ်သူတွေရဲ့ ဝေဖန်မူတွေနေ့စဥ်ဖြေရှင်းပေးနေရတယ်လို့ ဘဏ်ဝန်ထမ်းအချို့က ပြောပါတယ်။

 

"နေ့လည် ၁၂ နာရီမထိုးခင် သတ်မှတ်ထားတဲ့ငွေက ထုတ်ပေးလို့ကုန်နေပြီ။ စပယ်ရှယ်စာအုပ်ကလည်း တပတ် သိန်းလား ဆယ်သိန်းလားဘယ်လောက် ထုတ်ပေးရမယ်ဆိုတာ သေချာမပြောထားဘူး၊ ငွေလာထုတ်သူကမေးရင် နောက်ရက်ထပ်လာကြည့်ဖို့ပဲ ပြောပေးရတယ်။ ဗဟိုဘဏ်ညွှန်ကြားထားတာဖြစ်လို့ ပိုထုတ်ပေးလို့မရတော့ ကာစတန်မာတွေကို မျက်နှာပျက်နေရတယ်"လို့ KBZဘဏ် မန်နေဂျာတဦးက ပြောပါတယ်။

 

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီးအောင်လင်းဒွေးနဲ့ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေဇူလိုင်လ၁၀ရက်နေ့က တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

ဒီလိုတွေ့ဆုံရာမှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ စည်းမျဉ်းစည်းကမ်း၊လုပ်ထုံးလုပ် နည်းတွေကို ဖောက်ဖျက်ပါက အရေးယူမယ်လို့ဆိုပြီး၊ ပြည်သူတွေအနေနဲ့လည်း မလိုအပ်ဘဲ ငွေကြေးများစွာ ထုတ်ယူပြီး ကောလဟလ သတင်းတွေကို စိုးရိမ်ပြီးငွေကြေး ထုတ်ယူတာတွေကို မလုပ်ကြဖို့ပြောခဲ့ပါတယ်။

 

ငွေကြေးကန့်သတ်မှုတွေ တင်းကြပ်ပြီးတဲ့နောက်ရွှေအရောင်းဆိုင်တွေမှာ အခေါက်ရွှေလာဝယ်သူတွေ Kpay နဲ့ရှင်းပါက ရာခိုင်နှုန်း ပိုပေးငွေချေခဲ့ရတာ၊ အွန်လိုင်းရှော့တွေမှာ ငွေသားပဲလက်ခံတာတွေရှိလာတယ်လို့ ပြည်သူအချို့က ပြောကြပါတယ်။

 

"နောက်ဆိုတပတ်ကို နှစ်သိန်းပဲထုတ်လို့ရမယ်လို့ ကန့်သတ်တာမျိုးထိဖြစ်လာမှာစိုးရိမ်လို့ အချို့က Kpay တို့မိုဘိုင်း Banking ကနေဝယ်လို့ရတဲ့ရွှေဆိုင်တွေမှာသွားဝယ်ကြတယ်။ ဘဏ်ကိုမယုံကြည်ကြတော့ဘူး။ ငွေသားသွင်းထားရတဲ့ စပယ်ရှယ်အကောင့်တောင် ကန့်သတ်ထားတော့ ပြည်သူတွေတော်တော်အခက်တွေ့ကြရတဲ့အခြေနေတခုဖြစ်နေတယ်"လို့ ရန်ကင်းမြို့နယ်နေသူ တဦးက ပြောပါတယ်။

 

Burma Associated Press

မြန်မာ
ကမ္ဘောဇဘဏ်
ကေပေး
ရိုးမဘဏ်

Share With
bap-logo