bap-logo
Education

အွန်လိုင်းကျောင်း ၁၄ ခုကို ကြားကာလ အခြေခံ ပြည်သူ့ပညာရေးကျောင်းအဖြစ် NUG ထပ်မံကြေညာ

RBEhvVwtXmUtpfBKNBNkA-image

လွန်ခဲ့သော ၂ နှစ် က

ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြု မူဝါဒများကို လိုက်နာဆောင်ရွက်မည်ဟု ကတိပြုထားသော အွန်လိုင်းကျောင်း ၁၄ ခုကို ကြားကာလအခြေခံပြည်သူ့ပညာရေးကျောင်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

 

ကြားကာလအခြေခံပြည်သူ့ပညာရေးကျောင်းအဖြစ် သတ်မှတ်ခံရသည့်ကျောင်းများမှာ ၁။ Launglone Free Online Class Education School၊ ၂။ Madaya Federal School(မတ္တရာ ဖက်ဒရယ်ကျောင်း)၊ ၃။ Kamayut Board Home-Base Learning School၊ ၄။ YAUNG NI FEDERAL SCHOOL (ရောင်နီ ဖက်ဒရယ်ကျောင်း)၊ ၅။  Kawkareik Federal School(ကော့ကရိတ်ဖက်ဒရယ်ကျောင်း)၊ ၆။ Academic Freedom Online Learning Center၊ ၇။ Koh-Tao Online School၊ ၈။ Yangon Federal School၊ ၉။ Garden of Love(GOL) School၊ ၁၀။ Mogok Federal School( မိုးကုတ်ဖက်ဒရယ်ကျောင်း)၊ ၁၁။ Freedom Myanmar Education-School of Basic Education(FME-SoBE)၊ ၁၂။  Putao Federal School(ပူတာအိုဖက်ဒရယ်ကျောင်း)၊ ၁၃။ Victory Land Federal Schoolနှင့် ၁၄။ PNFC ၏ ကြားကာလ အခြေခံပညာ အခမဲ့ online စာသင်ကျောင်းတို့ ဖြစ်သည်။

 

စိစစ်ဆဲအွန်လိုင်းကျောင်းများကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မြေပြင်ပြည်သူ့ပညာရေးကျောင်းများ ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

အဆိုပါ ၁၄ ကျောင်းအပါအဝင် NUGက ကြေညာထားသည့် ကြားကာလအခြေခံပြည်သူ့ပညာရေးကျောင်း စုစုပေါင်း ၆၂ ကျောင်း ရှိပြီဖြစ်သည်။

 

ကြားကာလအခြေခံပြည်သူ့ပညာရေးကျောင်း ၆၂ ကျောင်းကို ၂၀၂၃ နှစ်စပိုင်းအတွင်း ကြေညာခဲ့ခြင်း ဖြစ်ကာ ဇန်နဝါရီလ ၂၃ ရက်တွင် ၃၃ ကျောင်း၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ၁၅ ကျောင်း၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ၁၄ ကျောင်း အသီးသီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Burma Associated Press

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
အွန်လိုင်း ပညာရေး

Share With
bap-logo