bap-logo
Politics

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် ထောင်ဒဏ် ၇ နှစ်စီ ထပ်မံချမှတ်ခံရ

Oy5HM8uGCNeAcSr5Fefpr-image

လွန်ခဲ့သော ၂ နှစ် က

ဒီဇင်ဘာ ၃၀

 

နေပြည်တော်အကျဉ်းထောင်ရှိ အထူးတရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ် နှစ်စီ ထပ်မံချမှတ်ခဲ့ကြောင်း နေပြည်တော်တရားရုံး အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။

 

NLD အစိုးရလက်ထက်က သဘာ၀ဘေးအန္တရာယ်ကာကွယ်ရေးတွင် အသုံးပြုရန် ရဟတ်ယာဉ် ငှားရမ်းဝယ်ယူ မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တရားစွဲထားသည့် အဂတိမှုငါးမှုအတွက် အပြီးသတ် အမိန့်ကို ယနေ့နံနက်က ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့နှစ်ဦးကို စွဲဆိုထားသည့်အမှု ၅ မှုအနက် မှုအတွက် ထောင်ဒဏ် နှစ် တပေါင်းထဲကျခံရန် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်တစ်မှုအတွက် နှစ် ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများကဆိုသည်။ ထို့နောက် ၎င်းတို့နှစ်ဦး ယနေ့ချမှတ်ခံရသည့် ထောင်ဒဏ်မှာ နှစ်ဖြစ်သည်။

 

အခုအမှုသည် ဒေါ်အောင်ဆန်းစုကြည်ကို တသီတတန်းစွဲဆိုထားသည့် အမှုပေါင်း ၁၉ မှုအနက်မှ လက်ကျန် နောက်ဆုံးအမှုများဖြစ်သည်။

 

ထိုအမှုငါးမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့သည် ရဟတ်ယာဉ်တစ်စီးကို ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင် ထိန်းသိမ်းမှုလုပ်ရန် ခွင့်ပြုချက်ပေးခဲ့ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်မညီဘဲ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံတော် ငွေကြေးဆုံးရှုံးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

 

စစ်တပ်က အာဏာသိမ်းပြီးနောက် အသက် ၇၈ နှစ်ထဲရောက်နေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်ကျခံရန် အမိန့်ချမှတ်ခံထားရပြီးဖြစ်ရာ နောက်ဆုံးချလိုက်သည့် ထောင်ဒဏ်နှင့် ပါဆိုလျှင် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ်ကို ကျခံရဖွယ်ရှိနေသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် နိုင်ငံရေးလေ့လာသူများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်း၊ ထောင်ဒဏ်များ ချမှတ်ခြင်းသည် စစ်ကောင်စီက ၂၀၂၃ တွင် ကျင်းပမည်ဟု ကတိပေးထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ပါဝင်နိုင်ခြင်း မရှိစေရန်၊ ၎င်းအား နိုင်ငံရေးလောကထဲ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိစေရန်နှင့် ၂၀၂၁ အာဏာသိမ်းမှုကို တရားဝင်စေရန် ကြိုးစားသည့် ဆောင်ရွက်ချက်သာဖြစ်ကြောင်း ပြောဆိုထားကြသည်။

 

ယနေ့ တရားရုံးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ နှစ်ဦးလုံး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း တရားရုံးအသိုင်းအဝိုင်းက ဆိုသည်။

 

Burma Associated Press

 

အောင်ဆန်းစုကြည်
ဦးဝင်းမြင့်
အမိန့်ချ
စစ်ကောင်စီ

Share With
bap-logo