Crime
စစ်ကိုင်းတွင် နေအိမ်မီးလောင်မှုကြောင့် အသက် ၄၀ ခန့်ရှိ အမြွှာညီအကိုနှစ်ဦး သေဆုံး
လွန်ခဲ့သော ၃ နှစ် က
စစ်ကိုင်းတွင် နေအိမ်မီးလောင်မှုကြောင့် အသက် ၄၀ ခန့်ရှိ အမြွှာညီအကိုနှစ်ဦး သေဆုံး
စစ်ကိုင်း ၊ ဇန်နဝါရီ - ၃
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ နန္ဒဝန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီး အမြွှာညီအကို ၂ ဦး ပိတ်မိ သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
ယနေ့ နံနက် ၁ နာရီက စတင်ပြီး နန္ဒဝန်ရပ်ကွက် ၃လမ်းရှိ နှစ်ထပ်တိုက်နေအိမ် တစ်လုံး စတင် မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် မီးကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။
" အိမ်အောက်က လူတွေကတော့ အကုန်ထွက်ပြေးလို့ လွှတ်သွားတယ်အဲဒီညီအကို နှစ်ယောက်ပဲ အပေါ်ထပ်မှာ ပိတ်မိနေခဲ့တာပေါ့။ မီးခိုတွေကြောင့် မပြေးနိုင်တော့တာထင်တယ် " လို့ ၎င်းက ပြောသည်။
သေဆုံးသွားသော အမျိုးသား ၂ ဦးမှာ အသက် ၄၀ နှစ်ခန့်ရှိကြောင်း၊ မီးလောင်မှုမှာ အချိန် ၁ နာရီကျော်ခန့် ကြာမြင့်ပြီး လျှပ်စစ်ဝါယာရှော့ကြောင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရသည်။
Burma Associated Press
Photo - လူမှုကယ်ဆယ်ရေးအသင်း
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က