Crime
မန္တလေးတွင် အသက် ၆၀ ကျော်အမျိုးသမီး တစ်ဦးလုယက်သတ်ဖြတ်ခံရပြီး သေဆုံး
လွန်ခဲ့သော ၃ နှစ် က
မန္တလေး ၊ ဒီဇင်ဘာ - ၂၃
မန္တလေးမြို့ အမရပူရမြို့နယ်မှ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးနေအိမ်အတွင်း လုယက်သတ်ဖြတ် ခံခဲ့ရပြီးသေဆုံးခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။
ယမန်နေ့ ည ၈ နာရီ ခန့်တွင် မှန်တန်းရပ်ကွက်၊ဝက်ကုန်းရပ်ရှိနေအိမ် တစ်လုံးတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး လည်ပင်းညိုမဲ၊ နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဥ်မှာ အဒေါ်ဖြစ်သူနှင့် သမီးဖြစ်သူ အကြွေးတောင်းပြန်လာစဉ် မိခင်မှာ အိမ်ဦးခန်းရှိ တီဗီရှေ့ ကွပ်ပျစ်ပေါ်တွင် ပါးစပ်အတွင်းသနပ်ခါးတုံးထည့်လျှက် နှားခေါင်းသွေးထွက်ကာ လည်ပင်းညိုမဲ ဒဏ်ရာများဖြင့် သေဆုံးနေပြီးလည်ပင်း၌ ဆွဲထားသောအလေးချိန် ၄ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး ပျောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" အိမ်ထဲမှာ အဲဒီအမျိူးသမီးတဦးတည်းရှိနေချိန် ဝင်ပြီးသနပ်ခါးတုံးနဲ့ ထုသတ် ဆွဲကြိုးယူသွားတာ လို့သိရပါတယ် " ဟု ပရဟိတအသင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
Burma Associated Press
Top News
လွန်ခဲ့သော တစ်ရက် က
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က