bap-logo
Weekly

တစ်ပတ်အတွင်း နိုင်ငံတကာသတင်း ကောက်နှုတ်ချက်

I9il019pWNuyM30bs8cso-image

လွန်ခဲ့သော ၂ နှစ် က

တူရကီနိုင်ငံတောင်ပိုင်းနှင့် ဆီးရီးယားအနောက်မြောက်ပိုင်းတို့တွင် ရစ်ချ်တာစကေး ၈ ဒသမ ၇ ပြင်းအားရှိ ငလျင် လှုပ်ခတ်ပြီးနောက် လေးရက်အကြာတွင် ကယ် ဆယ်ရေးသမားများက ပြိုကျပျက်စီးနေသည့် အ ဆောက်အအုံအပျက်အစီးများထဲမှ ၁၀ ရက်သား ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိခင်တို့ကို ဆွဲထုတ်ခဲ့ကြသည်။

 

ဆယ်စုနှစ် နှစ်ခုအတွင်း ဒေသတွင်းအသေအပျောက်အများဆုံး ငလျင်လှုပ်ခတ်ပြီးနောက် သောကြာနေ့ ထိ သေဆုံးသူ ၂၂,၀၀၀ ကျော်ထိ မြင့်တက်လာခဲ့သည်။

 

ဆိုးရွားလှသော ဆောင်းရာသီတွင် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး ငလျင်ဒဏ်မှ သက်သာရာ ရစေရန် နိုင်ငံပေါင်းစုံမှ ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီဖို့ အပူတပြင်း လုပ်ဆောင်လျှက် ရှိသည်။

 

အမေရိကန်အစိုးရသည် တူရကီ-ဆီးရီးယားငလျင်ဒဏ်သင့် ဒေသများသို့ အရေးပေါ်အကူအညီ အမေရိကန် ဒေါ်လာ ၈၅ သန်း ပေးအပ်မည်ဖြစ်ပြီး ဆီးရီးယားသို့ ဘေးဒုက္ခကယ်ဆယ်ရေး ထောက်ပံ့မှုဆိုင်ရာ ငွေကြေး လွှဲပြောင်းပေးအပ်မှုအားလုံးကို ခြောက်လကြာ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ပေးမည်ဟု ကြေညာခဲ့သည်။

 

ကမ္ဘာ့ကုလသမဂ္ဂသည် သေကြေပျက်စီးမှုအလွန်ကြီးမားသည့် ငလျင်လှုပ်ခတ်မှုအပြီး ဆီးရီးယားရှိ သူပုန်ထိန်း ချုပ်ရာဒေသများသို့ သင့်လျော်သော လူသားချင်းစာနာမှု အကူအညီပေးအပ်ရန် ပျက်ကွက်ခဲ့ကြောင်း ဆီးရီးယား အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး "အဖြူရောင်ဦးထုပ်များ" အဖွဲ့က ပြောကြားခဲ့သည်။

 

ဆွစ်ဇာလန်နိုင်ငံသည် ယူကရိန်းသို့ ဆွစ်ဇာလန်လုပ် လေ ယာဉ်ပစ်သေနတ်များ ပြန်လည်တင်ပို့ခွင့်ပြုရန် စပိန်၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။

 

အမေရိကန်ဦးဆောင်သည့် အနောက်နိုင်ငံများက ယူက ရိန်းကျူးကျော်စစ်ကြောင့် ရုရှားရေနံဈေးနှုန်း ကန့်သတ် လိုက်ပြီးနောက် ရုရှားသည် လာမည့်မတ်လမှစ၍ တစ်နေ့လျှင် ရေနံစည် ၅၀၀,၀၀၀ သို့မဟုတ် ရေနံ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်းဝန်းကျင် လျှော့ချမည်ဟု ကြေညာခဲ့သည်။

 

ယူကရိန်းသမ္မတ ဗလော်ဒီမာဇလန်းစကီးသည် ဗြိတိန်မှတစ်ဆင့် အနောက်နိုင်ငံများကို ရုတ်တရက် သွားရောက် လည်ပတ်ပြီးနောက် ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဒုံးကျည် များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

 

တရုတ်ကွန်မြူနစ်ပါတီနှင့် ထိုင်ဝမ်ကူမင်တန် နှစ်ပါတီစလုံးသည် ထိုင်ဝမ်လွတ်လပ်ရေး ကြေညာမည့် အစီအစဉ်နှင့် ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်သင့်သည်ဟု တရုတ်ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

 

ထိုင်ဝမ်အစိုးရသည် တရုတ်ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူကာ ကိုယ်ပိုင် တိုက်ခိုက်ရေးဒရုန်းများ အရှိန်မြှင့်ထုတ်လုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

မြောက်ကိုရီးယားသည် တပ်မတော်ထူထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ စွမ်းအား အကြီးဆုံး တိုက်ချင်းပစ်လက်နက် Hwasong-17 ပဲ့ထိန်းဒုံးကျည်များ ၁၀ စင်းထက်မနည်း မကြုံစဖူး ထုတ်ဖော်ပြသခဲ့သည်။

 

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ယူကရိန်းသမ္မတ ဇလန်းစကီးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမည် မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ်ဟောင်း Naftali Bennett အား ပြောကြားခဲ့ကြောင်း အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

 

တောင်ကိုရီးယားတရားရုံးတစ်ခုသည် ၁၉၇၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ဗီယက်နမ်စစ်ပွဲအတွင်း နှိပ်စက်ညှဉ်းပန်းခံခဲ့ရသည့် ဗီယက်နမ်လူမျိုးတစ်ဦးအတွက် လျှော်ကြေးပေးရန် တောင်ကိုရီးယားအစိုးရကို အမိန့်ချခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ စတင်ခဲ့သည့် ဒီမိုကရေစီထောက်ခံဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် လူငယ် ၂၀၀ ကျော်သည် နိုင်ငံတော်အကြည်အညိုပျက်အောင် ပြု လုပ်မှုအပါအဝင် ကြီးလေးသောရာဇဝတ်မှုဆိုင်ရာ စွဲ ချက်များနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြခဲ့သည်။

 

၂၀၁၄ ခုနှစ်က ရုရှားလိုလားသော ခွဲထွက်ရေးသမားများက မလေးရှားလေကြောင်းခရီးစဉ် MH17ကို ပစ်ချရာ တွင်အသုံးပြုသည့် ဒုံးကျည်ကို ရုရှားသမ္မတ ပူတင်ခွင့်ပြုခဲ့ကြောင်း ခိုင်မာသည့်လက္ခဏာတွေ့ရှိထားကြောင်း နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားခဲ့သည်။

 

အမေရိကန်နှင့် အာရှမဟာမိတ်တပ်ဖွဲ့များသည် နှစ်ပေါင်းများစွာ ပူးတွဲစစ်ရေးလေ့ကျင့်ပြီးနောက် တိုက်ပွဲရန်အသင့်အနေအထား ရောက်ရှိနေပြီဖြစ်ပြီး ရန်စကျူး ကျော်လိုသည့် တရုတ်နှင့် မြောက်ကိုရီးယားလို နိုင်ငံများအနေဖြင့် ရုရှား၏အထိနာမှုမျိုးကို သတိပြုသင့်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

 

ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်များသည် ခိုလှုံခွင့်လျှောက်ထားမှု ငြင်းပယ်ခံထားရသူများကို အလွယ် တကူနှင်ထုတ်ရန် ရည်ရွယ်သည့် တင်းကျပ်သောစည်းမျဉ်းများချမှတ်ရန် သဘောတူခဲ့ကြောင်း ဥရောပ ကော်မရှင်ဥက္ကဌအကြီးအကဲ အူဇလာဗန်ဒါလေးယင်းက ပြောကြားခဲ့သည်။

 

ပုံစာ - တူရကီ ငလျင်အပျက်အစီးကြားမှ ကယ်တင်ခဲ့သည့် ၁၀ ရက်သား ကလေးငယ်။

Burma Associated Press

 

 

 

တူရကီ
ထိုင်ဝမ်
ရုရှား
ဆီးရီးယား
ကုလသမဂ္ဂ
ယူကရိန်း
ငလျင်
မြောက်ကိုရီးယား

Share With
bap-logo