bap-logo
Politics

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း အသုံးမပြုရန် ကေအဲန်ယူ စာထုတ်

EclTDIMTXzf0e7Wg4D1YS-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၁၆

 

ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးဒေသတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား နေသည့်အတွက် ယနေ့ ဇန်နဝါရီလ ၁၆ ရက်မှ ၂၃ ရက်အထိ (ရှစ်ရက်ကြာ) ကာလအတွင်း ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ လမ်းကို အသုံးမပြုရန် ကေအဲန်ယူက အသိပေးသည်။

 

ခရီးသွားပြည်သူများ သွားလာရာတွင် အလွန်အန္တရယ်ရှိသည့် အခြေအနေ ဖြစ်သည်ဟု ကေအဲန်ယူ၊ ဒူးပလာယာ ခရိုင် အတွင်းရေးမှုး စောလစ္စတန် လက်မှတ်ထိုးထားသည့် စာတွင် အသိပေးထားသည်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ရက် (လွတ်လပ်ရေးနေ့)တွင် ကြာအင်းဆိပ်ကြီး အခြေစိုက် စစ်ကောင်စီတပ်များ ဖြစ်သည့် ခလရ ၃၂ ခလရ ၂၈၃ နှင့် ခလရ ၂၈၄ တို့ကို တော်လှန်ရေးတပ်ပေါင်းစုများက ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ယာယီတပ်ရင်းမှူးတစ်ဦး သေဆုံးပြီး နှစ်ဖက် အကျအဆုံး များခဲ့သည်။

 

ယခုနှစ်အစပိုင်းတွင်လည်း ကေအဲန်ယူ၊ တပ်မဟာ နယ်မြေအတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများ ဇန်နဝါရီလ ၁၀ ရက် နောက်ဆုံးထားနုတ်ထွက်ရန် အသိပေးမှုရှိခဲ့သည်။

 

ပုံစာ - ကေအဲန်ယူ၊ ဒူးပလာယာခရိုင်က ထုတ်ပြန်သည့် အသိပေးစာ

 

Burma Associated Press

 

 

ကေအဲန်ယူ
စစ်တပ်
အရပ်သား

Share With
bap-logo