bap-logo
Opinion

မြန်မာ့အရေး မှားယွင်းသော ချဉ်းကပ်မှု

DR3yDQGWBp9V4IUb4-zmj-image

လွန်ခဲ့သော တစ်နှစ် က

 

ထိုင်းနိုင်ငံ၏ ဒု ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Parnpree Bahiddha-Nukara က မြန်မာ့လက်ရှိအခြေအနေနှင့် ဒေသတွင်း တုန့်ပြန်မှုတို့ကို မကြာသေးမီက ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပြီး သတင်းစာတွင် ဖော်ပြခဲ့သည်။

 

အပေါ်ယံတွင် ဝန်ကြီး၏ စကားလုံးများသည် သက်ဆိုင်သူများပါဝင်လာစေရေး လက်တွေ့ကျသည်ဟု ထင်မြင်ရသော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍ အစစ်အမှန်ကို လျစ်လျူရှု၍ ၎င်းတို့သည် လူသတ်နေသည့် စစ်အာဏာရှင်ကို တရားဝင်စေရေးနှင့် ကျားကန်အားပေးရန်သာဖြစ်သည်။

 

ထိုင်းဝန်ကြီး၏ မြန်မာနိုင်ငံခြားဂေးဝန်ကြီးနှင့် သွေးစည်းညီညွတ်ရေး ပြောဆိုမှုမှာ ဒုက္ခပွားစေရန်သာ ဖြစ်သည်။ ပြည်တွင်းစစ်အတွင်း သုံးနှစ်တာ စစ်တပ်ကျူးလွန်ခဲ့သော ရက်စက်ယုတ်မာမှုများကြောင့် အရပ်သား အနည်း ဆုံး ၂၀,၀၀၀ သေဆုံးစေခဲ့ပြီး ပြည်တွင်းနှင့် ပြည်ပ နေရပ်စွန့်ခွာပြောင်းရွှေ့ရသူပေါင်း ၂ သန်း ခန့် ရှိလာသည်။ မရေတွက်နိုင်သော အိမ်များနှင့် လုပ်ငန်းများ ဖျက်ဆီးခံခဲ့ရသော်လည်း Khun Parnpree စစ်အာဏာရှင်နှင့် ၎င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးကို ဆက်လက် တရားဝင်အသိအမှတ်ပြုနေခြင်း လွန်စွာ မသင့်လျော်သော်လည်း အကြောင်းမလှစွာဖြင့် အံ့ဩဖွယ်ရာလည်း မဟုတ်ချေ။

 

မြန်မာနိုင်ငံ၏ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဒီမိုကရေစီနှင့် စီးပွားရေးတိုးတက်မှုများ ပြေလျော့ပျက်စီးခဲ့ရပြီး အကျပ်အတည်း အဆုံးသတ်ရေး မမြင်တွေ့နိုင်သေးဘဲ မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ ဖြစ်ခဲ့ရသည်၊ မည်သူ့တွင် တာဝန်ရှိသည်ကို ဝန်ကြီက ဖော်ပြရန် ပျက်ကွက်ခဲ့သည်။

စစ်အာဏာရှင်ဘက်မှ အကြမ်းဖက်မှုများ ရပ်တန့်၍ ဒီမိုကရေစီအစိုးရကို အာဏာပြန်ပေးခြင်းဖြင့် ငြိမ်းချမ်းရေး ရယူနိုင်သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းနည်းလမ်းကို လျစ်လျူရှုထားသည်

 

ဒီမိုကရေစီ၊ လူမှုအသိုင်းအဝန်းနှင့် ဘဝပေါင်း သန်းချီ ပျက်စီးခဲ့ရခြင်း၏ တစ်ဦးတည်းသော အကြောင်းရင်းမှာ စစ်အာဏာရှင်သာ ဖြစ်သည်ကို အသိအမှတ်ပြုရန် ငြင်းပယ်ခြင်းသည် အစိုးရ၏ ယုံကြည်စိတ်ချရမှုကို ကိုယ်တိုင် ထိခိုက်စေခြင်းပင်ဖြစ်သည်။ ဝန်ကြီး၏ မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်အာဏာရှင်ကို ယေဘုယျသဘော လုပ်ပိုင်ခွင့်တိုးမြှင့်ပေးခြင်းကို လက်ခံကျင့်သုံးလိုက်ခြင်းအားဖြင့် Khun Parnpree သည် စစ်အာဏာရှင်၏ လုပ်ရပ်များကို ခွင့်ပြုသဘောတူလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းအချက်က ပဋိပက္ခများ မကြာမီ အဆုံးသတ်သွားနိုင်သည်ဟူသည့် အချက်ကိုလည်း လျစ်လျူရှုရာရောက်သည်။ စစ်အာဏာရှင်ဘက်မှ အရပ် သားများအပေါ် ရက်စက်မှုများ ကျူးလွန်နေခြင်းကို ရပ်တန့်ခြင်း၊ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ထားသော အစိုးရကို အာဏာပြန်ပေးခြင်းနည်းလမ်းတို့ဖြင့် ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်သည်။ (စစ်အာဏာရှင်ဘက်မှ အကြမ်းဖက်မှုများ ရပ်တန့်၍ ဒီမိုကရေစီအစိုးရကို အာဏာပြန်ပေးခြင်းဖြင့် ငြိမ်းချမ်းရေး ရယူနိုင်သော်လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းနည်းလမ်းကို လျစ်လျူရှုထားသည်။)

 

မြန်မာနိုင်ငံသည် အင်အားကြီးသူများ၏ ကြိုးဝိုင်းဖြစ်လာမည်ဟု စိုးရိမ်ကြသည်မှာလည်း နည်းလမ်းကျပါသည်။ မြန်မာနိုင်ငံမှ သဘာဝအရင်းအမြစ်များကြွယ်ဝမှုအပြင် အရှေ့တောင်အာရှနှင့် တောင်အာရှကို ချိတ်ဆက်ပေးထားသည့် တည်နေရာအနေအထား၊ နိုင်ငံနှင့် ပွင့်လင်း ထိစပ်နေသည့် ကျယ်ပြန့်သော ရေပြင်တို့အရ မြန်မာနိုင်ငံသည် ဒေသတွင်‌ အင်အားအကြီးဆုံးနိုင်ငံများအတွက် သိသာထင်ရှားစွာ အရေးပါသည့် အနေအထားကို ကိုယ်စားပြုနေသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသည် ကြိုးဝိုင်းအတွင်း တက်ကြွစွာ ပါဝင်သူတစ်ဦးဖြစ်လာပြီး ရှိရင်းစွဲ ထောက်ပံ့ကူညီမှုထက် အနည်းငယ်သာ ပိုခဲ့သည်။

 

အာဏာသိမ်းပြီးနောက် စစ်တပ်က မြန်မာလူထုကို တိုက်ခိုက်နေသည့် စစ်ပွဲမျက်နှာစာများစွာတွင် အသုံးပြုနိုင်ရန် ဒေါ်လာ သန်းဆယ်ဂဏန်းများစွာ တန်ဖိုးရှိသည့် လက်နက်များ၊ စစ်အသုံးအဆောင်များနှင့် ကုန်ကြမ်းများ ထိုင်းနိုင်ငံက စစ်တပ်သို့ တင်ပို့ခဲ့သည်။ ယင်းအပြင် ထိုင်းစစ်တပ်သည် အရေအတွက် ဖော်ထုတ်ပြောဆိုခြင်းမရှိသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်အဖြစ်နှင့် နိုင်ငံရေးအရ ခိုလှုံရန် လာရောက်သူများကို ပြန်ပို့ခဲ့ရုံသာမက နိုင်ငံတွင်း ဝင်ရောက်လာသူများကို အင်အားသုံး ပြန်လှည့်စေခဲ့ခြင်းဖြင့် မြန်မာစစ်တပ်ကို ကူညီခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းများကြောင့် စစ်အာဏာရှင်လက်တွင်း သေဆုံးရသည့် အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။ ယခုကဲ့သို့ ပြည်ပလွှမ်းမိုးမှုကို ကျော်လွန်၍ အသစ်ဖြစ်ပေါ်လာသည့် စိုးရိမ်မှုများ လွန်ခဲ့သည့် သုံးနှစ်ကသာ ဖြစ်ပေါ်ခဲ့ပါက ယခုအခါတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုများအကြောင်း ပြောဆိုနေနိုင်မည် ဖြစ်သည်။

ပြည်ပလွှမ်းမိုးမှုကို ကျော်လွန်၍ အသစ်ဖြစ်ပေါ်လာသည့် စိုးရိမ်မှုများ လွန်ခဲ့သည့် သုံးနှစ်ကသာ ဖြစ်ပေါ်ခဲ့ပါက ယခုအခါတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုများအကြောင်း ပြောဆိုနေနိုင်မည် ဖြစ်သည်

 

ဝန်ကြီးက လူသားချင်းစာနာမှု အထောက်အကူပြုမှုများ တိုးမြှင့်ရန်၊ နှစ်နိုင်ငံ စီမံကိန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ထိခိုက်နာကျင်ပြီး နေရပ်စွန့်ခွာခဲ့ရသည့် အရပ်သား သန်းပေါင်းများစွာအတွက် လူသားချင်းစာနာမှုအထောက်အကူများမှာ မရှိမဖြစ်အရေးပါသော်လည်း ၎င်းစကားလုံးများနှင့် လုပ်ရပ်များသည် အနှစ်သရမရှိသည့် ဟောင်းလောင်းပေါက်သာ ဖြစ်သည်။ ၎င်းအထောက်အကူများနှင့် နယ်စပ်ဖြတ်ကျော် ကူညီပံ့ပိုးမှုများကို လုပ်ဆောင်နိုင်စွမ်းရှိသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (NGOs) နှင့် အရပ်ဘက်အဖွဲ့အစည်းအများ (CSOs) များ များစွာ ရှိသော်လည်း ထိုင်းအစိုးရက နှစ်များစွာ ဟန့်တားထားခဲ့သည်။

 

ယခင်လုပ်ရပ်များကို လျစ်လျူရှုခဲ့လျင်ပင် နယ်စပ်ဖြတ်ကျော်ရာဒေသများတွင် လိုအပ်သည်တို့ကို ထောက်ပံ့လုပ်ဆောင်ပေးရာတွင် အတွေ့အကြုံရှိသည့် ဒေသခံအဖွဲ့များ၊ အကူအညီလိုအပ်နေသည့် နယ်စပ်ဒေသ လူနည်းစု တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ၎င်းစီမံကိန်းသည် မည်မျှ လေးနက်ထိရောက်နိုင်ပါမည်နည်း။

 

ယင်းအပြင် ဝန်ကြီးက ၎င်းလူသားချင်းစာနာမှုအထောက်အပံ့များသည် အပစ်ရပ်ရေးဆီ ဦးတည်မည်ဟု မျှော်လင့်နေသေးသည်။ တကယ်တမ်းတွင်မူ ၎င်းကူညီထောက်ပံ့မှုများအတွက် ထိရောက်မှုနှင့် လုံခြုံမှုရှိသည်မှာ သေချာစေရန် အပစ်ရပ်ရေးလိုအပ်နေခြင်းဖြစ်သည်။ သုံးနှစ်ခန့်အကြာ မြန်မာနိုင်ငံမှ လူထုသည် အဆက်မပြတ် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဆေးဝါးကုသမှုနှင့် အထောက်အပံ့များ ရရှိမှု အားနည်းနေခဲ့သည်။ စစ်တပ်ကို ချက်ချင်း အပစ်ရပ်ရန် တွန်းအားမပေးနိုင်လျှင် လိုအပ်သူတို့အတွက် လူသားချင်းစာနာမှု အကူအညီမှန်သမျှ သေနတ်ဒဏ်ရာအတွက် အနာကပ် ပလာစတာမျှသာ ဖြစ်စေလိမ့်မည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တိုင်းရင်းသားလူနည်းစုအဖွဲ့များ စသည့် မြန်မာနိုင်ငံမှ အတိုက်အခံ အင်အားစုများ၏ တည်ရှိမှုကို လျစ်လျူရှုခြင်းအားဖြင့် နိုင်ငံရေးအရ အောင်မြင်မှုရရန် ဆွေးနွေးပြောဆိုခြင်းဖြင့် ကြီးမားကျယ်ပြန့်သည် မျော်မြင်နိုင်ခြင်းကို မေ့လျော့ထားသည့်အတွက် ခြုံငုံ၍ဆိုရလျှင် ထိုင်းအစိုးရသည် ဦးစားပေးအစီအစဉ်များ မှားယွင်းနေသည်။

 

အစိုးရက စစ်အာဏာရှင်နှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေလိုသည်ဆိုပါက အတိုက်အခံအင်အားစုများနှင့်လည်း မျှတညီညွတ်စွာ လုပ်ဆောင်မှု ရှိရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းပြောဆိုဆွေးနွေးမှုများသည် ထိရောက်မှု ရှိလာမည်မဟုတ်ချေ။

 

မကြာသေးမီလများအတွင်း အတိုက်အခံအင်အားစုများ၏ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိလာခြင်းက အကျပ်အတည်းကို အဆုံးသတ်ရန် ရှောင်လွှဲ၍ မရသည့် အခြေအနေများ ဖြစ်ပေါ်လာစေခဲ့သည့်အတွက် ထိုင်းနိုင်ငံနှင့် အာဆီယံခေါင်းဆောင်များက တိုက်ပွဲများ ရပ်တန့်ရေး၊ မြန်မာနိုင်ငံ ပြန်လည်တည်ဆောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြန်လည်ရရှိရေး အလေးပေးသည့် အဆုံးသတ်တစ်ခု ချက်ချင်း ဖော်ဆောင်သင့်သည်။

 

ကိုးကား - Bangkok Post

 

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များ (ARPH) ဘုတ်အဖွဲ့ဝင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya Bangkok Post မှ 'A wrong approach on Myanmar’ ကို ပြန်ဆိုသည်။

 

ပုံစာ - မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသူ ဒုက္ခသည်များ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာသို့ ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာစဉ်။ (Photo:REUTERS/Athit Perawongmetha)

 

Burma Associated Press

နိုင်ငံခြားရေးဝန်ကြီး
ဒု ဝန်ကြီးချုပ်
နိုင်ငံရေး
မြန်မာ
ထိုင်း

Share With
bap-logo