bap-logo
Data

ကရင်နီမှာ ကျဆုံးခဲ့သည့် Free Burma Rangers တပ်ဖွဲ့ဝင် ၈ ဦး ရှိပြီ

A_niHMqzQ62Nqni_GwDDj-image

လွန်ခဲ့သော ၁၉ နာရီ က

 

BAP၊ ဩဂုတ် ၁။

 

BAP က စုစည်းထားသည့် အချက်အလက်များအရ အာဏာသိမ်းပြီးနောက် ကရင်နီဒေသ တိုက်ပွဲများ တွင် ကျဆုံးသည့် Free Burma Rangers-  FBR တပ်ဖွဲ့ဝင် ၈ ဦး ရှိလာပြီဖြစ်သည်။

 

ကရင်နီ၌ ကျဆုံးသူများတွင် အမျိုးသမီးတပ်ဖွဲ့ဝင် ၂ ဦးလည်းပါဝင်သည်။

 

BAP ၏ စာရင်းအရ ကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်စဉ် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျဆုံးခဲ့ရသည့် Free Burma Ranger-FBR အဖွဲ့ဝင် စုစုပေါင်း ၁၈ ဦး ရှိလာပြီ ဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် ၂ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ၆ ဦး၊ ၂၀၂၃ တွင် ၅ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၃ ဦး တို့ဖြစ်သည်။

 

 FBR တပ်ဖွဲ့ဝင်တို့သည် ကရင်နီတွင် ၈ ဦး၊ ကရင်တွင် ၇ ဦးနှင့် ရှမ်းတွင် ၃ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

 

Free Burma Rangers အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူ များအား ကယ်ဆယ်ခြင်း၊ ဆေးကုသမှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့် အဖွဲ့ ဖြစ်သည်။

 

တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ဆယ်/ဆေးကုသစဥ် စစ်ကောင်စီ တပ်၏ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းစသည့် အကြောင်းအရင်းများ ကြောင့် FBR တပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသည်။

 

ပုံစာ - ကရင်ပြည်နယ်၊ ဖားဆောင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇွန်လ ၃၀  ရက်က ကျဆုံးခဲ့သည့် FBR တပ်ဖွဲ့ဝင် ဦးရယ် (ဝဲ)

 

ဓာတ်ပုံ-FBR

 

Burma Associated Press

 

 

အသတ်ခံရ
Free Burma Rangers

Share With
bap-logo