Local News
စစ်ကောင်စီ ရွေးကောက်ပွဲအတွက် ကူညီနေသည့် အုပ်ချုပ်ရေးမှူးအား STA တပ်ဖွဲ့တရားစီရင်
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၇
စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေး အားပေးကူညီနေသော ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး မော်စီ(ခ) ဝင်းကြည်ကို ပြည်သူ့ကိုယ်စား မြို့ပြလျှို့ဝှက်ပြောက်ကျားတပ်ဖွဲ့ -STA က တရားစီရင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။
ဦးမော်စီသည် စစ်ကောင်စီအလိုကျ နိုင်ငံနှင့်ပြည်သူအား သစ္စာဖောက်သည့်လုပ်ရပ်အဖြစ် တရားမဝင် ရွေးကောက်ပွဲတွင်ကူညီ၍ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သဖြင့် ၁၉၄၈ အက်ဥပဒေ အမှတ် ၁၄၊ ပုဒ်မ ၄ (၁) အရ တစ်သက်တစ်ကျွန်း (သို့) ထောင်ဒဏ် ဆယ်နှစ်အထိ ချမှတ်နိုင်သော်လည်း နောက်ဆုံးအကြိမ် သတိပေးချက်အနေဖြင့် အသက်ချမ်းသာခွင့်ပြုလိုက်ကြောင်း STA ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
“နိုင်ငံတော်သစ္စာဖောက် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေရဲ့ အလိုကျနိုင်ငံတော်သစ္စာဖောက်ပြီး တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီဆောင်ရွက်ပေးလို့ ပြည်သူ့ကိုယ်စား နိုင်ငံတော် ပုန်ကုန်ခြင်း ပြစ်မှုကျူးလွန်သူများနဲ့ ပံ့ပိုးကူညီသူအဖြစ် သတ်မှတ်တယ်။ STA မြို့ပြပြောက်ကျားတရားရုံးမှ ဒီစီရင်ချက်ကို ချမှတ်တယ် ” ဟု STA မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဦးက ဆိုသည်။
ထို့အပြင် အုပ်ချုပ်ရေးမှူး ဦးမော်စီကို နောက်ဆုံးသတိပေးချက်အနေဖြင့် အသက်ချမ်းသာခွင့်ပြုလိုက်ခြင်း ဖြစ်ပြီး တရားမဝင် ရွေးကောက်ပွဲအတွက် ဆက်လက်ပူးပေါင်းပါဝင်ပါက ဥပဒေ ပုဒ်မ ၁၄ ၄/ ၁ အရ သေဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ယင်းအပြင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းမပြုရန်နှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် ပံ့ပိုးကူညီခြင်းမပြုရန် ထုတ်ပြန်ထားပြီး ကူညီလုပ်ဆောင်ပါက ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း STA မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။
ဓာတ်ပုံ ။ STA
Top News
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၇ ရက် က
လွန်ခဲ့သော ၁၁ ရက် က