bap-logo
Politics

စစ်ကောင်စီတပ်နှင့် ပျူများက ထန်းပင်ကုန်းရွာကို နှစ်ရက်ဆက် မီးရှို့

2jdf-hcrVv8MsHQ9_7c8x-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ

 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ထန်းပင်ကုန်းကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း - ၃၆၈ နှင့် ပျူစောထီးများက ဇန်နဝါရီ ရက်က စတင်ပြီး နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

 

နှစ်ရက်ဆက်တိုက် မီးရှို့ခံရသည့် ထန်းပင်ကုန်းရွာ၏ ပျက်စီးဆုံးရှုံးမှုများကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

 

စစ်ကောင်စီတပ်သည် န်နဝါရီ ရက် နေ့လယ် နာရီခန့်တွင် ထန်းပင်ကုန်းရွာအတွင်း ပစ်ခတ်ဝင်ရောက် ပြီးနောက် ညနေ နာရီ ၁၅ မိနစ်ခန့်မှစ၍ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဇန်နဝါရီ ရက် နံနက် နာရီ ၄၀ မိနစ်တွင် ထန်းပင်ကုန်းရွာကို နောက်တစ်ကြိမ် ထပ်မံ မီးရှို့ ဖျက်ဆီးလျက်ရှိ‌ကြောင်း သိရသည်။

 

ထို့အပြင် ကျွန်းလှမြို့ အရှေ့ဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ ထွက်ခွာလာပြီးနောက် ထန်းပင်ကုန်းကျေးရွာနှင့် နှစ်မိုင်ခန့်ဝေးသည့် ကြာတကန်ရွာကို ယမန်နေ့တွင် ဝင်ရောက်စီးနင်းပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

 

အဆိုပါ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့တွင် အင်အား ၁၅၀ ခန့်ပါရှိကြောင်း သိရသည်။

 

Burma Associated Press

 

ကျွန်းလှ
စစ်ကိုင်း
စစ်တပ်
မီးရှို့ခံရ
အရပ်သား
အိမ်

Share With
bap-logo